Wednesday, February 19, 2020

လက်ရှိတွင် အီးယူမှ မြန်မာ့ဆန်လုံးရှည် တင်ပုံမှုအပေါ်တွင် အခွန် ၃ နှစ်ခန့် ပြန်လည်ကောက်ခံသွားမည်ဖြစ်သည်။ ဓာတ်ပုံ- စိုးချစ်ချစ်ပိုင်(AMIA)

ရန်ကုန်၊   ဇန်န၀ါရီ   ၁၉

 

ယခုနှစ်အတွက် ဆန်တင်ပို့မှုနှင့် ပက်သက်သည့် Action Plan (လုပ်ငန်းအစီအမံ ) တစ်ခု ထွက်ရှိလာရေးအ တွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတို့မှ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ တစ်ကြိမ် ညှိနှိုင်းပြီးပြီ၊ အခုတစ်ကြိမ်လည်း အလုပ်ရုံဆွေးနွေးပွဲ လုပ်တယ်။ နောက်ထပ်လည်း ဆက်ဆွေးနွေးမယ်။ ပြီးရင် လုပ်သင့်လုပ်ထိုက်တာတွေ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ဆိုသည်။

အဆိုပါ စီမံချက်တွင် ဆန်စပါးနှင့် ပက်သက်သည့် ထုတ်လုပ်မှုပိုင်း၊ အရည်အသွေးပိုင်း၊ ဈေးကွက်သစ် ချိတ် ဆက်မှုအပိုင်း၊ သတင်းအချက်အလက်နှင့် သုတေသန လုပ်ငန်းစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ ဖေဖော်ဝါရီ၊ မတ် မှာထပ်ပြီးတော့ ပို့ကုန်အလားအလာ မြှင့်တင်ဖို့ ဘက်ပေါင်းစုံကနေ ကြိုးစားဖို့ ကို ဆုံးဖြတ်ပြီးတော့ စီစဉ်တာပါ။ ဒီအစီအစဉ်ကို ကုန်သွယ်မှုမြှင့်တင်ရေးဌာန၊ ဆန်စပါးအသင်းချုပ်နဲ့ ပူးပေါင်း ပြီးတော့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုစင်တာ (IGC) ကို ဖိတ်ခေါ်ပြီးတော့ အလုပ်ရုံးဆွေးနွေးပွဲ တစ်ခုလုပ်တယ်။ နောက်ပိုင်းလည်း ဆက်လုပ်သွားဖို့ရှိတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဆိုသည်။

 

လက်ရှိ ဈေးကွက်အနေအထားအရ ပို့ကုန်ပိုင်းတွင် ပုံမှန်အရောင်းအ၀ယ် ဖြစ်ပေါ်နေရန်လိုအပ်ပြီး၊ တစ်ဘက် တွင်လည်း တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ ဆန်အရောင်းအ၀ယ် ရပ်ဆိုင်းနေသည့် အနေအထား ဖြစ်ပေါ် နေခြင်းတို့ကြောင့် အခြားနိုင်ငံများကို ထိုးဖောက်ရောင်းချနိုင်ရေးအတွက် နိုင်ငံတကာ အကူအညီများစွာ လို အပ်ကြောင်း ၎င်းကပြောသည်။

 

ဈေးကွက်သစ်များ ရှာဖွေရာတွင်  လက်တလော ဆန်အများဆုံးဝယ်ယူနေသည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖီ လစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖရိက စသည့်နိုင်ငံများထဲမှ ၀ယ်ယူနိုင်ရန် အလားအလာရှိသော ဈေးကွက်များကို ထပ်မံ၍ ရှာဖွေချိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

 “ ဒီနိုင်ငံတွေကို ကျွန်တော်တို့က G to  G ညှိနှိုင်းပြီးတော့ ရောင်းချဖို့ ကြိုးစားရမယ့် အနေအထားရှိတယ်။ အဲဒီလိုပဲ တရုတ်နိုင်ငံ၊ အာဖရိကနိုင်ငံတွေနဲ့ ကျွန်တော်တို့ ဆွေးနွေးရမယ်။  အီးယူကလည်း အခွန်ပြန်ကောက် တဲ့အတွက်၊ ဈေးကွက်က ပိတ်သွားတာ မဟုတ်ဘူး။ အရင်က အခွန်မကောက်ဘူး။ အခု အခွန်ကောက်တယ်။ ဒီတော့ ပိုပြီးတော့ယှဉ်ပြိုင်ရမယ်။ ဒါဆိုရင် ယှဉ်ပြိုင်နိုင်တဲ့ အနေအထားဖြစ်အောင် ကျွန်တော်တို့ဘက်က ပြင်ရ မှာဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ဆက်လက်ပြောဆိုသည်

လက်ရှိအချိန်မှာ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အခြားဆန် တင်ပို့ရောင်းချနေသော နိုင်ငံများဖြစ်သည့် ထိုင်း၊ ၊ ဗီယက်နာမ်၊ ပါကစ္စတန်၊ အိန္ဒိယ စသည့်နိုင်ငံများနှင့် ဘက်စုံထောင့်စုံမှ  ယှဉ်ပြိုင်နိုင်ရေး အစိုးရနှင့် ပုဂ္ဂ လိကမှ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး မယှဉ်ပြိုင်နိုင်ပါက တိုင်းပြည် စီးပွားရေးသာမက အခြေခံကျသည့်  တောင်သူများအပေါ်တွင်ပါ သက်ရောက်မှုရှိလာနိုင်ကြောင်း ၎င်းကထောက်ပြ ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃ဒသမ၅ သန်းကျော်ခန့် စံချိန်တင် တင်ပို့နိုင် ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် ပို့ကုန်ဝင်ငွေ ရှာပေးနိုင်ခဲ့သည်။ သို့သော် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် လက်ရှိအချိန်ထိ ပြည်ပသို့ ဆန်တန်ချိန် ၁ဒသမ၇ သန်းကျော်သာ တင်ပို့နိုင်သေးပြီး၊ တန်ချိန် ၂ သန်းပြည့်မီရန် ကြိုးစားဆောင်ရွက်ရမည့် အခြေအနေတွင် ရှိနေသည်။

သို့ဖြစ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနအနေဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့်  နိုင်ငံအတွင်း ပိုလျှံနေသည့်ဆန်စပါးများ၊ ဈေးကွက်အတွက် ရည်ရွယ်၍ စိုက်ပျိုး သော  ဆန်စပါးများ ပိုမိုတင်ပို့နိုင်ရေး ဆောငရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Unicode

ရန္ကုန်၊ ဇန္န၀ါရီ ၁၉

ယခုနွစ်အတြက် ဆန္တင္ပို့မှုနွင့် ပက်သက်သည့် Action Plan (လုပ်ငန်းအစီအမံ ) တစ္ခု ထြက်ရွိလာရေးအ တြက်ျမန္မာနိုင်ငံ ဆန္စပါးအသင်းခ်ုပ္နွင့် စီးပြားရေးနွင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတို့မွ ပူးပေါင်း ဆောင်ရြက်သြားမည်ျဖစ်ကြောင်း သိရသည်။

“ျမန္မာနိုင်ငံ ဆန္စပါးအသင်းခ်ုပ္နဲ့ တစ်ကြိမ် ညွိနှိုင်းပြီးပြီ၊ အခုတစ်ကြိမ္လည်း အလုပ်ရုံဆြေးနြေးပြဲ လုပ္တယ်။ နောက္ထပ္လည်း ဆက်ဆြေးနြေးမယ်။ ပြီးရင် လုပ်သင့်လုပ္ထိုက္တာတြေ ဆက္လုပ်သြားမျွာဖစ္ပါတယ်” ဟျုမန္မာ့ကုန်သြယ္မျှုမွင့္တင်ရေးအဖြဲ့မွ ညွှန်ကြားရေးမွူးခ်ုပ် ဦးအောင္စိုးက ဆိုသည်။

အဆိုပါ စီမံခ်က္တြင် ဆန္စပါးနွင့် ပက်သက်သည့် ထုတ္လုပ္မှုပိုင်း၊ အရည်အေသြးပိုင်း၊ စေ်းကြက်သစ် ခိတ် ဆက္မှုအပိုင်း၊ သတင်းအခ်က်အလက္နွင့် သုတေသန လုပ်ငန်းစဉ္မ်ား ပါဝင္မည်ျဖစ်ကြောင်း သိရသည်။

“ ကျန်ြတ္တောို့ ဖေဖ်ာဝါရီ၊ မတ် မွာထပ်ပြီးတော့ ပို့ကုန်အလားအလျာမွင့်တင္ဖို့ ဘက်ပေါင်းစုံကေန ကြိုးစားဖို့ ကို ဆုံျးဖတ်ပြီးတော့ စီစဉ္တာပါ။ ဒီအစီအစဉ္ကို ကုန်သြယ္မျှုမွင့်တင်ရေးဌာန၊ ဆန္စပါးအသင်းခ်ုပ္နဲ့ ပူးပေါင်း ပြီးတော့ အျပည်ျပည္ဆိုင်ရာ ဖြံ့ဖြိုးမှုစင္တာ (IGC) ကို ဖိတ်ခေါ်ပြီးတော့ အလုပ်ရုံးဆြေးနြေးပြဲ တစ္ခုလုပ္တယ်။ နောက္ပိုင်းလည်း ဆက္လုပ်သြားဖို့ရွိတယ်” ဟျုမန္မာနိုင်ငံ ဆန္စပါးအသင်းခ်ုပ္မွ အေထြေထြအတြင်းရေးမွူး ဦးရဲမင်းအောင္က ဆိုသည်။

လက်ရွိ စေ်းကြက်အေနအထားအရ ပို့ကုန္ပိုင်းတြင် ပုံမွန်အေရာင်းအ၀ယ်ျဖစ်ပေါ်နေရန္လိုအပ်ပြီး၊ တစ္ဘက် တြင္လည်း တရုတ္နယ္စပ္ကုန်သြယ်ရေးမွာ ဆန်အေရာင်းအ၀ယ် ရပ္ဆိုင်းနေသည့် အေနအထာျးဖစ်ပေါ် နျေခင်းတို့ကြောင့် အျခားနိုင်ငံမ်ားကို ထိုးဖောက်ရောင်းခ်နိုင်ရေးအတြက် နိုင်ငံတကာ အကူအညီမ်ားစြာ လို အပ်ကြောင်း ၎င်းကျေပာသည်။

စေ်းကြက်သစ္မ်ား ရွာဖြေရာတြင် လက္တေလာ ဆန်အမ်ားဆုံးဝယ်ယူနေသည့် အင္ဒိုနီးရွား၊ မေလးရွား၊ ဖီ လစ္ပိုင်၊ ဘဂင်္လားဒေ့ရွ်၊ အာဖရိက စသည့်နိုင်ငံမ်ားထဲမွ ၀ယ်ယူနိုင်ရန် အလားအလာရွိသော စေ်းကြက္မ်ားကို ထပ္မံ၍ ရွာဖြေခိတ္ဆက်သြားမည်ျဖစ်ကြောင်း သိရသည်။

“ ဒီနိုင်ငံတြေကို ကျန်ြတ္တောို့က G to G ညွိနှိုင်းပြီးတော့ ရောင်းခ်ဖို့ ကြိုးစားရမယ့် အေနအထားရွိတယ်။ အဲဒီလိုပဲ တရုတ္နိုင်ငံ၊ အာဖရိကနိုင်ငံတြေနဲ့ ကျန်ြတ္တောို့ ဆြေးနြေးရမယ်။ အီးယူကလည်း အခြန်ျပန်ကောက် တဲ့အတြက်၊ စေ်းကြက္က ပိတ်သြားတာ မဟုတ္ဘူး။ အရင္က အခြန္မေကာက္ဘူး။ အခု အခြန်ကောက္တယ်။ ဒီတော့ ပိုပြီးတော့ယွဉ်ပြိုင်ရမယ်။ ဒါဆိုရင် ယွဉ်ပြိုင္နိုင္တဲ့ အေနအထာျးဖစ်အောင် ကျန်ြတ္တောို့ဘက္ကျပင်ရ မျွာဖစ္ပါတယ်” ဟု ဦးရဲမင်းအောင္က ဆက္လက်ျေပာဆိုသည်
လက်ရွိအခိန္မွာ ဆန္စပါးကဏ္ဍ ဖြံ့ဖြိုးရေးအတြက် အျခားဆန် တင္ပို့ရောင်းခ်နေသာ နိုင်ငံမ်ာျးဖစ်သည့် ထိုင်း၊ ၊ ဗီယက္နာမ်၊ ပါကစ္စတန်၊ အိန္ဒိယ စသည့်နိုင်ငံမ်ားနွင့် ဘက္စုံထောင့္စုံမွ ယွဉ်ပြိုင္နိုင်ရေး အစိုးရနွင့် ပုဂ္ဂ လိကမွ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရြက်ရမည်ျဖစ်ပြီး မယွဉ်ပြိုင္နိုင္ပါက တိုင်ျးပည် စီးပြားရေးသာမက အျေခခံက်သည့် တောင်သူမ်ားအေပ်ါတြင္ပါ သက်ရောက္မှုရွိလာနိုင်ကြောင်း ၎င်းကေထာက်ျပျေပာဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနွစ္တြင်ျပည္ပသို့ ဆန္တန္ခိန် ၃ဒသမ၅ သန်းကေ်္ခာန့် စံခိန္တင် တင္ပို့နိုင် ခဲ့ပြီး အေမရိကန်ဒေါ်လာ သန်းတစ်ထောင်ကော်် ပို့ကုန်ဝင်ငြေ ရွာပေးနိုင္ခဲ့သည်။ သို့သော် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနွစ် လက်ရွိအခိန္ထျိပည္ပသို့ ဆန္တန္ခိန် ၁ဒသမ၇ သန်းကော််သာ တင္ပို့နိုင်သေးပြီး၊ တန္ခိန် ၂ သန်ျးပည့်မီရန် ကြိုးစားဆောင်ရြက်ရမည့် အျေခအေနတြင် ရွိနေသည်။

သိျု့ဖစ်ရာ စီးပြားရေးနွင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနအေနျဖင့် ပင္လယ်ရေကြာင်း ကုန်သြယ်ရေးကျိုမွင့်တင်ဆောင်ရြက်ျခင်ျးဖင့် နိုင်ငံအတြင်း ပိုလွ်ံနေသည့်ဆန္စပါးမ်ား၊ စေ်းကြက်အတြက် ရည်ရြယ်၍ စိုက္ပိုး သော ဆန္စပါးမ်ား ပိုမိုတင္ပို့နိုင်ရေး ဆောငရြက်ြသြားမည်ျဖစ်ကြောင်း သိရသည်။

 

  • I cannot read well, that's why Myanmar front. Anyway I interest in Myanmar Rice production and other 2019 Action Plan. Thanks your information.
    by Myat Myat win at January 20 2019

Leave a comment