Tuesday, November 19, 2019
လက်ရှိ စိုက်ပျိုးမြေ တစ်ဧကလျှင် ကြက်သွန်ဖြူ ပိဿာချိန်၁,၈၀၀ ခန့်သာ ထွက်ရှိသည်။ ဓာတ်ပုံ- ကေဇူး(AMIA)
နိုဝင်ဘာ  ၁၄
လက်ရှိ တရုတ်နိုင်ငံသည် ကြက်သွန်ဖြူ စိုက်ပျိုးမှုနှင့် ထွက်ရှိမှု အကောင်းဆုံးနိုင်ငံတစ်ခု ဖြစ်သကဲ့ သို့   မြန်မာနိုင်ငံသည် ကမ္ဘာ့တတိယမြောက် အများဆုံး ကြက်သွန်ဖြူစိုက် ဧက ၇ သိန်းကျော်ရှိကာ ရှမ်းပြည် နယ်(တောင်ပိုင်း) တွင် ကြက်သွန်ဖြူ စိုက်ဧက ၃၀,၀၀၀ နီးပါး စိုက်ပျိုးကြပြီး၊ တန်ချိန် ၉၀,၀၀၀ ကျော် ပိုလျှံ ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကြက်သွန်ဖြူကို သီတင်းကျွတ်၊ တန်ဆောင်မုန်း(အောက်တိုဘာလ၊ နိုဝင်ဘာလ) များတွင် စိုက်ပျိုးကြပြီး သက်တမ်း လေးလအကြာ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ထွက်ရှိကြ့ပီး စိုက်ပျိုးချိန်အပေါ် မူတည်ကာ မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလ ပတ်ဝန်းကျင် (ဧပြီလဆန်း)တွင်  ကြက်သွန်ဖြူ လှိုင်လှိုင် ထွက်လေ့ရှိကြောင်း သိရသည်။
လက်ရှိ ပြည်တွင်း၌ စိုက်ပျိုးနေသည့် ကြက်သွန်ဖြူမျိုးများမှာ  ထူး-၁၊ ထူး-၂၊ ထူး-၃၊ ထူး-၄၊ ထူး-၅ ဟူ ၍  အဆင့်ခွဲခြားကာ ဈေးကွက်အတွင်း ရောင်းဝယ်လျက်ရှိကာ မျိုးခြား ထူး-၁၊ ထူး-၂ တို့ကို  ဒေသတွင်းမှာသာ အရောင်းအ၀ယ်  ပြုလုပ်ကြပြီး ထူး-၃၊ ထူး-၄၊ ထူး-၅ တို့ကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရသည်။
Unicode
နိုဝင်ဘာ ၁၄
ပြည်တွင်း၌ စိုက်ပျိုးနေသည့် ကြက်သွန်ဖြူ မျိုးများမှာ အထွက်နှုန်း ကျဆင်းလာ၍ မျိုးစိတ်သစ်များ ပြောင်းလဲ စိုက်ပျိုးရန် လိုအပ်နေကြောင်း ကြက်သွန်ဖြူ စိုက်တောင်သူများက ပြောသည်။
“ အခု အိမ်နီးချင်း တရုတ်ရဲ့ တစ်ဧက အထွက်နှုန်းက ပိဿာချိန် လေးထောင်ကနေ ငါးထောင်အထိ ထွက် တယ်။ ဒီမှာက တစ်ဧက ပိဿာချိန် ၁,၈၀၀ ကျော်ပဲ ထွက်တော့ နှစ်ဆလောက် အထွက်နည်းနေတာ။ နောက် အရည်အသွေးပိုင်း ကျတော့လည်း မယှဉ်နိုင်ဘူး။ သူတို့ဆီမှာ စိုက်သလို နည်းစနစ်တကျနဲ့ မျိုးကောင်းမျိုးသန့် ရရှိပြီး စိုက်နိုင်မယ်ဆိုရင် တောင်သူလည်း အဆင်ပြေမယ်။ မြေအမျိုးအစားက မြန်မာကတောင် ပိုကောင်း ပေ မယ့် မျိုးမှာတော့ နောက်ကျကျန်နေတယ် ပြောလို့ရတယ်” ဟု ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့ရှိ ကြက်သွန်ဖြူစိုက် တောင်သူ ဦးဖြူလွင်က ပြောသည်။
လက်ရှိ တရုတ်နိုင်ငံသည် ကြက်သွန်ဖြူ စိုက်ပျိုးမှုနှင့် ထွက်ရှိမှု အကောင်းဆုံးနိုင်ငံတစ်ခု ဖြစ်သကဲ့ သို့ မြန်မာနိုင်ငံသည် ကမ္ဘာ့တတိယမြောက် အများဆုံး ကြက်သွန်ဖြူစိုက် ဧက ရ သိန်းကျော်ရှိကာ ရှမ်းပြည် နယ်(တောင်ပိုင်း) တွင် ကြက်သွန်ဖြူ စိုက်ဧက ၃၀,၀၀၀ နီးပါး စိုက်ပျိုးကြပြီး၊ တန်ချိန် ၉၀,၀၀၀ ကျော် ပိုလျှံ ကြောင်း သိရသည်။
“ တရုတ်က ကြက်သွန်ဖြူက ရတဲ့ငွေက တစ်နှစ်ကို ကန်ဒေါ်လာ ၃ဒသမ၁ ဘီလီယံ ရရှိတယ်။ ကမ္ဘာ့စျေး ကွက် တင်ပို့တဲ့ ၉၀ ရာခိုင်နှုန်းဟာ တရုတ်က ပို့တာဖြစ်တော့ တင်ပို့နိုင်တဲ့ တန်ချိန်ကလည်း ၁ဒသမ၈ မီလီယံ ရှိတော့ အဓိက က မျိုးစေ့ကောင်းသလို နည်းစနစ်လည်း ကောင်းတာကြောင့်ပါ” ဟု တောင်ကြီးရှိ ကြက်သွန်ဖြူ ကုန်သည် ဦးစိုင်းဖြိုးဝေက ပြောသည်။
မြန်မာနိုင်ငံတွင် ကြက်သွန်ဖြူကို သီတင်းကျွတ်၊ တန်ဆောင်မုန်း(အောက်တိုဘာလ၊ နိုဝင်ဘာလ) များတွင် စိုက်ပျိုးကြပြီး သက်တမ်း လေးလအကြာ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ထွက်ရှိကြြ့ပီး စိုက်ပျိုးချိန်အပေါ် မူတည်ကာ မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလ ပတ်ဝန်းကျင် (ဧပြီလဆန်း)တွင် ကြက်သွန်ဖြူ လှိုင်လှိုင် ထွက်လေ့ရှိကြောင်း သိရသည်။
လက်ရှိ ပြည်တွင်း၌ စိုက်ပျိုးနေသည့် ကြက်သွန်ဖြူမျိုးများမှာ ထူး-၁၊ ထူး-၂၊ ထူး-၃၊ ထူး-၄၊ ထူး-၅ ဟူ ၍ အဆင့်ခွဲခြားကာ စျေးကွက်အတွင်း ရောင်းဝယ်လျက်ရှိကာ မျိုးခြား ထူး-၁၊ ထူး-၂ တို့ကို ဒေသတွင်းမှာသာ အရောင်းအဝယ် ပြုလုပ်ကြပြီး ထူး-၃၊ ထူး-၄၊ ထူး-၅ တို့ကို ရန်ကုန်စျေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရ သည်။
Leave a comment