Thursday, May 23, 2019

လက်ရှိ မူဆယ်နယ်စပ်တွင် ကျွဲ၊ နွား တစ်ကောင်လျှင် ၂,၁၅၀,၀၀၀ ကျပ်ဖြင့် အရောင်းအ၀ယ် ဖြစ်နေသည်။ ဓာတ်ပုံ- မှိုင်းဝေ(AMIA)

မန္တလေး၊  ဖေဖော်ဝါရီ   ၂၅

တရုတ်​နိုင်​ငံသို့ ကျွဲ၊ နွား အပတ်​စဉ်​ ကုန်​သွယ်​မှုကို ယ​ခုလ ၁၉ ရက်​​နေ့မှ ပြန်လည်စတင်နေပြီဖြစ်​ကြောင်း မန္တ​လေးတိုင်း​ဒေသကြီး ကျွဲ၊ နွား တင်​ပို့သူများအသင်းဥက္ကဌ ဦးစိုးနိုင်က ပြောသည်​။ 

တရုတ်​နိုင်​ငံ ကျွဲ၊နွား ကုမ္မဏီများနှင့်​ မန္တ​လေးတိုင်း​ဒေသကြီး ကျွဲ၊နွား တင်​ပို့သူများအသင်းတို့သည့်​ အပတ်​စဉ်​ ကျွဲ၊ နွား အ​ကောင်​​ရေ တစ်​​ထောင်​ ဝယ်​ယူရန်​အတွက်​ ပြီးခဲ့သည့်​ ဇန်​နဝါရီလ ၈ ရက်​​နေ့က စတင်​ကာ ​ဆွေး​နွေးခဲ့ရာတွင်​  နှစ်​ဖက်​သ​ဘောတူညီချက်​ရရှိခဲ့သည့်​အတွက်​ ယခုလ ၁၉ ရက်​​နေ့မှစတင်​ကာ တရုတ်​နိုင်​ငံသို့ တင်​ပို့ခဲ့သည်​။

" ပထဦးဆုံး ပို့တာကို​တော့ ၅၀၀ ပဲ တင်​ပို့လိုက်​တယ်​။ အခုဒီလို အပတ်​စဉ်​တင်​ပို့မှုက နှစ်​နိုင်​ငံက ကုန်​သည်​​တွေ အချင်းချင်း ချိတ်​ဆက်​​ဆောင်​ရွက်​တာဆို​တော့ B to B လို့​ပြောလို့ရတယ်​။ အစိုးရအချင်းချင်း ​ဆောင်​ရွက်​​ပေးရင်​ ကျွဲ၊ နွား တင်​ပို့မှုက ပို​အောင်​မြင်​လာမယ်​ " ဟု ဦးစိုးနိုင်​က​ဆိုသည်​။

ယခု ဖေဖော်ဝါရီလ ၁၉ ရက်​​နေ့က တရုတ်​နိုင်​ငံသို့ တင်​ပို့ခဲ့သည့်​ ကျွဲ၊ နွား အ​ကောင်​​ရေ ၅၀၀ ခန့်ကို အရွယ်​အစားပမာဏ မခွဲခြားပဲ၊ တစ်​​ကောင်​လျှင်​ ၂,၁၅၀,၀၀၀ ကျပ်​ဖြင့်​ သတ်​မှတ်​ပြီး​ရောင်းချခဲ့ကြောင်း သိရသည်​။ 

လက်ရှိတွင် အပတ်​စဉ်​ကျွဲ၊ နွား ကုန်​သွယ်​မှုလုပ်ငန်းများ အဆင်​​ပြေရန်​အတွက်​ တစ်​ပတ်​လျှင်​ တစ်​ကြိမ်​ တ ရုတ်နိုင်​ငံ ကုမ္ပဏီများဘက်​မှ ​ကျွဲ၊ နွား မဝယ်​ယူခင်​ ကုန်​ကျမည့်​ငွေကို မန္တ​လေးတိုင်း​ဒေသကြီး ကျွဲ၊ နွား တင်​ပို့ ရောင်းချသူများအသင်းထံ ကြိုတင်​​ပေးသွင်းထားရကြောင်း သိရသည်​။ 

"​ ကျွဲ၊ နွား​တွေကို မူဆယ်​ထိ သွား​ရောင်း​နေစရာ မလို​တော့ဘူး။ငွေသားလည်း ချက်​ချင်းရတယ်​။ မူဆယ်​မှာဆိုရင်​​ဈေးဖြတ်​ခံရတာ ဖြစ်​လာနိုင်​တယ်​။ အပတ်​စဉ်​ကျွဲ၊ နွား ကုန်​သွယ်​မှုရှိ​တော့ ​တောင်​သူ​တွေလည်း ဆင်​​ပြေ​စေနိုင်​တယ်​" ဟု ကျွဲ၊ နွား ကုန်​သည် ​ဦးမြင့်​​အောင်​က ​ပြောသည်​။

တရုတ်​နိုင်​ငံသို့ အပတ်​စဉ်​ ကျွဲ၊ နွားတင်​ပို့ရာတွင်​ မန္တ​လေးတိုင်း​ဒေသကြီး ကျွဲ၊ နွား တင်​ပို့သူများအသင်းဖြင့်​ ချိတ်​ဆက်​ထားသည့်​ ကုမ္ပဏီများသာ တင်​ပို့ခွင့်​ရရှိ​ကြောင်း သိရသည်​။

 

Unicode

မန္တေလး၊ ဖေဖ်ာဝါရီ ၂၅


တရုတ္နိုင်ငံသို့ ကျြဲ၊ နြား အပတ္စဉ် ကုန်သြယ္မှုကို ယခုလ ၁၉ ရက်နေ့မျွပန္လည္စတင်နေပျြီဖစ်ကြောင်း မန္တေလးတိုင်းဒေသကြီး ကျြဲ၊ နြား တင္ပို့သူမ်ားအသင်းဥက္ကဌ ဦးစိုးနိုင္ကျေပာသည်။


တရုတ္နိုင်ငံ ကျြဲ၊နြား ကုမ္မဏီမ်ားနွင့် မန္တေလးတိုင်းဒေသကြီး ကျြဲ၊နြား တင္ပို့သူမ်ားအသင်းတို့သည့် အပတ္စဉ် ကျြဲ၊ နြား အေကာင်ရေ တစ်ထောင် ဝယ်ယူရန်အတြက် ပြီးခဲ့သည့် ဇန္နဝါရီလ ၈ ရက်နေ့က စတင္ကာ ဆြေးနြေးခဲ့ရာတြင် နွစ္ဖက်သေဘာတူညီခ်က်ရရွိခဲ့သည့်အတြက် ယခုလ ၁၉ ရက်နေ့မွစတင္ကာ တရုတ္နိုင်ငံသို့ တင္ပို့ခဲ့သည်။

 

" ပထဦးဆုံး ပို့တာကိုတော့ ၅၀၀ ပဲ တင္ပို့လိုက္တယ်။ အခုဒီလို အပတ္စဉ္တင္ပို့မှုက နွစ္နိုင်ငံက ကုန်သည်တြေ အခ်င်းခ်င်း ခိတ္ဆက်ဆောင်ရက္တြာဆိုတော့ B to B လို့ျေပာလို့ရတယ်။ အစိုးရအခ်င်းခ်င်း ဆောင်ရက်ြပေးရင် ကျြဲ၊ နြား တင္ပို့မှုက ပိုအောင်ျမင္လာမယ် " ဟု ဦးစိုးနိုင္က ဆိုသည်။


ယခု ဖေဖ်ာဝါရီလ ၁၉ ရက်နေ့က တရုတ္နိုင်ငံသို့ တင္ပို့ခဲ့သည့် ကျြဲ၊ နြား အေကာင်ရေ ၅၀၀ ခန့်ကို အရယ်ြအစားပမာဏ မချြဲခားပဲ၊ တစ်ကောင္လ်ွင် ၂,၁၅၀,၀၀၀ က်ပ်ျဖင့် သတ္မွတ်ပြီး ရောင်းခ်ခဲ့ကြောင်း သိရသည်။


လက်ရွိတြင် အပတ္စဉ် ကျြဲ၊ နြား ကုန်သြယ္မှုလုပ်ငန်းမ်ား အဆင်ျေပရန်အတြက် တစ္ပတ္လ်ွင် တစ်ကြိမ် တ ရုတ္နိုင်ငံ ကုမ္ပဏီမ်ားဘက္မွ ကျြဲ၊ နြား မဝယ်ယူခင် ကုန္က်မည့်ငြေကို မန္တေလးတိုင်းဒေသကြီး ကျြဲ၊ နြား တင္ပို့ ရောင်းခ်သူမ်ားအသင်းထံ ကြိုတင်ပေးသြင်းထားရေကြာင်း သိရသည်။


" ကျြဲ၊ နြားတြေကို မူဆယ္ထိ သြားရောင်းနေစရာ မလိုတော့ဘူး။ ငြေသားလည်း ခ်က္ခ်င်းရတယ်။ မူဆယ္မွာဆိုရင် စေ်ျးဖတ္ခံရတျာဖစ္လာနိုင္တယ်။ အပတ္စဉ် ကြဲ်၊ နြား ကုန်သြယ္မှုရွိတော့ တောင်သူတြေလည်း ဆင်ျေပေစနိုင္တယ် " ဟု ကျြဲ၊ နြား ကုန်သည် ဦျးမင့်အောင္ကျေပာသည်။


တရုတ္နိုင်ငံသို့ အပတ္စဉ် ကျြဲ၊ နြားတင်္ပို့ရာတြင် မန္တေလးတိုင်းဒေသကြီး ကျြဲ၊ နြား တင္ပို့သူမ်ားအသင်ျးဖင့် ခိတ္ဆက္ထားသည့် ကုမ္ပဏီမ်ားသာ တင္ပို့ခြင့်ရရွိကြောင်း သိရသည်။

Leave a comment