Wednesday, July 17, 2019

လက္ရွိတြင္ ေထာပတ္သီး အပါအ၀င္ သီးႏွံ ၅ မ်ိဳးအား တရုတ္ႏိုင္ငံ၏ AQSIQ စာရင္း၀င္ရန္ လုပ္ေဆာင္ေနသည္။ ဓာတ္ပံု- AMIA

ရန္ကုန္၊  ဇန္န၀ါရီ   ၁

ေထာပတ္သီးကို တရုတ္ႏိုင္ငံ၏  AQSIQ စာရင္းတြင္ ပါ၀င္လာေရးအတြက္ ပထမဦးစားေပး ေဆာင္ရြက္ေန ေၾကာင္း ျမန္မာႏိုင္ငံသစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္းရြက္ စိုက္ပ်ိဳးထုတ္လုပ္တင္ ပို႔ေရာင္းခ်သူမ်ားအ သင္းမွ သတင္းရရွိသည္။

AQSIQ သည္ တရုတ္ႏိုင္ငံတြင္းသို႔ ႏိုင္ငံတကာမွ တင္သြင္းမည့္ ဆန္၊ ေကာက္ပဲသီးႏွံႏွင့္ အျခားစားေသာက္ ကုန္၊ လူသံုးကုန္မ်ားအေပၚတြင္ အရည္အေသြး ႀကီးၾကပ္စစ္ေဆးေရးႏွင့္ အျခားႏိုင္ငံမ်ားမွ ေရာဂါပိုးမႊားမ်ား တ ရုတ္ႏိုင္ငံ အတြင္းသို႔ ၀င္ေရာက္မလာေစေရး၊ တရုတ္ႏိုင္ငံမွ သတ္မွတ္ထားေသာ အရည္အေသြး ျပည့္မီသည့္ ကုန္ပစၥည္းမ်ား ၀င္ေရာက္မလာေစေရးအတြက္ မႈ၀ါဒမ်ားျဖင့္ ထိန္းခ်ဳပ္ကန္႔သတ္သည့္ ဌာနျဖစ္သည္။

လက္ရွိတြင္ တရုတ္ႏုိင္ငံမွ တရား၀င္ တင္သြင့္ခြင့္ျပဳထားေသာ စာရင္း (AQSIQ) တြင္ မပါ၀င္သည့္ သီးႏွံ(၈)မ်ိဳး မွ တစ္သွ်ဴးငွက္ေပ်ာ၊ သံပုရာ၊ နာနတ္၊ ေထာပတ္၊ ကၽြဲေကာ စသည့္သစ္သီး၀လံ (၅) မ်ိဳး၏ Pest RiskAnalysis-(PRA) သတင္းအခ်က္အလက္ အေျဖမ်ားအား စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီး ဌာနမွ တရုတ္ႏိုင္ငံဘက္သို႔ ေပးပိုးထားၿပီးျဖစ္ေၾကာင္း သိရသည္။

“ PRA ေျဖၿပီး ျမန္မာႏိုင္ငံဘက္က တင္လိုက္တာက သီးႏွံ ၅ မ်ိဳးပါ။  ဒီဇင္ဘာလက မႈဆယ္မွာလုပ္တဲ့ နယ္ စပ္ကုန္သြယ္ေရး ေဆြးေႏြးပြဲမွာေတာ့ တရုတ္ဘက္က ဦးစားေပးတစ္မ်ိဳး၊ ႏွစ္မ်ိဳးပဲအရင္ လုပ္ေစခ်င္တယ္။ ျမန္ သြားေအာင္လို႔ဆိုေတာ့ ျမန္မာႏိုင္ငံဘက္က ေထာပတ္သီးေပါ့။ တရုတ္ကေတာ့ ငွက္ေပ်ာသီးကို လုပ္ေစခ်င္ တယ္။ ျမစ္ႀကီးနားတို႔၊ ဘာတို႔မွာ တရုတ္ႏိုင္ငံသားေတြ တရားမ၀င္ လာစိုက္ရင္းနဲ႔ သူတို႔ႏိုင္ငံထဲကို ယူနန္သီး ဆိုၿပီး ျပန္သယ္တာ။ ျမန္မာသီးဆိုရင္ သယ္ခြင့္မရွိေတာ့။ ဒါေၾကာင့္ သူတို႔က တရား၀င္ျဖစ္သြားေအာင္ ငွက္ ေပ်ာ ပါေစခ်င္တာ။ ဒါေပမယ့္ ျမန္မာႏိုင္ငံဘက္ကေတာ့ ဦးစားေပးဆိုရင္ ေထာပတ္သီးလို႔ ေျပာထားၾကတယ္” ဟု ျမန္မာႏိုင္ငံ သစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္းရြက္ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ား အသင္းမွ အေထြေထြအတြင္းေရးမွဴး ေဒၚစႏၵာမ်ိဳးက ေျပာဆိုသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံမွ စိုက္ပိ်ဳးထြက္ရွိသည့္ သီးႏွံမ်ားအနက္ တစ္သွ်ဴးငွက္ေပ်ာ၊ သံပုရာသီး၊ နာ နတ္သီး၊ ေထာ ပတ္သီး၊ ကၽြဲေကာသီး၊ ခ်ဥ္ေပါင္ဖာလာ၊ ေလွ်ာ္ျဖဴ(ေဆးကုလားမ) ႏွင့္ ၀ဥ စသည့္ သစ္သီး (၈) မ်ိဳးတို႔အား တရုတ္ႏုိင္ငံဘက္သို႔ လြတ္လပ္စြာ တရား၀င္တင္ပို႔ခြင့္ ရရွိႏိုင္ေရးအတြက္ ႏွစ္ ႏိုင္ငံတာ၀န္ရွိသူမ်ား ညွိႏႈိင္းေဆာင္ရြက္ေနျခင္း ျဖစ္သည္။

Pest RiskAnalysis-(PRA) သတင္းအခ်က္အလက္ အေျဖမ်ားအား ေပးပို႔ထား ၿပီးျဖစ္ရာ  တရုတ္ႏိုင္ငံ ဘက္မွ မၾကာမီ ကြင္းဆင္းစစ္ေဆးေရး လာေရာက္လုပ္ေဆာင္သြားမည္ျဖစ္ၿပီး၊ ခြင့္ျပဳခ်က္ ရရွိလာပါ က  တရုတ္ႏိုင္ငံ၏ ကုန္သြယ္ေရး ဂိတ္ေပါက္ ၂၀ ေက်ာ္မွ  တရား၀င္ ေရာင္း၀ယ္ခြင့္ ရလာႏိုင္မည္ဟု ၎ကဆိုသည္။

“ အဲလိုျဖစ္စဥ္အတြက္ နယူးဇီလန္လို ႏိုင္ငံေတာင္မွ ၅ ႏွစ္ လုပ္ရတယ္။ ျမန္မာကေတာ့ အထူးအခြင့္ အေရးနဲ႔ ရႏုိင္မွာပါ။ ႏိုင္ငံတကာ သီးႏွံပိုးမႊား ကာကြယ္ထိန္းခ်ဳပ္ေရး အဖြဲ႕အစည္းေတြရဲ႕ စည္းမ်ဥ္း ေတြအတိုင္း PRA F၀rm က ဘယ္ႏိုင္ငံမဆို ေလွ်ာက္ရတယ္။ ဥပမာ ျမန္မာကို ကုန္သြယ္ခ်င္ရင္ လည္း ျမန္မာကို သူတို႔ေလွ်ာက္ရမယ္။  ဘယ္လိုပိုးမႊားေတြ ရွိတယ္။ ဘယ္လိုမ်ိဳး ကုသေနတယ္၊ ဘယ္လိုအေျခအေန ရွိတယ္။ ဘာမ်ိဳးေတြ စိုက္တယ္၊ မ်ိဳးနဲ႔ ပက္သက္တဲ့ ေရာဂါေတြ ဘာရွိတယ္။ အဲဒီလိုမ်ိဳး ေမးခြန္းအခ်က္အလက္ေတြကို ျဖည့္ရတယ္။  အခုက ဒါမ်ိဳးစစ္ေဆးမႈေတြ မရွိပဲ  တရားမ ၀င္ သြင္းေနၾကလို႔ပါ။” ဟု ေဒၚစႏၵာမ်ိဳးက ဆိုသည္။

လက္ရွိ (AQSIQ) စာရင္း၀င္ တရား၀င္တင္ပို႔ခြင့္ ရရွိထားသည့္  သရက္၊ ဖရဲ၊ သခြားေမႊးႏွင့္ ဆီးခ်ဥ္ သီးတို႔မွာ ေရႊလီႏွင့္ တာလံုနယ္စပ္ဂိတ္ ႏွစ္ေပါက္မွသာ ျဖတ္သန္းခြင့္ ရရွိထားသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၁၂ ရက္ေန႔မွ ၁၆ ရက္ေန႔အထိ မူဆယ္တြင္ က်င္းပသည့္ တရုတ္- ျမန္မာ ခ်စ္ ၾကည္ေရးကုန္ စည္ျပပြဲတြင္လည္း တရုတ္ကုန္သည္မ်ားမွ ျမန္မာ့ေထာပတ္သီးကို စိတ္၀င္စားမႈ အမ်ားဆံုးရရိွခဲ့ၿပီး၊ ၀ယ္ယူရန္ ကမ္းလွမ္းမႈမ်ားလည္း ရွိခဲ့ေၾကာင္း သိရသည္။

 

Unicode

ရန်ကုန်၊ ဇန်နဝါရီ ၁


ထောပတ်သီးကို တရုတ်နိုင်ငံ၏ AQSIQ စာရင်းတွင် ပါ၀င်လာရေးအတွက် ပထမဦးစားပေး ဆောင်ရွက်နေ ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအ သင်းမှ သတင်းရရှိသည်။


AQSIQ သည် တရုတ်နိုင်ငံတွင်းသို့ နိုင်ငံတကာမှ တင်သွင်းမည့် ဆန်၊ ကောက်ပဲသီးနှံနှင့် အခြားစားသောက် ကုန်၊ လူသုံးကုန်များအပေါ်တွင် အရည်အသွေး ကြီးကြပ်စစ်ဆေးရေးနှင့် အခြားနိုင်ငံများမှ ရောဂါပိုးမွှားများ တ ရုတ်နိုင်ငံ အတွင်းသို့ ၀င်ရောက်မလာစေရေး၊ တရုတ်နိုင်ငံမှ သတ်မှတ်ထားသော အရည်အသွေး ပြည့်မီသည့် ကုန်ပစ္စည်းများ ၀င်ရောက်မလာစေရေးအတွက် မှုဝါဒများဖြင့် ထိန်းချုပ်ကန့်သတ်သည့် ဌာနဖြစ်သည်။


လက်ရှိတွင် တရုတ်နိုင်ငံမှ တရားဝင် တင်သွင့်ခွင့်ပြုထားသော စာရင်း (AQSIQ) တွင် မပါ၀င်သည့် သီးနှံ(၈)မျိုး မှ တစ်သျှူးငှက်ပျော၊ သံပုရာ၊ နာနတ်၊ ထောပတ်၊ ကျွဲကော စသည့်သစ်သီးဝလံ (၅) မျိုး၏ Pest RiskAnalysis-(PRA) သတင်းအချက်အလက် အဖြေများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ တရုတ်နိုင်ငံဘက်သို့ ပေးပိုးထားပြီးဖြစ်ကြောင်း သိရသည်။


“ PRA ဖြေပြီး မြန်မာနိုင်ငံဘက်က တင်လိုက်တာက သီးနှံ ၅ မျိုးပါ။ ဒီဇင်ဘာလက မှုဆယ်မှာလုပ်တဲ့ နယ် စပ်ကုန်သွယ်ရေး ဆွေးနွေးပွဲမှာတော့ တရုတ်ဘက်က ဦးစားပေးတစ်မျိုး၊ နှစ်မျိုးပဲအရင် လုပ်စေချင်တယ်။ မြန် သွားအောင်လို့ဆိုတော့ မြန်မာနိုင်ငံဘက်က ထောပတ်သီးပေါ့။ တရုတ်ကတော့ ငှက်ပျောသီးကို လုပ်စေချင် တယ်။ မြစ်ကြီးနားတို့၊ ဘာတို့မှာ တရုတ်နိုင်ငံသားတွေ တရားမဝင် လာစိုက်ရင်းနဲ့ သူတို့နိုင်ငံထဲကို ယူနန်သီး ဆိုပြီး ပြန်သယ်တာ။ မြန်မာသီးဆိုရင် သယ်ခွင့်မရှိတော့။ ဒါကြောင့် သူတို့က တရားဝင်ဖြစ်သွားအောင် ငှက် ပျော ပါစေချင်တာ။ ဒါပေမယ့် မြန်မာနိုင်ငံဘက်ကတော့ ဦးစားပေးဆိုရင် ထောပတ်သီးလို့ ပြောထားကြတယ်” ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်စန္ဒာမျိုးက ပြောဆိုသည်။


လက်ရှိတွင် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် သီးနှံများအနက် တစ်သျှူးငှက်ပျော၊ သံပုရာသီး၊ နာ နတ်သီး၊ ထော ပတ်သီး၊ ကျွဲကောသီး၊ ချဉ်ပေါင်ဖာလာ၊ လျှော်ဖြူ(ဆေးကုလားမ) နှင့် ၀ဥ စသည့် သစ်သီး (၈) မျိုးတို့အား တရုတ်နိုင်ငံဘက်သို့ လွတ်လပ်စွာ တရားဝင်တင်ပို့ခွင့် ရရှိနိုင်ရေးအတွက် နှစ် နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းဆောင်ရွက်နေခြင်း ဖြစ်သည်။
Pest RiskAnalysis-(PRA) သတင်းအချက်အလက် အဖြေများအား ပေးပို့ထား ပြီးဖြစ်ရာ တရုတ်နိုင်ငံ ဘက်မှ မကြာမီ ကွင်းဆင်းစစ်ဆေးရေး လာရောက်လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ခွင့်ပြုချက် ရရှိလာပါ က တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး ဂိတ်ပေါက် ၂၀ ကျော်မှ တရားဝင် ရောင်းဝယ်ခွင့် ရလာနိုင်မည်ဟု ၎င်းကဆိုသည်။

“ အဲလိုဖြစ်စဉ်အတွက် နယူးဇီလန်လို နိုင်ငံတောင်မှ ၅ နှစ် လုပ်ရတယ်။ မြန်မာကတော့ အထူးအခွင့် အရေးနဲ့ ရနိုင်မှာပါ။ နိုင်ငံတကာ သီးနှံပိုးမွှား ကာကွယ်ထိန်းချုပ်ရေး အဖွဲ့အစည်းတွေရဲ့ စည်းမျဉ်း တွေအတိုင်း PRA F၀rm က ဘယ်နိုင်ငံမဆို လျှောက်ရတယ်။ ဥပမာ မြန်မာကို ကုန်သွယ်ချင်ရင် လည်း မြန်မာကို သူတို့လျှောက်ရမယ်။ ဘယ်လိုပိုးမွှားတွေ ရှိတယ်။ ဘယ်လိုမျိုး ကုသနေတယ်၊ ဘယ်လိုအခြေအနေ ရှိတယ်။ ဘာမျိုးတွေ စိုက်တယ်၊ မျိုးနဲ့ ပက်သက်တဲ့ ရောဂါတွေ ဘာရှိတယ်။ အဲဒီလိုမျိုး မေးခွန်းအချက်အလက်တွေကို ဖြည့်ရတယ်။ အခုက ဒါမျိုးစစ်ဆေးမှုတွေ မရှိပဲ တရားမ ၀င် သွင်းနေကြလို့ပါ။” ဟု ဒေါ်စန္ဒာမျိုးက ဆိုသည်။

လက်ရှိ (AQSIQ) စာရင်းဝင် တရားဝင်တင်ပို့ခွင့် ရရှိထားသည့် သရက်၊ ဖရဲ၊ သခွားမွှေးနှင့် ဆီးချဉ် သီးတို့မှာ ရွှေလီနှင့် တာလုံနယ်စပ်ဂိတ် နှစ်ပေါက်မှသာ ဖြတ်သန်းခွင့် ရရှိထားသည်။


ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ မူဆယ်တွင် ကျင်းပသည့် တရုတ်- မြန်မာ ချစ် ကြည်ရေးကုန် စည်ပြပွဲတွင်လည်း တရုတ်ကုန်သည်များမှ မြန်မာ့ထောပတ်သီးကို စိတ်ဝင်စားမှု အများဆုံးရရှိခဲ့ပြီး၊ ၀ယ်ယူရန် ကမ်းလှမ်းမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

Leave a comment