Wednesday, July 17, 2019

လက္ရွိ မူဆယ္တြင္ တရုတ္အစိုးရ၏ တရားမ၀င္ကုန္သြယ္မႈ တားဆီးထိန္းခ်ဳပ္မႈ စီမံခ်က္ေၾကာင့္ ဆန္၊ ဖရဲႏွင့္ ေျပာင္းတင္ပို႔မႈတို႔မွာ က်ဆင္းလွ်က္ရွိသည္။ ဓာတ္ပံု- ေကဇူး(AMIA)

ရန္ကုန္၊   ဇန္န၀ါရီ   ၈

 

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ သံုးလတာကာလအတြင္း လယ္ယာထြက္ကုန္ ျပည္ပတင္ပို႔မႈမွ ရရွိသည့္ ပို႔ကုန္၀င္ ေငြမွာ ယမန္ႏွစ္ကာလတူႏွင့္ ႏႈိင္းယွဥ္လွ်င္ အေမရိကန္ေဒၚလာ ၇ သန္းနီးပါး ပိုမိုရရွိထားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ ေရး၀န္ႀကီးဌာနမွ ထုတ္ျပန္သည့္ ကုန္သြယ္မႈဆိုင္ရာ စာရင္းမ်ားအရ သိရသည္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အစ ေအာက္တိုဘာလ ၁ ရက္ေန႔မွ ဒီဇင္ဘာလ ၂၈ ရက္ေန႔အထိ လယ္ယာထြက္ ကုန္ပစၥည္း ျပည္ပတင္ပို႔မႈမွ ပို႔ကုန္၀င္ေငြ အေမရိကန္ေဒၚလာ ၇၁၆ သန္းေက်ာ္ ရရွိထားၿပီး၊ ယခင္ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ ကာလတူအခ်ိန္က ပို႔ကုန္၀င္ေငြ အေမရိကန္ေဒၚလာ ၇၀၉ သန္းေက်ာ္သာ ရရွိခဲ့သည္။

လတ္လေလာ အေနအထားတြင္  တရုတ္အစိုးရမွ ဆန္၊ ေျပာင္း အပါအ၀င္ နယ္စပ္မွတင္ပို႔ေနသည့္ ျမန္မာ့ ပို႔ကုန္ပစၥည္းမ်ားကို ကန္႔သတ္ပိတ္ပင္ထားေသာ္လည္း ယခုဘ႑ာႏွစ္အစတြင္ အိႏိၵယႏိုင္ငံသို႔ ပဲ အမ်ိဳးမ်ိဳး တင္ပို႔ႏိုင္မႈမွာ ယမန္ႏွစ္ကာလတူထက္ ျမင့္တက္လာျခင္းႏွင့္ ပင္လယ္ေရေၾကာင္းမွ ဆန္တင္ပို႔မႈ ျမင့္တက္ လာျခင္းတို႔ေၾကာင့္ျဖစ္သည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန လက္ေထာက္အတြင္း၀န္ ဦးခင္ေမာင္လြင္က ဆိုသည္။

“ အိႏၵိယကို ပဲ တင္ပို႔မႈက ယမန္ႏွစ္နဲ႔ ယွဥ္ရင္ ပိုမ်ားလာတဲ့အတြက္ေၾကာင့္မို႔ပါ ႏွစ္လေက်ာ္ ကာလ သံုး လနီးပါး ကာလမွာပဲ ပဲေတြတန္ခ်ိန္ ၂ သိန္း၀န္းက်င္ေလာက္ ပဲမ်ိဳးစံုက ပိုတင္ပို႔လာႏိုင္တဲ့ အေနအထားရွိလာ တယ္။ ၿပီးေတာ့ ယေန႔အခါေတြက ပင္လယ္ေရေၾကာင္းကေန ဆန္တင္မို႔မႈေတြက တိုးတက္လာတဲ့ အေနအ ထားမွာ ရွိလာတယ္၊ ႏိုင္ငံျခားပို႔ကုန္မွာ လယ္ယာထြက္ကုန္ပစၥည္း တင္ပို႔မႈ ျမင့္တက္လာတာ အဲ့တာေတြ ေၾကာင့္ ပါတာေပါ့ “ ဟု ၎က ဆိုသည္။

ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လအတြင္းက အိႏၵိယႏိုင္ငံတြင္ ပဲစိုက္ပ်ိဳးထြက္ရွိမႈ စံခ်ိန္တင္ ပိုလွ်ံသည့္ အေန အထားသို႔ ေရာက္ရွိေနသည့္အတြက္ အိႏိၵယေတာင္သူမ်ား၏ အက်ိဳးစီးပြားကို ကာကြယ္သည့္အေနျဖင့္ အိႏိၵယ အစိုးရမွ ျမန္မာႏိုင္ငံအပါအ၀င္ ျပည္ပမွ ပဲ၀ယ္ယူတင္သြင္းမႈကို တန္ခ်ိန္ကန္႔သတ္ခဲ့သည္။

 ယင္ကဲ့သို႔ တင္သြင္းမႈပမာဏ ကန္႔သတ္လိုက္သျဖင့္ ျပည္တြင္းတြင္ မတ္ပဲႏွင့္ ပဲစဥ္းငံု ေစ်းႏႈန္းမ်ားမွာ စိုက္ပ်ိဳး ထုတ္လုပ္မႈ ကုန္က်စရိတ္၀န္းက်င္သို႔ ေရာက္ရွိခဲ့ရသည္။

သို႔ေသာ္ လက္ရွိတြင္ အိႏၵိယႏိုင္ငံမွ ပဲ လိုခ်က္ေၾကာင့္  ျပန္လည္၀ယ္လိုအား မ်ားလာျခင္းေၾကာင့္ ပို႔ကုန္၀င္ေငြ မ်ားလဲ ျမင့္တက္ခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္ ယခုႏွစ္ ေအာက္တိုဘာလဆန္းပိုင္းက စတင္ခဲ့ေသာ တရုတ္အစိုးရ၏ တရားမ၀င္ကုန္သြယ္မႈ တား ဆီးထိန္းခ်ဳပ္မႈ စီမံခ်က္ေၾကာင့္  ဆန္၊ ဖရဲႏွင့္ ေျပာင္းတင္ပို႔မႈတို႔မွာ က်ဆင္းလွ်က္ရွိသည္။

 

Unicode

ရန်ကုန်၊ ဇန်နဝါရီ ၈

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှုမှ ရရှိသည့် ပို့ကုန်ဝင် ငွေမှာ ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် အမေရိကန်ဒေါ်လာ ရ သန်းနီးပါး ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အစ အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ လယ်ယာထွက် ကုန်ပစ္စည်း ပြည်ပတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ရ၁၆ သန်းကျော် ရရှိထားပြီး၊ ယခင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကာလတူအချိန်က ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ရ၀၉ သန်းကျော်သာ ရရှိခဲ့သည်။

လတ်လလော အနေအထားတွင် တရုတ်အစိုးရမှ ဆန်၊ ပြောင်း အပါအဝင် နယ်စပ်မှတင်ပို့နေသည့် မြန်မာ့ ပို့ကုန်ပစ္စည်းများကို ကန့်သတ်ပိတ်ပင်ထားသော်လည်း ယခုဘဏ္ဍာနှစ်အစတွင် အိန္ဒိယနိုင်ငံသို့ ပဲ အမျိုးမျိုး တင်ပို့နိုင်မှုမှာ ယမန်နှစ်ကာလတူထက် မြင့်တက်လာခြင်းနှင့် ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့မှု မြင့်တက် လာခြင်းတို့ကြောင့်ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဆိုသည်။

“ အိန္ဒိယကို ပဲ တင်ပို့မှုက ယမန်နှစ်နဲ့ ယှဉ်ရင် ပိုများလာတဲ့အတွက်ကြောင့်မို့ပါ နှစ်လကျော် ကာလ သုံး လနီးပါး ကာလမှာပဲ ပဲတွေတန်ချိန် ၂ သိန်းဝန်းကျင်လောက် ပဲမျိုးစုံက ပိုတင်ပို့လာနိုင်တဲ့ အနေအထားရှိလာ တယ်။ ပြီးတော့ ယနေ့အခါတွေက ပင်လယ်ရေကြောင်းကနေ ဆန်တင်မို့မှုတွေက တိုးတက်လာတဲ့ အနေအ ထားမှာ ရှိလာတယ်၊ နိုင်ငံခြားပို့ကုန်မှာ လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှု မြင့်တက်လာတာ အဲ့တာတွေ ကြောင့် ပါတာပေါ့ “ ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက အိန္ဒိယနိုင်ငံတွင် ပဲစိုက်ပျိုးထွက်ရှိမှု စံချိန်တင် ပိုလျှံသည့် အနေ အထားသို့ ရောက်ရှိနေသည့်အတွက် အိန္ဒိယတောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်သည့်အနေဖြင့် အိန္ဒိယ အစိုးရမှ မြန်မာနိုင်ငံအပါအဝင် ပြည်ပမှ ပဲဝယ်ယူတင်သွင်းမှုကို တန်ချိန်ကန့်သတ်ခဲ့သည်။

ယင်ကဲ့သို့ တင်သွင်းမှုပမာဏ ကန့်သတ်လိုက်သဖြင့် ပြည်တွင်းတွင် မတ်ပဲနှင့် ပဲစဉ်းငုံ စျေးနှုန်းများမှာ စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်ဝန်းကျင်သို့ ရောက်ရှိခဲ့ရသည်။

သို့သော် လက်ရှိတွင် အိန္ဒိယနိုင်ငံမှ ပဲ လိုချက်ကြောင့် ပြန်လည်ဝယ်လိုအား များလာခြင်းကြောင့် ပို့ကုန်ဝင်ငွေ များလဲ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုနှစ် အောက်တိုဘာလဆန်းပိုင်းက စတင်ခဲ့သော တရုတ်အစိုးရ၏ တရားမဝင်ကုန်သွယ်မှု တား ဆီးထိန်းချုပ်မှု စီမံချက်ကြောင့် ဆန်၊ ဖရဲနှင့် ပြောင်းတင်ပို့မှုတို့မှာ ကျဆင်းလျှက်ရှိသည်။

 

Leave a comment