Thursday, September 19, 2019

ငါးရှဥ့်တစ်ကောင်သည် အနည်းဆုံး ဥ (၂ဝဝ) မှ (၁ဝဝဝ) အကြား ဥနိုင်သည်။ ဓာတ်ပုံ- Myawddy Daily

ရန်ကုန်၊    မေ   ၁၆

ဗီယက်နမ်နိုင်ငံမှ ငါးရှဥ့်မျိုးများ တင်သွင်း၍ သားပေါက်လုပ်ငန်းကို စမ်းသပ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

" ဗီယက်နမ်က တင်သွင်းဖို့ ဒီတစ်ပတ်ထဲမှာ  စာချုပ်ချုပ်မယ်။ ပြီးရင် သားဖောက်ဖို့လုပ်မယ်။ မြေကလည်းရပြီ။ မြေအသုံးချမှုကို research လုပ်တာကြာတယ်။ အခု လုပ်ခွင့်ရပြီဆိုတော့ ကြိုးကြိုးစားစားနဲ့ လုပ်သွားမှာပါ။ ငါး ရှဥ့်အပြင် သားပေါက်တွေ ထွက်လာရင် စားတဲ့ အစာအရှင်ကိုလည်း ထုတ်ရမှာဖြစ်တယ် " ဟု မြန်မာနိုင်ငံ ငါး လုပ်ငန်းအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။

ငါးရှဥ့်မျိုး အကောင်ရေအစုံ ၂၀၀ ခန့်ကို ယခု မေလ သို့မဟုတ် ဇွန်လအတွင်း တင်သွင်းသွားမည်ဖြစ်ပြီး ရန် ကုန်တိုင်း ဒေသကြီးအတွင်း  စမ်းသပ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

" ပြည်တွင်းမျိုးကို စမ်းသပ်နေတာလဲ မရပ်ပါဘူး။ အခု ပြည်တွင်းမျိုးလည်း ရှိနေတော့ သူ့ကိုလည်း ဆေးထိုးဖို့ လုပ်နေတယ်။ ဗီယက်နမ်က တင်သွင်းမယ့် အစုံ ၂၀၀ ကိုလည်း တစ်ရာစီ ခွဲလိုက်မယ်။ အစုံတစ်ရာကို ဆေး တစ်မျိုးထိုးမယ်။ ဘယ်ဟာက သားပေါက်နှုန်း ကောင်းလည်းဆိုတာ သုတေသနလုပ်ပြီးတော့ ရလာတဲ့ သား ပေါက်ကို ကိုယ့်ဟာကိုယ် ပြန်မွေးမယ်။ ပြန်ဖောက်လို့ ရအောင်ပဲ လုပ်ဆောင်မယ်။ အဲ့ဒါမှလည်း မွေးမြူရေးအ တွက် များများစားစား ထုတ်လို့ရမှာပါ " ဟု ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် ၂၀၁၇ ခုနှစ်အတွင်းက ဗီယက်နမ်နိုင်ငံသို့ သွားရောက် ကာ ငါးရှဥ့်သားဖောက်မှု နည်းပညာကို လေ့လာခဲ့ပြီးနောက် ပထမအကြိမ် ငါးရှဥ့်သား ဖောက်ခြင်းလုပ်ငန်းကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ ၂၀၁၈ ခုနှစ် မေလအထိ ၇ လအကြာ မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ်ရုံး မြေ နေရာ၌ ငါးရှည့်အစုံ ၁၀၀ ကို စမ်းသပ် သားဖောက်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ပထမအကြိမ် စမ်းသပ် သားဖောက်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ငါးရှဥ့်တစ်ကောင်သည် အနည်းဆုံး ဥ (၂ဝဝ) မှ (၁ဝဝဝ) အကြား ဥနိုင်သဖြင့် ယခုသားဖောက်လုပ်ငန်း အောင် မြင်ပါက တစ်ပိုင်တစ်နိုင် ငါးမွေးမြူသူများ အလွယ်တကူ မွေးမြူနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံမှ ငါးရှဥ့်ကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

 

Unicode

ရန္ကုန်၊ မေ ၁၆

 

ဗီယက္နမ္နိုင်ငံမွ ငါးရွဥ့္မိုးမ်ား တင်သြင်း၍ သားပေါက္လုပ်ငန်းကို စမ်းသပ္လုပ်ဆောင်သြားမည်ျဖစ်ကြောင်ျးမန္မာနိုင်ငံ ငါးလုပ်ငန်းအဖြဲ့ခ်ုပ္မွ သိရသည်။


" ဗီယက္နမ္က တင်သြင်းဖို့ ဒီတစ္ပတ္ထဲမွာ စာခ်ုပ္ခ်ုပ္မယ်။ ပြီးရင် သားဖောက္ဖို့လုပ္မယ်။ျေမကလည်းရပြီ။ျေမအသုံးခ်မှုကို research လုပ္တာကြာတယ်။ အခု လုပ္ခြင့်ရပြီဆိုတော့ ကြိုးကြိုးစားစားနဲ့ လုပ်သြားမွာပါ။ ငါး ရွဥ့်အျပင် သားပေါက်တြေ ထြက္လာရင် စားတဲ့ အစာအရွင္ကိုလည်း ထုတ်ရမျွာဖစ္တယ် " ဟျုမန္မာနိုင်ငံ ငါး လုပ်ငန်းအဖြဲ့ခ်ုပ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက္တာတိုးနန္ဒာတင္ကျေပာသည်။

ငါးရွဥ့္မိုး အေကာင်ရေအစုံ ၂၀၀ ခန့်ကို ယခု မေလ သို့မဟုတ် ဇြန္လအတြင်း တင်သြင်းသြားမည်ျဖစ်ပြီး ရန် ကုန္တိုင်း ဒေသကြီးအတြင်း စမ်းသပ္လုပ်ဆောင်သြားမည်ျဖစ်ကြောင်း သိရသည်။


"ျပည္တငြ်းမိုးကို စမ်းသပ်နေတာလဲ မရပ္ပါဘူး။ အချုပည္တငြ်းမိုးလည်း ရွိနေတာ့ သူ့ကိုလည်း ဆေးထိုးဖို့ လုပ်နေတယ်။ ဗီယက္နမ္က တင်သြင်းမယ့် အစုံ ၂၀၀ ကိုလည်း တစ်ရာစီ ခြဲလိုက္မယ်။ အစုံတစ်ရာကို ဆေး တစ္မိုးထိုးမယ်။ ဘယ်ဟာက သားပေါက္နှုန်း ကောင်းလည်းဆိုတာ သုတေသနလုပ်ပြီးတော့ ရလာတဲ့ သား ပေါက္ကို ကိုယ့်ဟာကိုယ်ျပန်မြေးမယ်။ျပန်ဖောက္လို့ ရေအာင္ပဲ လုပ်ဆောင္မယ်။ အဲ့ဒါမွလည်း မြေျးမူရေးအ တြက် မ်ားမ်ားစားစား ထုတ္လို့ရမွာပါ " ဟု ဒေါက္တာတိုးနန္ဒာတင္ကျေပာသည်။

ျမန္မာနိုင်ငံ ငါးလုပ်ငန်းအဖြဲ့ခ်ုပ္မွ တာဝန်ရွိသူမ်ားသည် ၂၀၁၇ ခုနွစ်အတြင်းက ဗီယက္နမ္နိုင်ငံသို့ သြားရောက် ကာ ငါးရွဥ့်သားဖောက္မှု နည်းပညာကို လေ့လာခဲ့ပြီးနောက် ပထမအကြိမ် ငါးရွဥ့်သား ဖောက်ျခင်းလုပ်ငန်းကို ၂၀၁၇ ခုနွစ် အောက္တိုဘာလမွ ၂၀၁၈ ခုနွစ် မေလအထိ ၇ လအကျြာမန္မာနိုင်ငံငါး လုပ်ငန်းအဖြဲ့ခ်ုပ်ရုံးျေမ နေရာ၌ ငါးရွည့်အစုံ ၁၀၀ ကို စမ်းသပ် သားဖောက္ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ပထမအကြိမ် စမ်းသပ် သားဖောက္ခဲ့သ္လောည်း အောင်ျမင္မှုမရွိခဲ့ကြောင်း ၎င်းကဆိုသည်။

ငါးရွဥ့္တစ်ကောင်သည် အနည်းဆုံး ဥ (၂ဝဝ) မွ (၁ဝဝဝ) အကြား ဥနိုင်သျဖင့် ယခုသားဖောက္လုပ်ငန်း အောင်ျမင္ပါက တစ္ပိုင္တစ္နိုင် ငါးမြေျးမူသူမ်ား အလြယ္တကူ မြေျးမူနိုင္မည်ျဖစ်သည်။

ျမန္မာနိုင်ငံမွ ငါးရွဥ့္ကို တရုတ္နိုင်ငံသို့ အဓိကတင္ပို့နျေခင်ျးဖစ်ပြီး ထိုင်းနိုင်ငံသို့လည်း တင္ပို့လ်က်ရွိကြောင်း သိရသည်။

Leave a comment