Thursday, April 25, 2019

မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္သို႔ ၀င္ေရာက္လာသည့္ ဖရဲ၊ သခြား ကုန္ကားမ်ားအား ေတြ႕ရစဥ္။ ဓာတ္ပံု- ၀တ္ရည္မြန္(AMIA)

ရန္ကုန္၊    ဒီဇင္ဘာ ၂၈

ျမန္မာ- တရုတ္  အဓိကကုန္သြယ္ေရး လမ္းမႀကီးျဖစ္သည့္ ၾကဴကုတ္-ပန္ဆိုင္းလမ္းအား ျမန္မာႏိုင္ငံ၏ တရား ၀င္ပို႔ကုန္မ်ားအတြက္   တရုတ္ႏိုင္ငံဘက္မွ  ဒီဇင္ဘာလ ၂၈ရက္ေန႔ (ယေန႔) တြင္ ျပန္လည္ဖြင့္ေပးသြားမည္ ျဖစ္ေၾကာင္း မူဆယ္၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္မွ သတင္းရရွိသည္။

တရုတ္ႏိုင္ငံသို႔ ဖရဲ၊ သခြား အဓိကတင္ပို႔ေနေသာ က်င့္စန္းေက်ာ့ဂိတ္ေပါက္အား ဒီဇင္ဘာလ ၂၇ ရက္ေန႔က ဂိတ္ဖြင့္ခ်ိန္ မနက္ ၆ နာရီခြဲမွစတင္၍ လံုၿခံဳေရးအရ ျမန္မာဘက္မွ ကုန္တင္ကားအ၀င္မ်ားကို ပိတ္ထားခဲ့ သည္။

က်င္စန္းေက်ာ့ဂိတ္မွာ ျမန္မာႏိုင္ငံမွ သစ္သီးကားမ်ား တရုတ္ႏိုင္ငံ ၀မ္တိန္ကုန္ခ်ကြင္းသို႔ ၀င္ေရာက္၍ ေရာင္း ၀ယ္ေဖာက္ကားရာတြင္ အဓိကအသံုးျပဳေသာ ဂိတ္ျဖစ္သည္။ အဆိုပါဂိတ္အား ရုတ္တရတ္ ပိတ္လိုက္ျခင္း ေၾကာင့္ သစ္သီးကုန္ကားမ်ားမွာ ယင္းဂိတ္တြင္ စံုၿပံဳပိတ္ဆို႔ကာ ပုပ္သိုးကုန္မ်ားျဖစ္သည့္အတြက္ အေလ့အ လြင့္မ်ား ျဖစ္ေပၚ၍ ဆံုးရံူးနစ္နာမႈမ်ား ႀကံဳေတြ႕ေနရေၾကာင္း ကုန္သည္မ်ားက ဆိုသည္။

ယင္းႏွင့္ ပက္သက္၍ ႏွစ္ႏိုင္ငံတာ၀န္ရွိသူမ်ား ေဆြးေႏြးမႈအၿပီး က်င္စန္းေက်ာ့ဂိတ္အစား ယခင္ဂိတ္ေဟာင္း ၾကဴကုတ္- ပန္ဆိုင္းလမ္းဘက္မွ ညွိနႈိင္း၍ အေရးေပၚ သြားခြင့္ေပးခဲ့ျခင္းျဖစ္ေၾကာင္း မႈဆယ္သစ္သီး၀လံ ကုန္ စည္ဒိုင္၊ ဒုတိယဥကၠ႒ ဦးေအာင္သက္ဦးက ဆိုသည္။

 “ က်င္းစန္းေက်ာ့ကေတာ့ မဖြင့္ပါဘူး။ ဒီေန႔ ၃ နာရီထိုးေလာက္မွာ ႏွစ္ႏိုင္ငံ တာ၀န္ရွိသူေတြ အစည္းအေ၀း ပြဲၿပီးလို႔ မနက္ျဖန္ ၾကဴကုတ္-ပန္ဆိုင္းလမ္းကို ျပန္ဖြင့္ေပးလိုက္ပါတယ္။ ဒါက တရား၀င္ ကုန္သြယ္ေရးဇုန္ပါ။ ေ၀းလို႔ မသြားၾကတာ ၾကာၿပီ။ မုဒ္ဦးအသစ္လဲ လုပ္ေနေတာ့ ပိတ္ထားသလို ျဖစ္ေနတာပါ။ အဲဒီမုဒ္ဦးအသစ္ရဲ႕ အေရးေပၚ ျငမ္းစင္ႀကီးကို တရုတ္ဘက္က ျဖဳတ္ေပးသြားမွာပါ “ ဟု မႈဆယ္သစ္သီး၀လံ ကုန္စည္ဒိုင္ ဒုတိယ ဥကၠ႒ ဦးေအာင္သက္ဦးက ဆိုသည္။

အဆိုပါလမ္းပိုင္းမွ  ျမန္မာႏိုင္ငံ၏ တရား၀င္ပို႔ကုန္ အေရးႀကီးကုန္စည္ကားမ်ားကို ျဖတ္သန္းသြားလာခြင့္ ေပး သြားမည္ျဖစ္သည္။ ပိတ္မိေနေသာ ကားမ်ားအား ဦးစားေပး ေျဖရွင္းေပးသြားမည္ျဖစ္ၿပီး ေရာင္းကြင္းေပၚသို႔ ေရာက္ရွိေနေသာ ကားမ်ား ျပန္လည္ထြက္ခြာႏိုင္ေရးအတြက္လည္း ဆက္လက္ေျဖရွင္းေပးသြားမည္ျဖစ္ၿပီး၊ ဆက္လက္၍ အေရာင္းအ၀ယ္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လတ္တေလာ မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္တြင္  ေရာင္းခ်ၿပီး သစ္သီးကား အစီးေရ ၅၀၀ ခန္႔၊ ေရာင္း ခ်ရန္ ေစာင့္ဆိုင္းေနသည့္ သစ္သီးကား အစီးေရ  ၁,၀၀၀  ၀န္က်င္းခန္႔ထိရွိေၾကာင္း သိရသည္။

 

Unicode

ရန်ကုန်၊ ဒီဇင်ဘာ ၂၈


မြန်မာ- တရုတ် အဓိကကုန်သွယ်ရေး လမ်းမကြီးဖြစ်သည့် ကြူကုတ်-ပန်ဆိုင်းလမ်းအား မြန်မာနိုင်ငံ၏ တရား ၀င်ပို့ကုန်များအတွက် တရုတ်နိုင်ငံဘက်မှ ဒီဇင်ဘာလ ၂၈ရက်နေ့ (ယနေ့) တွင် ပြန်လည်ဖွင့်ပေးသွားမည် ဖြစ်ကြောင်း မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ သတင်းရရှိသည်။


တရုတ်နိုင်ငံသို့ ဖရဲ၊ သခွား အဓိကတင်ပို့နေသော ကျင့်စန်းကျော့ဂိတ်ပေါက်အား ဒီဇင်ဘာလ ၂၇ ရက်နေ့က ဂိတ်ဖွင့်ချိန် မနက် ၆ နာရီခွဲမှစတင်၍ လုံခြုံရေးအရ မြန်မာဘက်မှ ကုန်တင်ကားအဝင်များကို ပိတ်ထားခဲ့သည်။


ကျင်စန်းကျော့ဂိတ်မှာ မြန်မာနိုင်ငံမှ သစ်သီးကားများ တရုတ်နိုင်ငံ ၀မ်တိန်ကုန်ချကွင်းသို့ ၀င်ရောက်၍ ရောင်း ၀ယ်ဖောက်ကားရာတွင် အဓိကအသုံးပြုသော ဂိတ်ဖြစ်သည်။ အဆိုပါဂိတ်အား ရုတ်တရတ် ပိတ်လိုက်ခြင်း ကြောင့် သစ်သီးကုန်ကားများမှာ ယင်းဂိတ်တွင် စုံပြံုပိတ်ဆို့ကာ ပုပ်သိုးကုန်များဖြစ်သည့်အတွက် အလေ့အ လွင့်များ ဖြစ်ပေါ်၍ ဆုံးရူံးနစ်နာမှုများ ကြံုတွေ့နေရကြောင်း ကုန်သည်များက ဆိုသည်။


ယင်းနှင့် ပက်သက်၍ နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးမှုအပြီး ကျင်စန်းကျော့ဂိတ်အစား ယခင်ဂိတ်ဟောင်း ကြူကုတ်- ပန်ဆိုင်းလမ်းဘက်မှ ညှိနှိုင်း၍ အရေးပေါ် သွားခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း မှုဆယ်သစ်သီးဝလံ ကုန် စည်ဒိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်သက်ဦးက ဆိုသည်။


“ ကျင်းစန်းကျော့ကတော့ မဖွင့်ပါဘူး။ ဒီနေ့ ၃ နာရီထိုးလောက်မှာ နှစ်နိုင်ငံ တာဝန်ရှိသူတွေ အစည်းအဝေး ပွဲပြီးလို့ မနက်ဖြန် ကြူကုတ်-ပန်ဆိုင်းလမ်းကို ပြန်ဖွင့်ပေးလိုက်ပါတယ်။ ဒါက တရားဝင် ကုန်သွယ်ရေးဇုန်ပါ။ ဝေးလို့ မသွားကြတာ ကြာပြီ။ မုဒ်ဦးအသစ်လဲ လုပ်နေတော့ ပိတ်ထားသလို ဖြစ်နေတာပါ။ အဲဒီမုဒ်ဦးအသစ်ရဲ့ အရေးပေါ် ငြမ်းစင်ကြီးကို တရုတ်ဘက်က ဖြုတ်ပေးသွားမှာပါ “ ဟု မှုဆယ်သစ်သီးဝလံ ကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သက်ဦးက ဆိုသည်။


အဆိုပါလမ်းပိုင်းမှ မြန်မာနိုင်ငံ၏ တရားဝင်ပို့ကုန် အရေးကြီးကုန်စည်ကားများကို ဖြတ်သန်းသွားလာခွင့် ပေး သွားမည်ဖြစ်သည်။ ပိတ်မိနေသော ကားများအား ဦးစားပေး ဖြေရှင်းပေးသွားမည်ဖြစ်ပြီး ရောင်းကွင်းပေါ်သို့ ရောက်ရှိနေသော ကားများ ပြန်လည်ထွက်ခွာနိုင်ရေးအတွက်လည်း ဆက်လက်ဖြေရှင်းပေးသွားမည်ဖြစ်ပြီး၊ ဆက်လက်၍ အရောင်းအဝယ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


လတ်တလော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ရောင်းချပြီး သစ်သီးကား အစီးရေ ၅၀၀ ခန့်၊ ရောင်း ချရန် စောင့်ဆိုင်းနေသည့် သစ်သီးကား အစီးရေ ၁,၀၀၀ ၀န်ကျင်းခန့်ထိရှိကြောင်း သိရသည်။

 

Leave a comment