Thursday, April 25, 2019

လက္ရွိ ျပည္တြင္းေစ်းကြက္တြင္ ျပည္ပမွ ၀င္ေရာက္လာသည့္ ကစြန္းဥမ်ားမွ ေနရာယူထားသည္။ ဓာတ္ပံု- အင္တာနက္

ဇန္န၀ါရီ   ၂

ျပည္တြင္း၌ ကစြန္းဥ စိုက္ပ်ိဳးမႈ ေလ်ာ့နည္းက်ဆင္းလာသည့္အတြက္ အထြက္ႏႈန္းေကာင္းသည့္ ကစြန္းဥမ်ိဳး မ်ားကို ေျပာင္းလဲစိုက္ပ်ိဳးႏိုင္ရန္ ရန္ကုန္တိုင္း ေဒသႀကီးအတြင္းမွ ေတာင္သူမ်ားအား ကြင္းဆင္းပညာေပးျခင္း မ်ား လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း တိုင္းေဒသႀကီး စိုက္ပ်ိဳးေရးဦးစီးဌာနမွ သတင္းရရွိသည္။

" ျပည္တြင္းက ထြက္တဲ့ ကန္စြန္းဥေတြက ေစ်းကြက္မရဘူး၊ အထြက္ႏႈန္း မ႐ွိဘူး။ ေတာင္သူေတြက ဥကန္စြန္း ကို ဖိရိုးဖလာမ်ိဳးေတြပဲ စိုက္ပ်ိဳးလာတဲ့အခါမွာ ျပည္ပက တင္သြင္းလာတဲ့ မ်ိဳးေတြက အထြက္ႏႈန္းအားျဖင့္လည္း သာတယ္။ ေစ်းကြက္မွာလည္း ေစ်းရတဲ့အေနအထား မရွိေတာ့တဲ့အခါ စိုက္ပ်ိဳးတဲ့က႑မွာပါ က်ဆင္းလာတဲ့ အေနအထား ႐ွိတယ္" ဟု ရန္ကုန္တိုင္းေဒသႀကီး စိုက္ပ်ိဳးေရးဦးစီးဌာန ေညာင္ႏွစ္ပင္ဥယ်ာဥ္ၿခံမွ ဦးစီးမွဴး ဦးေအာင္ေဌးက ေျပာသည္။

လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီးတြင္ ကန္စြန္းဥ အရည္အေသြးႏွင့္ အထြက္ႏႈန္း နည္းပါးလာၿပီး စိုက္ပ်ဳိးမႈမွာ လည္း သိသာစြာ ေလ်ာ့က်လာသည့္အတြက္ ေတာင္သူမ်ားကို စုစည္းကာ နည္းပညာပို႔ခ်မႈ သင္တန္းမ်ားကို အေထြေထြ သမဝါယမလီမိတက္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး စိုက္ပ်ိဳးေရးဦးစီးဌာနႏွင့္ ေညာင္ႏွစ္ပင္ ဥယ်ာဥ္ၿခံ တို႔ ပူးေပါင္းေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

" စီးပြားေရး လုပ္ငန္း႐ွင္ေတြနဲ႔ ေတာင္သူေတြပါတဲ့ ေဆြးေႏြးပြဲ က်င္းပဖို႔႐ွိတယ္။ ေတာင္သူေတြနဲ႔ ခ်ိတ္ဆက္ ေပးဖို႔႐ွိတယ္ ေတာင္သူေတြနဲ႔ တိုက္႐ိုက္ေတြ႕ဆံုတာေတြ လုပ္ဖို႔႐ွိတယ္။ လုပ္ငန္း႐ွင္ေတြက ဘယ္လိုခ်င္တာ လဲဆိုတာ ေျပာမယ္။ စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ကို ကြၽန္မတို႔က ကူညီသြားမွာပါ" ဟု အေထြေထြ သမဝါယမလီမိတက္မွ အေထြေထြအတြင္းေရးမွဴး ေဒၚသင္ဇာဝင္းျပည့္ေက်ာ္က ေျပာသည္။

ယင္းအျပင္ ဥကန္စြန္း မ်ိဳးရင္းအသစ္ စိုက္ပ်ိဳးနည္းစနစ္မ်ားအတြက္ သင္တန္းမ်ား ပို႔ခ်ျခင္းကို အေထြေထြ သ မဝါယမ လီမီတက္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး စိုက္ပ်ိဳးေရးဦးစီးဌာန၊ ေညာင္ႏွစ္ပင္ ဥယ်ာဥ္ၿခံတို႔ ပူးေပါင္းကာ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 

Unicode

ဇန်နဝါရီ ၂


ပြည်တွင်း၌ ကစွန်းဥ စိုက်ပျိုးမှု လျော့နည်းကျဆင်းလာသည့်အတွက် အထွက်နှုန်းကောင်းသည့် ကစွန်းဥမျိုး များကို ပြောင်းလဲစိုက်ပျိုးနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ တောင်သူများအား ကွင်းဆင်းပညာပေးခြင်း များ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။


" ပြည်တွင်းက ထွက်တဲ့ ကန်စွန်းဥတွေက စျေးကွက်မရဘူး၊ အထွက်နှုန်း မရှိဘူး။ တောင်သူတွေက ဥကန်စွန်း ကို ဖိရိုးဖလာမျိုးတွေပဲ စိုက်ပျိုးလာတဲ့အခါမှာ ပြည်ပက တင်သွင်းလာတဲ့ မျိုးတွေက အထွက်နှုန်းအားဖြင့်လည်း သာတယ်။ စျေးကွက်မှာလည်း စျေးရတဲ့အနေအထား မရှိတော့တဲ့အခါ စိုက်ပျိုးတဲ့ကဏ္ဍမှာပါ ကျဆင်းလာတဲ့ အနေအထား ရှိတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညောင်နှစ်ပင်ဥယျာဉ်ခြံမှ ဦးစီးမှူး ဦးအောင်ဌေးက ပြောသည်။


လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ကန်စွန်းဥ အရည်အသွေးနှင့် အထွက်နှုန်း နည်းပါးလာပြီး စိုက်ပျိုးမှုမှာ လည်း သိသာစွာ လျော့ကျလာသည့်အတွက် တောင်သူများကို စုစည်းကာ နည်းပညာပို့ချမှု သင်တန်းများကို အထွေထွေ သမဝါယမလီမိတက်နှင့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် ညောင်နှစ်ပင် ဥယျာဉ်ခြံ တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


" စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တောင်သူတွေပါတဲ့ ဆွေးနွေးပွဲ ကျင်းပဖို့ရှိတယ်။ တောင်သူတွေနဲ့ ချိတ်ဆက် ပေးဖို့ရှိတယ် တောင်သူတွေနဲ့ တိုက်ရိုက်တွေ့ဆုံတာတွေ လုပ်ဖို့ရှိတယ်။ လုပ်ငန်းရှင်တွေက ဘယ်လိုချင်တာ လဲဆိုတာ ပြောမယ်။ စာချုပ် ချုပ်ဆိုဖို့ကို ကျွန်မတို့က ကူညီသွားမှာပါ" ဟု အထွေထွေ သမဝါယမလီမိတက်မှ အထွေထွေအတွင်းရေးမှူး ဒေါ်သင်ဇာဝင်းပြည့်ကျော်က ပြောသည်။


ယင်းအပြင် ဥကန်စွန်း မျိုးရင်းအသစ် စိုက်ပျိုးနည်းစနစ်များအတွက် သင်တန်းများ ပို့ချခြင်းကို အထွေထွေ သ မဝါယမ လီမီတက်နှင့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညောင်နှစ်ပင် ဥယျာဉ်ခြံတို့ ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a comment