Thursday, September 19, 2019
ယခုနှစ်တွင် ပြည်ပသို့ ပျားရည် တန်ချိန် ၃,၀၀၀ ကျော်ထိ တင် ပို့ရောင်းနိုင်ရန် ခန့်မှန်းထားသည်။ ဓာတ်ပုံ- မှိုင်းဝေ(AMIA)
ဒီဇင်ဘာ   ၁၅
မြန်မာ့ပျားရည်အား ဂျပန်နိုင်ငံမှ တိုးမြှင့်ဝယ်ယူနေသဖြင့် လက်ရှိတွင် ပျားရည် တစ်တန်လျှင် အမေရိကန်ဒေါ် လာ ၁,၇၀၀ ခန့်အထိ ဈေးနှုန်းရရှိလာကြောင်း မန္တလေးတိုင်းဒေသကြီး ပျားလုပ်ငန်းရှင်များအသင်းမှ ဦးသက် ဇင်အောင်က ပြောသည်။
ယခင်နှစ်က ပျားရည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၃၀၀ မှ ၁,၅၀၀ ၀န်းကျင်ဈေးသာ ရရှိခဲ့ပြီး ယခုနှစ်​တွင် ပျားရည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၅၀၀ မှ ၁,၇၀၀ ခန့်အထိ ဈေးရရှိလာကြောင်း သိရှိရသည်။
ယခုနှစ်တွင် မြန်မာ့ပျားရည်အား ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်တို့မှ ဈေးပိုပေးကာ ၀ယ်ယူနေခြင်းဖြစ်ပြီး တရုတ်နိုင်ငံ ဘက်မှ ၀ယ်ယူမှုမှာ ပုံမှန်ရှိသော်လည်း၊ ကနေဒါနိုင်ငံမှ ၀ယ်ယူမှု လျော့နည်းလာကြောင်း သိရှိရသည်။
“ ဈေးပိုရတဲ့ အကြောင်းရင်းကတော့ အခုဂျပန်ကို ပျားရည် ပိုဝယ်လာတယ်။ သူတို့က ဈေးပိုပေးဝယ်တော့ ကျန်တဲ့နိုင်ငံတွေကပါ ဈေးပိုပေး ၀ယ်နေရတယ်။ ဒီနှစ်တော့ လုပ်ငန်းရှင်အကြီးကနေ၊ တစ်ပိုင်တစ်နိုင် ပျားလုပ် ငန်းရှင်တွေပါ ဈေးကောင်းရကြတယ်” ဟု မန္တလေးတိုင်းဒေသကြီး ပျားလုပ်ငန်းရှင်များအသင်း ဦးသက်ဇင် အောင်က ဆိုသည်။
ကနေဒါနိုင်ငံမှ ပျားရည်ဝယ်ယူမှု များပြားလာပါက ပျားရည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃,၀၀၀ မှ ၃,၅၀၀ ကြားထိ ဈေးရရှိခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် ဂျပန်နှင့် ထိုင်းနိုင်ငံများမှ မြန်မာ့ပျားရည်ကို ပိုမိုဝယ်ယူလာသည့်အတွက် ပြည်တွင်း၌လည်း ပျားရည် ဈေးနငန်းများ မြင့်တက်နေကြောင်း သိရှိရသည်။
လက်ရှိ ပြည်တွင်း၌ တစ်နှစ်လျှင် ပျားရည်ကို  တန်ချိန် ၇,၀၀၀ ခန့်အထိ ထုပ်လုပ်နိုင်ပြီး၊ ပြည်ပသို့ နှစ်စဉ် ပျား ရည် တန်ချိန် ၂,၄၀၀ ခန့် တင်ပို့ရောင်းချနိုင်သော်လည်း၊ ယခုနှစ်တွင် တန်ချိန် ၃,၀၀၀ ကျော်ထိ ပြည်ပသို့ တင် ပို့ရောင်းချနိုင်ခြေရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။
Unicode
ဒီဇင်ဘာ ၁၅
မြန်မာ့ပျားရည်အား ဂျပန်နိုင်ငံမှ တိုးမြှင့်ဝယ်ယူနေသဖြင့် လက်ရှိတွင် ပျားရည် တစ်တန်လျှင် အမေရိကန်ဒေါ် လာ ၁,၇၀၀ ခန့်အထိ စျေးနှုန်းရရှိလာကြောင်း မန္တလေးတိုင်းဒေသကြီး ပျားလုပ်ငန်းရှင်များအသင်းမှ ဦးသက် ဇင်အောင်က ပြောသည်။
ယခင်နှစ်က ပျားရည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၃၀၀ မှ ၁,၅၀၀ ၀န်းကျင်စျေးသာ ရရှိခဲ့ပြီး ယခုနှစ်တွင် ပျားရည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၅၀၀ မှ ၁,၇၀၀ ခန့်အထိ စျေးရရှိလာကြောင်း သိရှိရသည်။
ယခုနှစ်တွင် မြန်မာ့ပျားရည်အား ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်တို့မှ စျေးပိုပေးကာ ၀ယ်ယူနေခြင်းဖြစ်ပြီး တရုတ်နိုင်ငံ ဘက်မှ ၀ယ်ယူမှုမှာ ပုံမှန်ရှိသော်လည်း၊ ကနေဒါနိုင်ငံမှ ၀ယ်ယူမှု လျော့နည်းလာကြောင်း သိရှိရသည်။
“ စျေးပိုရတဲ့ အကြောင်းရင်းကတော့ အခုဂျပန်ကို ပျားရည် ပို၀ယ်လာတယ်။ သူတို့က စျေးပိုပေးဝယ်တော့ ကျန်တဲ့နိုင်ငံတွေကပါ စျေးပိုပေး ၀ယ်နေရတယ်။ ဒီနှစ်တော့ လုပ်ငန်းရှင်အကြီးကနေ၊ တစ်ပိုင်တစ်နိုင် ပျားလုပ် ငန်းရှင်တွေပါ စျေးကောင်းရကြတယ်” ဟု မန္တလေးတိုင်းဒေသကြီး ပျားလုပ်ငန်းရှင်များအသင်း ဦးသက်ဇင် အောင်က ဆိုသည်။
ကနေဒါနိုင်ငံမှ ပျားရည်ဝယ်ယူမှု များပြားလာပါက ပျားရည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃,၀၀၀ မှ ၃,၅၀၀ ကြားထိ စျေးရရှိခဲ့ကြောင်း သိရှိရသည်။
“ ကနေဒါက ၀ယ်ယူမှုရှိရင် ပျားရည်တစ်တန်ကို ဒီထက်တောင် စျေးပိုရသေးတယ်။ ကနေဒါနိုင်ငံက ၀ယ်ယူမှု အပိုင်းက အရင်ထက် နည်းလာပြီ။ ဂျပန်က မြန်မာ့ပျားရည်ကို ပိုဝယ်လာတယ်” ဟု ပျားလုပ်ငန်းရှင် ဦးရွှေဝင်း က ဆိုသည်။
လက်ရှိတွင် ဂျပန်နှင့် ထိုင်းနိုင်ငံများမှ မြန်မာ့ပျားရည်ကို ပိုမိုဝယ်ယူလာသည့်အတွက် ပြည်တွင်း၌လည်း ပျားရည် စျေးနငန်းများ မြင့်တက်နေကြောင်း သိရှိရသည်။
လက်ရှိ ပြည်တွင်း၌ တစ်နှစ်လျှင် ပျားရည်ကို တန်ချိန် ရ,၀၀၀ ခန့်အထိ ထုပ်လုပ်နိုင်ပြီး၊ ပြည်ပသို့ နှစ်စဉ် ပျား ရည် တန်ချိန် ၂,၄၀၀ ခန့် တင်ပို့ရောင်းချနိုင်သော်လည်း၊ ယခုနှစ်တွင် တန်ချိန် ၃,၀၀၀ ကျော်ထိ ပြည်ပသို့ တင် ပို့ရောင်းချနိုင်ခြေရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။
Leave a comment