Tuesday, November 19, 2019

ဓာတ္ပံု- Ministry of Commerce

ရန္ကုန္၊ ေအာက္တိုဘာ  ၂

ျမန္မာႏုိင္ငံတြင္ ေဆာင္းသီးႏွံအျဖစ္ စိုက္ပ်ိဳးမႈမ်ားသည့္ ေျမေထာက္ပဲကို တရုတ္ႏိုင္ငံ အပါအ၀င္ ေစ်းကြက္ အင္အားႀကီး ႏုိင္ငံ ငါးခုမွ ႏွစ္စဥ္တင္သြင္းေနမႈေၾကာင့္ ေတာင္သူမ်ားအေနျဖင့္ ပဲအစားထိုး သီးႏွံအျဖစ္ က်ယ္ က်ယ္ျပန္႔ျပန္႔ စိုကပ်ိဳးၾကရန္ လိုအပ္ေနေၾကာင္း ကုန္သည္မ်ားက တိုက္တြန္းလိုက္သည္။

“ ဘ႑ာႏွစ္အလိုက္ တင္ပို႔မႈႏႈန္းက တက္လာတယ္။ ဒါေပမယ့္ ျပည္တြင္းမွာ ပိုစားသံုးတာျဖစ္လို႔ မတ္ပဲ၊ ပဲ စင္းငံုေတြအစား အစားထိုးစိုက္ဖို႔လိုတဲ့ သီးႏွံတစ္မ်ိဳး ျဖစ္လာတယ္။ ျပည္ပကို လိုသေလာက္ မပို႔ႏုိင္ေသးဘူး” ဟု မႏၱေလးရွိ ဇရာေျမလပ္ပြဲရုံပိုင္ရွင္ ဦးေက်ာ္ခန္႔က ေျပာသည္။

လက္ရွိ ေျမေထာက္ပဲ အမ်ားဆံုးတင္ပို႔သည့္ ျပည္တြင္းရွိ ကုန္စည္ဒိုင္မ်ားမွာ မႏၱေလးကုန္စည္ဒိုင္ ၊ မံုရြာ ကုန္စည္ဒိုင္ႏွင့္ မူဆယ္ကုန္စည္ဒိုင္တို႔ျဖစ္ၿပီး တစ္တန္လွ်င္ အနိမ့္ဆံုးေစ်း ၆၇၀,၀၀၀ ေက်ာ္ အျမင့္ဆံုးေစ်း ၇၀၀,၀၀၀ ေက်ာ္ အထိ ရရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ေျမေထာက္ပဲကို ေဆာင္းသီးႏွံအျဖစ္ ေအာက္တိုဘာလ၊ ႏုိ၀င္ဘာလမ်ားတြင္ စိုက္ပ်ိဳးၿပီး ေဖ ေဖာ္၀ါရီလ၊ မတ္လႏွင့္ ဧၿပီလတို႔တြင္ ရိတ္သိမ္းေၾကာင္း သိရသည္။

စစ္ကိုင္းတုိင္းေဒသႀကီး ဟုမၼလင္းၿမိဳ႕နယ္ရွိ ေတာင္သူဦးျမင့္ကို က “ ေျမေထာက္ပဲက ေဆာင္းမွာ သီးထပ္အ ေနနဲ႔ စိုက္တာမ်ားတယ္။ ဒီဘက္မွာေတာ့ မိုးစပါးအၿပီးလည္း စိုက္တယ္။ ေစ်းကြက္ကေတာ့ မံုရြာဒိုင္မွာ ရွိ တယ္။ အဲ့ဒီက ကုန္သည္ေတြက ေစ်းျဖတ္၀ယ္တာ မ်ားတယ္” ဟု ေျပာသည္။

လက္ရွိ ေျမေထာက္ပဲ အမ်ားဆံုး တင္သြင္းသည့္ ႏုိင္ငံမ်ားမွာ အီတလီ၊ ျပင္သစ္၊ ကေနဒါ၊ ဘယ္လ္ဂ်ီယံႏွင့္ ယူ ႏုိက္တက္ကင္းဒမ္းႏုိင္ငံတို႔ျဖစ္ၿပီး တင္ပို႔ေနသည့္ႏုိင္ငံမ်ားမွာ တရုတ္၊ ကေနဒါ၊ နီကာရာဂြာႏုိင္ငံ၊ အီေကြေဒါ ၊ အာဂ်င္တီးနားႏွင့္ ျမန္မာႏုိင္ငံတို႔ျဖစ္ေၾကာင္း သိရသည္။

ေျမေထာက္ပဲကို ကခ်င္၊ ရခိုင္၊ ရွမ္းျပည္နယ္၊ စစ္ကိုင္းႏွင့္ မႏၱေလးတုိင္း ေဒသႀကီးတို႔တြင္ အဓိကစိုက္ပ်ိဳးၾကၿပီး မူရင္းမ်ိဳးစိတ္ေဒသမွာ ျမန္မာႏုိင္ငံမွျဖစ္ေၾကာင္း သိရသည္။

ျမန္မာ့ေျမေထာက္ပဲ ၂၀၁၅-၁၆ ဘ႑ာႏွစ္တြင္ နယ္စပ္ႏွင့္ ပင္လယ္ေရေၾကာင္းမွ တန္ခ်ိန္ ၂၁,၀၀၀ ေက်ာ္ တင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၁၄ သန္းေက်ာ္၊ ၂၀၁၆-၁၇ ဘ႑ာႏွစ္တြင္ တန္ခ်ိန္ ၂၅,၀၀၀ ေက်ာ္ တင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၁၆ သန္းေက်ာ္၊ ၂၀၁၇-၁၈ ဘ႑ာႏွစ္တြင္ တန္ခ်ိန္ ၂၅,၀၀၀ ေက်ာ္ထိ တင္ပို႔ထားႏုိင္ေၾကာင္း သိရသည္။

 

Unicode

ရန်ကုန်၊ အောက်တိုဘာ ၂


မြန်မာနိုင်ငံတွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးမှုများသည့် မြေထောက်ပဲကို တရုတ်နိုင်ငံ အပါ အဝင် စျေးကွက် အင်အားကြီး နိုင်ငံ ငါးခုမှ နှစ်စဉ်တင်သွင်းနေမှုကြောင့် တောင်သူများအနေဖြင့် ပဲအစားထိုး သီးနှံအဖြစ် ကျယ် ကျယ်ပြန့်ပြန့် စိုကပျိုးကြရန် လိုအပ်နေကြောင်း ကုန်သည်များက တိုက်တွန်းလိုက်သည်။


“ ဘဏ္ဍာနှစ်အလိုက် တင်ပို့မှုနှုန်းက တက်လာတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ပိုစားသုံးတာဖြစ်လို့ မတ်ပဲ၊ ပဲ စင်းငုံတွေအစား အစားထိုးစိုက်ဖို့လိုတဲ့ သီးနှံတစ်မျိုး ဖြစ်လာတယ်။ ပြည်ပကို လိုသလောက် မပို့နိုင်သေးဘူး” ဟု မန္တလေးရှိ ဇရာမြေလပ်ပွဲရုံပိုင်ရှင် ဦးကျော်ခန့်က ပြောသည်။


လက်ရှိ မြေထောက်ပဲ အများဆုံးတင်ပို့သည့် ပြည်တွင်းရှိ ကုန်စည်ဒိုင်များမှာ မန္တလေးကုန်စည်ဒိုင် ၊ မုံရွာ ကုန်စည်ဒိုင်နှင့် မူဆယ်ကုန်စည်ဒိုင်တို့ဖြစ်ပြီး တစ်တန်လျှင် အနိမ့်ဆုံးစျေး ၆၇၀,၀၀၀ ကျော် အမြင့်ဆုံးစျေး ရ၀၀,၀၀၀ ကျော် အထိ ရရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မြေထောက်ပဲကို ဆောင်းသီးနှံအဖြစ် အောက်တိုဘာလ၊ နို၀င်ဘာလများတွင် စိုက်ပျိုးပြီး ဖေ ဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင် ရိတ်သိမ်းကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ရှိ တောင်သူဦးမြင့်ကို က “ မြေထောက်ပဲက ဆောင်းမှာ သီးထပ်အ နေနဲ့ စိုက်တာများတယ်။ ဒီဘက်မှာတော့ မိုးစပါးအပြီးလည်း စိုက်တယ်။ စျေးကွက်ကတော့ မုံရွာဒိုင်မှာ ရှိ တယ်။ အဲ့ဒီက ကုန်သည်တွေက စျေးဖြတ်ဝယ်တာ များတယ်” ဟု ပြောသည်။


လက်ရှိ မြေထောက်ပဲ အများဆုံး တင်သွင်းသည့် နိုင်ငံများမှာ အီတလီ၊ ပြင်သစ်၊ ကနေဒါ၊ ဘယ်လ်ဂျီယံနှင့် ယူ နိုက်တက်ကင်းဒမ်းနိုင်ငံတို့ဖြစ်ပြီး တင်ပို့နေသည့်နိုင်ငံများမှာ တရုတ်၊ ကနေဒါ၊ နီကာရာဂွာနိုင်ငံ၊ အီကွေဒေါ ၊ အာဂျင်တီးနားနှင့် မြန်မာနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။


မြေထောက်ပဲကို ကချင်၊ ရခိုင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် အဓိကစိုက်ပျိုးကြပြီး မူရင်းမျိုးစိတ်ဒေသမှာ မြန်မာနိုင်ငံမှဖြစ်ကြောင်း သိရသည်။


မြန်မာ့မြေထောက်ပဲ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် နယ်စပ်နှင့် ပင်လယ်ရေကြောင်းမှ တန်ချိန် ၂၁,၀၀၀ ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄ သန်းကျော်၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၅,၀၀၀ ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆ သန်းကျော်၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၅,၀၀၀ ကျော်ထိ တင်ပို့ထားနိုင် ကြောင်း သိရသည်။

Leave a comment