Thursday, April 25, 2019

မြန္ျပည္နယ္တြင္ ေရာ္ဘာ စိုက္ဧကေပါင္း ငါးသိန္းနီးပါးထိ ရွိသည္။ ဓာတ္ပံု- မွိဳင္းေ၀(AMIA)

ဒီဇင္ဘာ   ၂၉

၂၀၁၉ ခုႏွစ္ စက္တင္ဘာလမွ စတင္ကာ လယ္ယာေျမ ပိုင္ဆိုင္ခြင့္လက္မွတ္ ပံုစံ (၇) ရွိေသာ ေရာ္ဘာၿခံ တစ္ ဧကလွ်င္ က်ပ္တစ္သိန္းႏႈန္းျဖင့္၊ ၁၀ ဧကအထိ ထုတ္ေခ်းေပးႏိုင္ရန္ ျမန္မာ့လယ္ယာ ဖြံ႕ၿဖိဳးေရးဘဏ္ တာ၀န္ ရွိသူမ်ားႏွင့္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ထားေၾကာင္း မြန္ျပည္နယ္ရွိ ေရာ္ဘာလုပ္ငန္းရွင္မ်ားထံမွ သတင္းရရွိသည္။

အဆိုပါ ေခ်းေငြမ်ားကို ၂၀၂၀ ခုႏွစ္၊ မတ္လတြင္ ျပန္လည္ေေပးသြင္းရမည္ဟု သတ္မွတ္ထားၿပီး အဆိုပါ ေခ်းေငြျဖင့္ ႏွစ္ရွည္ေရာ္ဘာက႑ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားအတြက္ တစ္စိတ္တစ္ပိုင္း အေထာက္အကူ ျပဳလာႏုိင္ မည္ျဖစ္ေၾကာင္း မြန္ျပည္နယ္မွ ေရာ္ဘာလုပ္ငန္းရွင္ တစ္ဦးျဖစ္သူ ကိုထူးျမတ္က ေျပာသည္။

“ မြန္ျပည္နယ္ ေရာ္ဘာက႑ ဖြံ႕ၿဖိဳးတိုးတက္ေရး ေကာ္မတီကေန ေရာ္ဘာၿခံငယ္ပိုင္ရွင္ေတြ၊ လယ္ယာဖြံ႕ၿဖိဳး ေရးဘဏ္ တာ၀န္ရွိသူေတြနဲ႔ ေတြ႕ဆံုေဆြးေႏြးမႈေတြ ျပဳလုပ္ထားတယ္။ အဲ့ဒီမွာ ေဆြးေႏြးခ်က္ေတြကေန ဒီက႑ ဖြံ႕ၿဖိဳးဖို႔ လိုအပ္ေနတဲ့ အရင္းအႏွီးကို သက္ဆုိင္ရာဘဏ္ကေန ထုတ္ေခ်းေပးဖို႔နဲ႔ ေတာင္သူ တစ္ဦးခ်င္း ရဲ႕ ေခ်းေငြရရွိဖို႔ကို ေဆာင္ရြက္ေပးသြားမယ္လို႔လည္း သိရတယ္” ဟု ၎က ေျပာသည္။

လက္ရွိ မြန္ျပည္နယ္အတြင္း အရည္အေသြးမွီ ေရာ္ဘာျပားမ်ား ထုတ္လုပ္ေပးႏုိင္ေရး၊ မ်ိဳးႏွင့္ သုေတသန လုပ္ ငန္းမ်ား ဖြံ႕ၿဖိဳးေရးအတြက္ တိုးခ်ဲ႕ေဆာင္ရြက္ကာ နည္းပညာႏွင့္ ေငြေၾကး စသည့္ လိုအပ္ခ်က္ စိန္ေခၚမႈမ်ားကို ပူးေပါင္းေဆာင္သြားရြက္မည္ျဖစ္ေၾကာင္း မြန္ျပည္နယ္ ေရာ္ဘာက႑ဖြံ႕ၿဖိဳး တိုးတက္ေရးေကာ္မတီမွ သိရ သည္။

“ အခုအခါ ေရာ္ဘာ စိုက္ပ်ိဳးထုတ္လုပ္ေရးေတြဟာ နည္းပညာခ်ိဳ႕တဲ့မႈ ရွိေနတာရယ္ လုပ္သားရွားပါး ျပႆနာ ေတြေၾကာင့္ တိုးတက္သင့္သေလာက္ မတိုးတက္ဘူး ျဖစ္ေနတယ္။ ျမန္မာ့ေရာ္ဘာကို တရုတ္ႏိုင္ငံကုိ နယ္စပ္ ျဖတ္ေက်ာ္ကုန္ သြယ္ေရးနဲ႔ ပို႔ေဆာင္ေနတာအျပင္ ပင္လယ္ေရေၾကာင္းကေန တစ္ျခားႏိုင္ငံေတြကို တိုးခ်ဲ႕ တင္ပို႔ႏုိင္ဖို႔ ေစ်းကြက္သစ္ ရွာေဖြဖို႔လည္း လိုအပ္တယ္” ဟု မြန္ျပည္နယ္ရွိ ေရာ္ဘာၿခံပိုင္ရွင္ ကိုလင္းသက္က ေျပာသည္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ ေရာ္ဘာ တစ္ဧကလွ်င္ ေရာ္ဘာအေစး ပ်မ္းမွ်ေပါင္ ၇၀၀ ၀န္းက်င္သာ ထြက္ရွိၿပီး ႏွစ္ စဥ္ ျပည္ပသို႔ ေရာ္ဘာ တန္ခ်ိန္ ၁၃၀,၀၀၀ ၀န္းက်င္သာရွိ တင္ပို႔ႏိုင္ၿပီး အထြက္ႏႈန္းအေနျဖင့္ ႏုိင္ငံတကာႏွင့္ ႏိႈင္းယွဥ္ပါက နည္းပါးေနေသးေၾကာင္း သိရသည္။

လက္ရွိ ျမန္မာတစ္ႏိုင္ငံလံုးတြင္ ေရာ္ဘာ စိုက္ဧကေပါင္း ၁၆ သိန္းေက်ာ္ ရွိသည့္အနက္ မြန္ျပည္နယ္ တြင္ ေရာ္ဘာ စိုက္ဧက ငါးသိန္းနီးပါးထိ ရွိေၾကာင္း သိရသည္။

 

Unicode

ဒီဇင်ဘာ ၂၉


၂၀၁၉ ခုနှစ် စက်တင်ဘာလမှ စတင်ကာ လယ်ယာမြေ ပိုင်ဆိုင်ခွင့်လက်မှတ် ပုံစံ (၇) ရှိသော ရော်ဘာခြံ တစ် ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့်၊ ၁၀ ဧကအထိ ထုတ်ချေးပေးနိုင်ရန် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တာဝန် ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ထားကြောင်း မွန်ပြည်နယ်ရှိ ရော်ဘာလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။


အဆိုပါ ချေးငွေများကို ၂၀၂၀ ခုနှစ်၊ မတ်လတွင် ပြန်လည်ေပေးသွင်းရမည်ဟု သတ်မှတ်ထားပြီး အဆိုပါ ချေးငွေဖြင့် နှစ်ရှည်ရော်ဘာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တစ်စိတ်တစ်ပိုင်း အထောက်အကူ ပြုလာနိုင် မည်ဖြစ်ကြောင်း မွန်ပြည်နယ်မှ ရော်ဘာလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ကိုထူးမြတ်က ပြောသည်။
“ မွန်ပြည်နယ် ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကနေ ရော်ဘာခြံငယ်ပိုင်ရှင်တွေ၊ လယ်ယာဖွံ့ဖြိုး ရေးဘဏ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ထားတယ်။ အဲ့ဒီမှာ ဆွေးနွေးချက်တွေကနေ ဒီကဏ္ဍ ဖွံ့ဖြိုးဖို့ လိုအပ်နေတဲ့ အရင်းအနှီးကို သက်ဆိုင်ရာဘဏ်ကနေ ထုတ်ချေးပေးဖို့နဲ့ တောင်သူ တစ်ဦးချင်း ရဲ့ ချေးငွေရရှိဖို့ကို ဆောင်ရွက်ပေးသွားမယ်လို့လည်း သိရတယ်” ဟု ၎င်းက ပြောသည်။


လက်ရှိ မွန်ပြည်နယ်အတွင်း အရည်အသွေးမှီ ရော်ဘာပြားများ ထုတ်လုပ်ပေးနိုင်ရေး၊ မျိုးနှင့် သုတေသန လုပ် ငန်းများ ဖွံ့ဖြိုးရေးအတွက် တိုးချဲ့ဆောင်ရွက်ကာ နည်းပညာနှင့် ငွေကြေး စသည့် လိုအပ်ချက် စိန်ခေါ်မှုများကို ပူးပေါင်းဆောင်သွားရွက်မည်ဖြစ်ကြောင်း မွန်ပြည်နယ် ရော်ဘာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီမှ သိရသည်။


“ အခုအခါ ရော်ဘာ စိုက်ပျိုးထုတ်လုပ်ရေးတွေဟာ နည်းပညာချို့တဲ့မှု ရှိနေတာရယ် လုပ်သားရှားပါး ပြဿနာ တွေကြောင့် တိုးတက်သင့်သလောက် မတိုးတက်ဘူး ဖြစ်နေတယ်။ မြန်မာ့ရော်ဘာကို တရုတ်နိုင်ငံကို နယ်စပ် ဖြတ်ကျော်ကုန် သွယ်ရေးနဲ့ ပို့ဆောင်နေတာအပြင် ပင်လယ်ရေကြောင်းကနေ တစ်ခြားနိုင်ငံတွေကို တိုးချဲ့ တင်ပို့နိုင်ဖို့ စျေးကွက်သစ် ရှာဖွေဖို့လည်း လိုအပ်တယ်” ဟု မွန်ပြည်နယ်ရှိ ရော်ဘာခြံပိုင်ရှင် ကိုလင်းသက်က ပြောသည်။


လက်ရှိ မြန်မာနိုင်ငံတွင် ရော်ဘာ တစ်ဧကလျှင် ရော်ဘာအစေး ပျမ်းမျှပေါင် ရ၀၀ ၀န်းကျင်သာ ထွက်ရှိပြီး နှစ် စဉ် ပြည်ပသို့ ရော်ဘာ တန်ချိန် ၁၃၀,၀၀၀ ၀န်းကျင်သာရှိ တင်ပို့နိုင်ပြီး အထွက်နှုန်းအနေဖြင့် နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးကြောင်း သိရသည်။


လက်ရှိ မြန်မာတစ်နိုင်ငံလုံးတွင် ရော်ဘာ စိုက်ဧကပေါင်း ၁၆ သိန်းကျော် ရှိသည့်အနက် မွန်ပြည်နယ် တွင် ရော်ဘာ စိုက်ဧက ငါးသိန်းနီးပါးထိ ရှိကြောင်း သိရသည်။

Leave a comment