Tuesday, November 19, 2019

လက္ရွိ ႀကံခုတ္ရာသီ အစတြင္ ႀကံ တစ္တန္လွ်င္ စက္ရုံအေရာက္ က်ပ္ ၄၅,၀၀၀ ခန္႔ေစ်းျဖင့္ ေရာင္းခ်ေနသည္။ ဓာတ္ပံု- AMIA

ဇန္န၀ါရီ    ၁၄

ႀကံခုတ္ ရာသီခ်ိန္အတြင္း စက္ရုံမ်ားမွ လက္ခံ၀ယ္ယူႏုိင္သည့္ ပမာဏထက္ ပိုမိုမ်ားျပားလာပါက ရက္အနည္း ငယ္ေစာင့္ဆုိင္း ေရာင္းခ်ရသည့္အတြက္ အေလးခ်ိန္ ေလ်ာ့နည္းက်ဆင္းလာမႈေၾကာင့္ နစ္နာေနရေၾကာင္း ႀကံ စိုက္ေတာင္သူမ်ားက  ဆိုသည္။

လက္ရွိ ႀကံခုတ္ရာသီ အစတြင္ ႀကံ တစ္တန္လွ်င္ စက္ရုံအေရာက္ က်ပ္ ၄၅,၀၀၀ ခန္႔ေစ်းျဖင့္ ေရာင္းခ်ေနရၿပီး အခ်ိဳ႕စက္ရုံမ်ားမွ သယ္ယူစရိတ္အျဖစ္ တစ္တန္လွ်င္ က်ပ္ ၁,၀၀၀ ခန္႔ ပိုေပး၀ယ္ယူမႈမ်ားလည္း ရွိေၾကာင္း သိ ရသည္။

“ ေတာင္သူေတြက အၿပိဳင္အဆိုင္ ခုတ္ယူတဲ့အခါျဖစ္ျဖစ္ စက္နဲ႔ ျဖတ္ယူၿပီးရင္ အနီးစပ္ဆံုး စက္ရုံေတြကို ေရာင္းခ်ၾကတယ္။ ဒီအခ်ိန္ တန္ခ်ိန္ ပမာဏမ်ားလာရင္ ကတၱားခ်ိန္ဖို႔ အခ်ိန္ယူရေတာ့ ေန႔စဥ္အလိုက္ ေလ်ာ့ခ် ၀ယ္ယူတာ လုပ္တယ္။ ဒီအခ်ိန္ ခုတ္ႀကံေတြ စုၿပံဳတဲ့အခါ ကတၱားခ်ိန္ႏုိင္ဖို႔ ေစာင့္ဆိုင္းရတဲ့ ရက္ၾကာေလ တန္ ခ်ိန္ ေလ်ာ့နည္းေလပဲ။ ႀကံစိုက္ေတာင္သူအေနနဲ႔ စက္ရုံေတြကို အဓိကေရာင္းရတာဆိုေတာ့ စက္ရုံက ၀ယ္မွ သာ စိတ္ခ်ရမွာ။ ဒါေၾကာင့္ သၾကားႀကိတ္ခြဲ စက္ရုံေတြ မ်ားမ်ားရွိဖို႔ လိုအပ္တယ္”ဟု ေရတာရွည္ၿမိဳ႕နယ္ရွိ ႀကံ စိုက္ေတာင္သူ တစ္ဦးျဖစ္သူ ဦးကိုလြင္က ေျပာသည္။

သၾကားစက္ရုံမ်ား အခိုင္အမာရွိၿပီး ႀကံစိုက္ေတာင္သူမ်ား၏ လိုအပ္ခ်က္အား ျဖည့္ဆည္းေပးႏုိင္ပါက ႀကံ၊ သ ၾကား စိုက္ပ်ိဳးထုတ္လုပ္မႈက႑မွာ ပိုမိုဖြံ႕ၿဖိဳးလာမည္ျဖစ္ၿပီး စိုက္ပ်ိဳးဧက မ်ားျပားလာမည္ ျဖစ္ေၾကာင္း ေတာင္ သူမ်ားက ဆိုသည္။

လက္ရွိ ႀကံသီးႏွံကို စတင္စိုက္ပ်ိဳးရာတြင္လည္း ပထမႏွစ္၌ အထြက္ႏႈန္းနည္း၍ အရင္းေၾကရုံသာ ျပန္လည္ရ ရွိၿပီး ဒုတိယႏွစ္ ထပ္မံစိုက္မွသာ အထြက္ႏႈန္းတိုး၍ အျမတ္ရရွိေၾကာင္း သိရသည္။

“ ႀကံတစ္ဧကို တန္ ၂၀ ထြက္တဲ့သူေတြ ရွိသလို ၁၄ တန္၊ ၁၆ တန္ေလာက္ ထြက္တာလည္းရွိတယ္။ ကုန္သည္ ေတြက သၾကားေစ်းအေပၚ မူဆည္ၿပီး ႀကံေစ်းကို ျဖတ္၀ယ္တာဆိုေတာ့ ေစ်းကြက္က မၿငိမ္ဘူး” ဟု ေနျပည္ ေတာ္၊ တပ္ကုန္းရွိ ႀကံစိုက္ေတာင္သူ ဦးေက်ာ္ဆန္းက ေျပာသည္။

လက္ရွိတြင္ ႏုိင္ငံေတာ္မွ ႀကံစိုက္ေတာင္သူမ်ားအား စိုက္စရိတ္ေခ်းေငြအျဖစ္  ႀကံ တစ္ဧကလွ်င္ က်ပ္ တစ္ သိန္းႏႈန္းျဖင့္ ၁၀ ဧကလွ်င္ က်ပ္ ၁၀ သိန္းႏႈန္း ထုတ္ေခ်းေပးေနေသာ္လည္း စိုက္ပ်ိဳးစရိတ္ လံုေလာက္မႈ မရွိ ေၾကာင္း သိရသည္။

“ ဒီႏွစ္ ႀကံေစ်းႏႈန္းက ေနရာေဒသအလုိက္ေတာ့ နည္းနည္းေတာ့ ကြဲမယ္။ သယ္ယူပို႔ေဆာင္ေရး ခက္ခဲတဲ့ ေနရာဆိုရင္ တစ္တန္ေစ်းႏႈန္း ပိုေပးတာမ်ိဳးေပါ့ ” ဟု ျမန္မာႏုိင္ငံသၾကားႏွင့္ ႀကံထြက္ပစၥည္း လုပ္ငန္းရွင္မ်ား အသင္းဒုတိယဥကၠဌ ဦး၀င္းေဌးက ေျပာသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ျပည္တြင္းႀကံ စိုက္ပ်ဳိးထုတ္လုပ္မႈမွာ ဧက ၄ သိန္းေက်ာ္ရွိၿပီး ႏွစ္စဥ္ပ်မ္းမွ် ႀကံတန္ခ်ိန္ ၁၀ သန္းေက်ာ္ ထြက္ရွိေၾကာင္း သိရသည္။

လက္ရွိ ျပည္တြင္း၌ သၾကားစက္႐ံု ၂၂ ႐ံုမွ ႏွစ္စဥ္ သၾကားျဖဴ၊ သၾကားညိဳ တန္ခ်ိန္ ၂ဒသမ၄ သိန္းမွ ၃ သိန္း အထိ ထုတ္လုပ္ႏိုင္ေသာ္လည္း ျပည္တြင္းစားသံုးမႈ မလံုေလာက္ျခင္းေၾကာင့္ ျပည္ပမွ ႏွစ္စဥ္တန္ခ်ိန္ ေလး သိန္းခန္႔ တင္သြင္းေနရေၾကာင္း သိရသည္။

 

Unicode

ဇန်နဝါရီ ၁၄


ကြံခုတ် ရာသီချိန်အတွင်း စက်ရုံများမှ လက်ခံဝယ်ယူနိုင်သည့် ပမာဏထက် ပိုမိုများပြားလာပါက ရက်အနည်း ငယ်စောင့်ဆိုင်း ရောင်းချရသည့်အတွက် အလေးချိန် လျော့နည်းကျဆင်းလာမှုကြောင့် နစ်နာနေရကြောင်း ကြံ စိုက်တောင်သူများက ဆိုသည်။


လက်ရှိ ကြံခုတ်ရာသီ အစတွင် ကြံ တစ်တန်လျှင် စက်ရုံအရောက် ကျပ် ၄၅,၀၀၀ ခန့်စျေးဖြင့် ရောင်းချနေရပြီး အချို့စက်ရုံများမှ သယ်ယူစရိတ်အဖြစ် တစ်တန်လျှင် ကျပ် ၁,၀၀၀ ခန့် ပိုပေးဝယ်ယူမှုများလည်း ရှိကြောင်း သိရသည်။


“ တောင်သူတွေက အပြိုင်အဆိုင် ခုတ်ယူတဲ့အခါဖြစ်ဖြစ် စက်နဲ့ ဖြတ်ယူပြီးရင် အနီးစပ်ဆုံး စက်ရုံတွေကို ရောင်းချကြတယ်။ ဒီအချိန် တန်ချိန် ပမာဏများလာရင် ကတ္တားချိန်ဖို့ အချိန်ယူရတော့ နေ့စဉ်အလိုက် လျော့ချ ၀ယ်ယူတာ လုပ်တယ်။ ဒီအချိန် ခုတ်ကြံတွေ စုပြုံတဲ့အခါ ကတ္တားချိန်နိုင်ဖို့ စောင့်ဆိုင်းရတဲ့ ရက်ကြာလေ တန် ချိန် လျော့နည်းလေပဲ။ ကြံစိုက်တောင်သူအနေနဲ့ စက်ရုံတွေကို အဓိကရောင်းရတာဆိုတော့ စက်ရုံက ၀ယ်မှ သာ စိတ်ချရမှာ။ ဒါကြောင့် သကြားကြိတ်ခွဲ စက်ရုံတွေ များများရှိဖို့ လိုအပ်တယ်”ဟု ရေတာရှည်မြို့နယ်ရှိ ကြံ စိုက်တောင်သူ တစ်ဦးဖြစ်သူ ဦးကိုလွင်က ပြောသည်။


သကြားစက်ရုံများ အခိုင်အမာရှိပြီး ကြံစိုက်တောင်သူများ၏ လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ပါက ကြံ၊ သ ကြား စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍမှာ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပြီး စိုက်ပျိုးဧက များပြားလာမည် ဖြစ်ကြောင်း တောင် သူများက ဆိုသည်။


လက်ရှိ ကြံသီးနှံကို စတင်စိုက်ပျိုးရာတွင်လည်း ပထမနှစ်၌ အထွက်နှုန်းနည်း၍ အရင်းကြေရုံသာ ပြန်လည်ရ ရှိပြီး ဒုတိယနှစ် ထပ်မံစိုက်မှသာ အထွက်နှုန်းတိုး၍ အမြတ်ရရှိကြောင်း သိရသည်။


“ ကြံတစ်ဧကို တန် ၂၀ ထွက်တဲ့သူတွေ ရှိသလို ၁၄ တန်၊ ၁၆ တန်လောက် ထွက်တာလည်းရှိတယ်။ ကုန်သည် တွေက သကြားစျေးအပေါ် မူဆည်ပြီး ကြံစျေးကို ဖြတ်ဝယ်တာဆိုတော့ စျေးကွက်က မငြိမ်ဘူး” ဟု နေပြည် တော်၊ တပ်ကုန်းရှိ ကြံစိုက်တောင်သူ ဦးကျော်ဆန်းက ပြောသည်။


လက်ရှိတွင် နိုင်ငံတော်မှ ကြံစိုက်တောင်သူများအား စိုက်စရိတ်ချေးငွေအဖြစ် ကြံ တစ်ဧကလျှင် ကျပ် တစ် သိန်းနှုန်းဖြင့် ၁၀ ဧကလျှင် ကျပ် ၁၀ သိန်းနှုန်း ထုတ်ချေးပေးနေသော်လည်း စိုက်ပျိုးစရိတ် လုံလောက်မှု မရှိ ကြောင်း သိရသည်။


“ ဒီနှစ် ကြံစျေးနှုန်းက နေရာဒေသအလိုက်တော့ နည်းနည်းတော့ ကွဲမယ်။ သယ်ယူပို့ဆောင်ရေး ခက်ခဲတဲ့ နေရာဆိုရင် တစ်တန်စျေးနှုန်း ပိုပေးတာမျိုးပေါ့ ” ဟု မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းဒုတိယဥက္ကဌ ဦးဝင်းဌေးက ပြောသည်။


မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းကြံ စိုက်ပျိုးထုတ်လုပ်မှုမှာ ဧက ၄ သိန်းကျော်ရှိပြီး နှစ်စဉ်ပျမ်းမျှ ကြံတန်ချိန် ၁၀ သန်းကျော် ထွက်ရှိကြောင်း သိရသည်။
လက်ရှိ ပြည်တွင်း၌ သကြားစက်ရုံ ၂၂ ရုံမှ နှစ်စဉ် သကြားဖြူ၊ သကြားညို တန်ချိန် ၂ဒသမ၄ သိန်းမှ ၃ သိန်း အထိ ထုတ်လုပ်နိုင်သော်လည်း ပြည်တွင်းစားသုံးမှု မလုံလောက်ခြင်းကြောင့် ပြည်ပမှ နှစ်စဉ်တန်ချိန် လေး သိန်းခန့် တင်သွင်းနေရကြောင်း သိရသည်။

 

Leave a comment