Sunday, January 26, 2020

ယခုရေးဆွဲထားသည့် ဥပဒေတွင် ရေ၌ပေါက်ပွားသည့် အပင်များနှင့် ယင်းတို့၏ အပင်ပေါက်များ၊ မျိုးစေ့များ၊ မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းများလည်း ပါဝင်သည်ဟု ဖော်ပြထားသည်။ ဓာတ်ပုံ- ကေဇူး(AMIA)

ရန်ကုန်၊  ဖေဖော်ဝါရီ   ၂

 

လက်ရှိ ရေးသားပြုစုနေသည့် တိရိစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ (မူကြမ်း)တွင် ငါးလုပ်ငန်းနှင့် ပတ်သက်သည်များကို ထည့်သွင်းရေးဆွဲ ပြဌာန်းခြင်းမပြုရန် သက်ဆိုင်ရာ ဥပဒေ ပြုရေးအဖွဲ့များထံသို့ အကြံပြုစာများ ပေးပို့ထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သတင်းရရှိသည်။  

 

“ ဒီဟာနဲ့ ပတ်သက်ပြီး ငါးလုပ်ငန်းအဖွဲ့ချုပ်က ဘာလို့အကြံပြုရလဲဆိုရင် တိရိစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု ဥပဒေက အရင်ထဲကရှိတဲ့ ဥပဒေပါ။ အခုက ဥပဒအသစ် ပြင်ပြီးတော့ ရေးဆွဲဖို့စီစဉ် တာ  ဖြစ်ပါတယ်။ အဲ့တော့ အခုတည်ဆဲဥပဒေအရဆိုရင် တိရိစ္ဆာန်ဆိုတာ ကုန်းသတ္တဝါနဲ့ ပျားကိုပဲ အဓိပ္ပါယ် ဖွင့်ဆိုပြီး ရေးဆွဲထားတာ ဖြစ်ပါတယ်။ အဲ့ဒီတိရိစ္ဆာန် မွေးမြူရေးတွေမှာ နောက်ပိုင်း ပျားကိုထည့်ပြီးတော့ စီမံခန့်ခွဲ ဆောင်ရွက်တဲ့ ဥပဒေဖြစ်ပါတယ်။ အခုအသစ်ရေးဆွဲမယ့် ဥပဒေမှာ တိရိစ္ဆာန်ဆိုသည်မှာ ဆိုပြီးတော့ အပိုဒ်(က)၊ (ခ) ခွဲပြီးတော့ ရေသတ္တဝါကိုပါ သူကတိရိစ္ဆာန်ထဲမှာ ထည့်ပြီးတော့ ရေနေသတ္တဝါလည်း ပါတယ်။ အဲ့လို ဥပဒေရှိနေပါလျက်နဲ့ အခုပြဌာန်းဖို့ ကြိုးစားတဲ့ဥပဒေမှာ ငါးမွေးတဲ့ကဏ္ဍကို တိရိစ္ဆာန်မွေးမြူရေး ဥပဒေ ထဲမှာ ထည့်လိုက်တဲ့ အခါကြတော့ ကျွန်တော်တို့အနေနဲ့က မဖြစ်မနေ အကြံပြုရမယ့် အနေအထားကို ရောက် သွားပြီ ” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။ 

 

လက်ရှိ မြန်မာနိုင်ငံတွင် ငါးလုပ်ငန်းကဏ္ဍနှင့် ပတ်သက်၍ ငါးမွေးမြူရေးဆိုင်ရာ ဥပဒေကို ရေးဆွဲပြဌာန်းထားပြီး ဖြစ်သဖြင့် ယင်းအကြံပြုစာကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလလယ်ပိုင်းက ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုး သားလွှတ်တော် ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဌ၊ ပြည်ထောင် စုဝန်ကြီးရုံးတို့ကို ပေးပို့ထားကြောင်း သိရသည်။

 

ငါးလုပ်ငန်းကဏ္ဍတွင် ပင်လယ်ငါးဖမ်းဥပဒေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရေးဆွဲပြဌာန်း ထားသော ရေချိုငါးဖမ်း ဥပဒေတို့ကို သီးသန့်ရေးဆွဲ ပြဌာန်းထားပြီးဖြစ်၍ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ(မူကြမ်း)တွင် ထပ်မံထည့်သွင်းရေးဆွဲခြင်း မပြုရန် ဆောင်ရွက်ရခြင်း ဖြစ်ပြီး လက်ရှိ အသားကဏ္ဍနှင့် ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ စီမံကွပ်ကဲနေသကဲ့သို့ ငါးကဏ္ဍနှင့် ပတ်သက်၍လည်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ယူစီမံခန့်ခွဲနေကြောင်း သိရသည်။

 

‌မန္တလေးမြို့နယ်မှ ရေထွက်ကုန် မွေးမြူရေးလုပ်ငန်းရှင် ဒေါက်တာဦးစိုးထက်က “ သူ့ဌာနတစ်ခုချင်း စီမံခန့်ခွဲ နေတဲ့အပိုင်းမှာ ဌာနနယ်ပယ်တစ်ခုကို ကျော်ပြီးတော့ စီမံခန့်ခွဲဖို့ ဆောင်ရွက်တာ ဖြစ်တဲ့အခါကျတော့ ဒီဟာ က ကျွန်တော်တို့အတွက်လည်း ပိုပြီးတော့ ရှုပ်ထွေးသွားနိုင်တယ်။ ကျွန်တော်တို့ ငါးမွေးတဲ့သူတွေ ပုစွန်မွေးတဲ့ သူတွေက ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်း လုပ်ရင် ငါးလုပ်ငန်းဦးစီးဌာနရဲ့စီမံခန့်ခွဲမှုကို မဖြစ်မနေ ခံယူရတယ်။ အဲ့ဒါကို တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနဲ့ပါ သွားပြီးတော့ ဥပဒေပြဌာန်းလိုက်လို့ရှိရင် ကျွန်တော် တို့က ဆက်သွယ်ဆောင်ရွက်ရမယ့် အပိုင်းမှာ ဒီဟာရှုပ်လည်း ရှုပ်ထွေးပြီးတော့ အခက်အခဲတွေလည်း အများ ကြီး ဖြစ်သွားနိုင်တယ်လို့ ယူဆကြတယ်” ဟု ပြောသည်။

လက်ရှိတွင် တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးမှုဆိုင်ရာ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ အကြံပြုချက်များ ပေးပို့ရာ တွင် အမျိုးသားလွှတ်တော် ဥပဒေမူကြမ်းကော်မတီ၊ ပြည်သူ့လွှတ်တော် ဥပဒေမူကြမ်းကော်မတီတို့မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံကာ ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ အကြံပြုရှင်းလင်းတင်ပြရန်လည်း အားလပ် မည့်အချိန်အား တောင်းဆိုထားကြောင်း သိရသည်။ 

 

လက်ရှိ တိရိစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (မူကြမ်း)တွင် ဤဥပဒေ ပါ ရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်ဟု ပါရှိ၍ တိရိစ္ဆာန်ဆို သည်မှာ ကုန်းနေ (သို့မဟုတ်) ရေနေ (သို့မဟုတ်) ကုန်းနေ၊ ရေနေ သတ္တဝါကို ဆိုလိုခြင်းဖြစ်ပြီး ယင်းစကား ရပ်တွင် ထိုတိရိစ္ဆာန် တစ်မျိုးမျိုး၏ အထီးမျိုးရည်၊ အမမျိုးဥ၊ သန္ဓေသားလောင်းနှင့် ဝန်ကြီးဌာနက အခါအား လျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ တိရိစ္ဆာန်အဖြစ် သတ်မှတ်သော သတ္တဝါများလည်း ပါဝင်ဟု ပြဌာန်း ထားသည်။

 

ယင်းအပြင် ရေလုပ်ငန်းဆိုသည်မှာ ရေနေ (သို့မဟုတ်) ကုန်းနေ၊ ရေနေ သတ္တဝါတစ်မျိုးမျိုးအား မွေးမြူရေး နည်းစနစ် တစ် ခုခုဖြင့်ဖြစ်စေ၊ ရေချို (သို့မဟုတ်) ရေငန်းတွင် သဘာဝအလျောက် ဖြစ်စေ၊ စနစ်တကျ ဖြစ်စေ မွေးမြူထုတ်လုပ်သော လုပ်ငန်းကို ဆိုလိုခြင်းဖြစ်ပြီး ယင်းစကားရပ်တွင် ရေ၌ပေါက်ပွားသည့် အပင်များနှင့် ယင်းတို့၏ အပင်ပေါက်များ၊ မျိုးစေ့များ၊ မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းများလည်း ပါဝင်သည်ဟု ဖော်ပြထား ကြောင်း သိရသည်။  

Unicode

 

ဇာလင်းသူ(AMIA)

ရန္ကုန်၊ ဖေဖ်ာဝါရီ ၂

လက်ရွိ ရေးသာျးပုစုနေသည့် တိရိစ္ဆာန် က်န်းမာရေးနွင့် မြေျးမူရေးလုပ်ငန်း ဖြံ့ဖြိုးတိုးတက်ရေး ဥပေဒ (မူကြမ်း)တြင် ငါးလုပ်ငန်းနွင့် ပတ်သက်သည္မ်ားကို ထည့်သြင်းရေးဆျြဲပဌာန်ျးခင်းမျပုရန် သက္ဆိုင်ရာ ဥပေဒျပုရေးအဖြဲ့မ်ားထံသို့ အကျြံပုစာမ်ား ပေးပို့ထားကြောင်ျးမန္မာနိုင်ငံ ငါးလုပ်ငန်းအဖြဲ့ခ်ုပ္မွ သတင်းရရွိသည်။

“ ဒီဟာနဲ့ ပတ်သက်ပြီး ငါးလုပ်ငန်းအဖြဲ့ခ်ုပ္က ဘာလို့အကျြံပုရလဲဆိုရင် တိရိစ္ဆာန္က်န်းမာရေးနွင့် မြေျးမူရေး ဖြံ့ဖြိုးတိုးတက္မှု ဥပေဒက အရင္ထဲကရွိတဲ့ ဥပေဒပါ။ အခုက ဥပဒအသစ်ျပင်ပြီးတော့ ရေးဆဲဖြို့စီစဉ် တျာဖစ္ပါတယ်။ အဲ့တော့ အခုတည္ဆဲဥပေဒအရဆိုရင် တိရိစ္ဆာန္ဆိုတာ ကုန်းသတ္တဝါနဲ့ ပ်ားကိုပဲ အဓိပ္ပါယ် ဖြင့်ဆိုပြီး ရေးဆဲထြားတျာဖစ္ပါတယ်။ အဲ့ဒီတိရိစ္ဆာန် မြေျးမူရေးတြေမွာ နောက္ပိုင်း ပ်ားကိုထည့်ပြီးတော့ စီမံခန့်ခြဲ ဆောင်ရြက္တဲ့ ဥပေဒျဖစ္ပါတယ်။ အခုအသစ်ရေးဆဲမြယ့် ဥပေဒမွာ တိရိစ္ဆာန္ဆိုသည္မွာ ဆိုပြီးတော့ အပိုဒ်(က)၊ (ခ) ခဲပြီးတော့ ရေသတ္တဝါကိုပါ သူကတိရိစ္ဆာန္ထဲမွာ ထည့်ပြီးတော့ ရေနသတ္တဝါလည်း ပါတယ်။ အဲ့လို ဥပေဒရွိနေပါလ်က္နဲ့ အချုပဌာန်းဖို့ ကြိုးစားတဲ့ဥပေဒမွာ ငါးမြေးတဲ့ကဏ္ဍကို တိရိစ္ဆာန်မြေျးမူရေး ဥပေဒ ထဲမွာ ထည့်လိုက္တဲ့ အခါကြေတာ့ က်ြန်တ္တောို့အေနနဲ့က မျဖစ္မေန အကျြံပုရမယ့် အေနအထားကို ရောက် သြားပြီ ” ဟျုမန္မာနိုင်ငံ ငါးလုပ်ငန်းအဖြဲ့ခ်ုပ် အေထြေထြအတြင်းရေးမွူး ဦးဝင်းကြိုင္ကျေပာသည်။

လက်ရျွိမန္မာနိုင်ငံတြင် ငါးလုပ်ငန်းကဏ္ဍနွင့် ပတ်သက်၍ ငါးမြေျးမူရေးဆိုင်ရာ ဥပေဒကို ရေးဆျြဲပဌာန်းထားပြီျးဖစ်သျဖင့် ယင်းအကျြံပုစာကို ၂၀၁၉ ခုနွစ်၊ ဇန္နဝါရီလလယ္ပိုင်းကျပည်ထောင္စုလွှတ်တော် နာယက၊ အမိုး သားလွှတ်တော် ဥက္ကဌ၊ျပည်သူ့လွှတ်တော် ဥက္ကဌ၊ လွှတ်တော်ဥပေဒကြမ်းက္မောတီ ဥက္ကဌ၊ျပည်ထောင် စုဝန်ကြီးရုံးတို့ကို ပေးပို့ထားကြောင်း သိရသည်။

ငါးလုပ်ငန်းကဏ္ဍတြင် ပင္လယ်ငါးဖမ်းဥပေဒ၊ သက္ဆိုင်ရာ တိုင်းဒေသကြီးနွင့်ျပည္နယ္မ်ားမွ ရေးဆျြဲပဌာန်း ထားသော ရေခိုငါးဖမ်း ဥပေဒတို့ကို သီးသန့်ရေးဆျြဲပဌာန်းထားပြီျးဖစ်၍ တိရစ္ဆာန္က်န်းမာရေးနွင့် မြေျးမူရေး လုပ်ငန်းမ်ား ဖြံ့ဖြိုးတိုးတက်ရေး ဥပေဒ(မူကြမ်း)တြင် ထပ္မံထည့်သြင်းရေးဆျြဲခင်း မျပုရန် ဆောင်ရြက်ရျခင်ျးဖစ်ပြီး လက်ရွိ အသားကဏ္ဍနွင့် ပတ်သက်၍ မြေျးမူရေးနွင့် ကုသေရးဦးစီးဌာနမွ စီမံကြပ္ကဲနေသကဲ့သို့ ငါးကဏ္ဍနွင့် ပတ်သက်၍လည်း ငါးလုပ်ငန်းဦးစီးဌာနမွ တာဝန်ယူစီမံခန့်ခဲနြေကြာင်း သိရသည်။

‌မန္တေလးမြို့နယ္မွ ရေထြက္ကုန် မြေျးမူရေးလုပ်ငန်းရွင် ဒေါက္တာဦးစိုးထက္က “ သူ့ဌာနတစ္ခုခ်င်း စီမံခန့်ခြဲ နေတဲ့အပိုင်းမွာ ဌာနနယ္ပယ္တစ္ခုကို ကော််ပြီးတော့ စီမံခန့်ခဲဖြို့ ဆောင်ရြက္တျာဖစ္တဲ့အခါက်တော့ ဒီဟာ က က်ြန်တ္တောို့အတြက္လည်း ပိုပြီးတော့ ရှုပ်ထြေးသြားနိုင္တယ်။ က်ြန်တ္တောို့ ငါးမြေးတဲ့သူတြေ ပုစြန်မြေးတဲ့ သူတြေက ငါး၊ ပုစြန် မြေျးမူရေးလုပ်ငန်း လုပ်ရင် ငါးလုပ်ငန်းဦးစီးဌာနရဲ့စီမံခန့်ခဲမြှုကို မျဖစ္မေန ခံယူရတယ်။ အဲ့ဒါကို တိရိစ္ဆာန်မြေျးမူရေးနွင့် ကုသေရးဦးစီးဌာနနဲ့ပါ သြားပြီးတော့ ဥပေဒျပဌာန်းလိုက္လို့ရွိရင် က်ြန်တော် တို့က ဆက်သြယ်ဆောင်ရြက်ရမယ့် အပိုင်းမွာ ဒီဟာရှုပ္လည်း ရှုပ်ထြေးပြီးတော့ အခက်အခဲတြေလည်း အမ်ား ကြီျးဖစ်သြားနိုင္တယ္လို့ ယူဆကြတယ်” ဟုျေပာသည်။


လက်ရွိတြင် တိရစ္ဆာန္က်န်းမာရေးနွင့် မြေျးမူရေး ဖြံ့ဖြိုးမှုဆိုင်ရာ ဥပေဒမူကြမ်းနွင့် ပတ်သက်၍ အကျြံပုခ်က္မ်ား ပေးပို့ရာ တြင် အမိုးသားလွှတ်တော် ဥပေဒမူကြမ်းက္မောတီ၊ျပည်သူ့လွှတ်တော် ဥပေဒမူကြမ်းက္မောတီတို့မွ တာဝန်ရွိ သူမ်ားနွင့် တြေ့ဆုံကာ ကိုယ္တိုင္ကိုယ္က် လာရောက်၍ အကျြံပုရွင်းလင်းတင်ျပရန္လည်း အားလပ် မည့်အခိန်အား တောင်းဆိုထားကြောင်း သိရသည်။

လက်ရွိ တိရိစ္ဆာန္က်န်းမာရေးနွင့် မြေျးမူရေးလုပ်ငန်း ဖြံ့ဖြိုးတိုးတက်ရေးဥပေဒ (မူကြမ်း)တြင် ဤဥပေဒ ပါ ရွိသော အောက္ပါစကားရပ္မ်ားသည် ဖော်ျပပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်ဟု ပါရွိ၍ တိရိစ္ဆာန္ဆို သည္မွာ ကုန်းနေ (သို့မဟုတ်) ရေန (သို့မဟုတ်) ကုန်းနေ၊ ရေန သတ္တဝါကို ဆိုလျိုခင်ျးဖစ်ပြီး ယင်းစကား ရပ္တြင် ထိုတိရိစ္ဆာန် တစ္မိုးမိုး၏ အထီးမိုးရည်၊ အမမိုးဥ၊ သေန္ဓသားလောင်းနွင့် ဝန်ကြီးဌာနက အခါအား လေ်္စြာာ အမိန့်ကြော်ျငာစာ ထုတ်ျပန်၍ တိရိစ္ဆာန်အျဖစ် သတ္မွတ်သော သတ္တဝါမ်ားလည်း ပါဝင်ဟျုပဌာန်း ထားသည်။

ယင်းအျပင် ရေလုပ်ငန်းဆိုသည္မွာ ရေန (သို့မဟုတ်) ကုန်းနေ၊ ရေန သတ္တဝါတစ္မိုးမိုးအား မြေျးမူရေး နည်းစနစ် တစ် ခုချုဖင့်ျဖစ်စေ၊ ရေခို (သို့မဟုတ်) ရေငန်းတြင် သဘာဝအေလ်ာက်ျဖစ်စေ၊ စနစ္တက်ျဖစ်စေ မြေျးမူထုတ္လုပ်သော လုပ်ငန်းကို ဆိုလျိုခင်ျးဖစ်ပြီး ယင်းစကားရပ္တြင် ရေ၌ပေါက္ပြားသည့် အပင္မ်ားနွင့် ယင်းတို့၏ အပင်ပေါက္မ်ား၊ မိုးစေ့မ်ား၊ မြေျးမူထုတ္လုပ်ျခင်း လုပ်ငန်းမ်ားလည်း ပါဝင်သည်ဟု ဖော်ျပထား ကြောင်း သိရသည်။

                                                                                                                                                                    

 

 

 

 

 

 

 

Leave a comment