Thursday, September 19, 2019

ျမန္မာႏိုင္ငံမွ လယ္ယာထြက္ကုန္မ်ား ထြက္ရွိခ်ိန္တိုင္းတြင္ တရုတ္ႏိုင္ငံ နယ္စပ္ကုန္သြယ္ေရး အာဏာပိုင္မ်ားမွ ဖမ္းဆီးစစ္ေဆးမႈမ်ားကို ျပဳလုပ္ေလ့ရွိသည္။ ဓာတ္ပံု- ၀တ္ရည္မြန္(AMIA)

ေအာက္တိုဘာ  ၁၃

ယခုရက္​ပိုင္​းအတြင္​း တရုတ္​ႏိုင္​ငံ၏ ႏိုင္ငံေရး အေျပာင္းအလဲမ်ားႏွင့္ တရုတ္နယ္စပ္ကုန္သြယ္ေရး တာ၀န္ရွိ သူမ်ား၏ စစ္ေဆးဖမ္းဆီးမႈမ်ား​ေၾကာင္​့ မူ ဆည္ ၁၀၅ မိုင္ ကုန္​စည္​ဒိုင္​တြင္​ ပဲတီစိမ္​း တစ္​မ်ိဳးမွလြဲၿပီး အျခား ပဲအမ်ိဳးမ်ိဳးႏွင့္ ကုန္စည္အခ်ိဳ႕မွာ အ​ေရာင္​း အဝယ္​မရွိ၊ ရပ္​တန္​႔​ေန​ေၾကာင္​း မူဆည္နယ္စပ္ ​ကုန္​သည္​မ်ားထံမွ သတင္းရရွိသည္​။

" ဒီရက္​ပိုင္​းမွာ သူတို႔ဘက္​မွာ အဖမ္​းအဆီး မ်ား​ေနတယ္​။ ​ေနာက္​ၿပီး ႏိုင္​ငံ​ေရးကိစၥရပ္​​ေတြလဲ ရ​ွိ​ေနတယ္​။ အ ရင္​ကဆို ကုန္​သည္​​ေတြ ျမန္​မာဘက္​အျခမ္​းမွာ ​အမ်ားႀကီးပဲ ။ အခုဆို ရွား​ေနၿပီ။ က်န္​တဲ့ကုန္​စည္​​ေတြက​ အ​ေရာင္​းအဝယ္​ ျဖစ္​​တယ္​။ ပဲ တစ္​ခုက်မွ ရပ္​တန္​႔​ေနတာ" ဟု မူဆည္​ၿမိဳ႕မွ ကုန္သည္​တစ္​ဦးျဖစ္​သူ ဦးအိုက္​​ေပါင္​း က ​ေျပာသည္​။

လက္​ရွိ မူဆည္​ ၁၀၅ မိုင္​ ကုန္​သြယ္​​ေရးစခန္​းတြင္​ ပဲယင္​း၊ ပဲႀကီး၊ ပဲလြန္​းျဖဴ၊ ပဲပုတ္​​ေစ့၊ ပဲစဥ္​းငုံ​၊ ေထာပတ္​ပဲ၊ မတ္​ပဲ (FAQ)၊ မတ္​ပဲ (SQ)ႏွင္​့ ​​ေျမပဲဆံ စသည့္ ပဲအမ်ိဳးအစားမ်ားမွာ အ​ေရာင္​းအဝယ္​ လုံးဝရပ္တန္​႔​ေန​ေၾကာင္​း ကုန္သည္မ်ားက ဆိုသည္​။ 

" သူတို႔ဘက္​က ပဲေစ်းကြက္​ဖြင္​့မွ ျပန္​​ေရာင္​းရမယ့္ သ​ေဘာျဖစ္​​ေနတယ္​။ အခု ကုန္​သြယ္​​ေရးစခန္​းမွာ ပဲ​ေတြက ပုံ​ေနၿပီ ။ မႏၱ​ေလး၊ မ​ေကြးဘက္​က ကုန္​သည္​​ေတြဆီက​ေန ထပ္​မပို႔ဖုိ႔ ​ေျပာထားရတယ္​။ ဒီပုံစံအတိုင္​းဆိုရင္​ ပဲ ​ေစ်း​ကြက္​ ျပန္​​ေကာင္​းဖို႔ ​ေတာ္​​ေတာ္​​ေစာင္​့ရဦးမယ္​ ထင္​တယ္​" ဟု ၁၀၅ မိုင္​ကုန္​သြယ္​​ေရးစခန္​းမွ ဦးထြန္​းလူက ​ေျပာသည္​။  

ယင္းအျပင္​ ႏွမ္​းမွာလည္​း ​အခြံခြၽတ္​ ႏွမ္​းတစ္​ခုသာ အ​ေရာင္​းအဝယ္​ ရွိ​ေနၿပီး က်န္​သည္​ ႏွမ္​းနက္​(စမုံ)၊ ႏွမ္​းနက္​၊ ႏွမ္​းညိဳ၊ ႏွမ္​းျဖဴတို႔မွာလည္​း ​အ​ေရာင္​းအဝယ္​ လုံးဝမရွိ၊ ရပ္တန္႔ေနေၾကာင္​း သိရသည္​။

ပဲ​ေစ်းကြက္​၊ ႏွမ္​း​ ေစ်းကြက္​မ်ားနည္​းတူ သၾကား၊ ​ေျပာင္​းဖူ​း​ေစ့ ေစ်းကြက္မ်ားတြင္လည္​း ​အေရာင္းအ၀ယ္ ရပ္ တန္႔ေနသည္မွာ တစ္​လ​ေက်ာ္​ေနၿပီျဖစ္​ၿပီး ျပည္​တြင္​း၌ ႀကံႏွင္​့​ ေျပာင္​းဖူးတို႔မွာ မၾကာခင္​​ေပၚလာမည္​ျဖစ္​​သည့္ အတြက္ ေစ်းကြက္အခက္အခဲမ်ား ျဖစ္ေပၚလာမည္ကို ေတာင္သူမ်ားႏွင့္ ကုန္သည္မ်ားမွ စိုးရိမ္ေနၾကေၾကာင္း သိရသည္​။

" တရုတ္​ႏိုင္​ငံ​ေရး အ​ေျခအ​ေနက ​ဒီတစ္​ခါ​ေတာ္​​ေတာ္​​ေလး ရိုက္​ခတ္​မႈ ရွိတယ္​လို႔ ​ေျပာလို႔ရတယ္​။ အခုဆို ဘယ္​​ေန႔၊ ဘယ္​ကုန္​ ရပ္​သြားမလဲဆိုၿပီး စိုးရိမ္​​ေနၾကရတယ္​" ဟု ကုန္​သည္​တစ္​ဦးက ​ေျပာသည္​။ 

ျမန္မာႏိုင္ငံဘက္မွ လယ္ယာထြက္ကုန္မ်ား လိႈင္လိႈင္ထြက္ရွိခ်ိန္တိုင္းတြင္ တရုတ္ႏိုင္ငံ နယ္စပ္ကုန္သြယ္ေရး တာ၀န္ရွိသူမ်ားမွ ကုန္သြယ္မႈစစ္ေဆးေရး လုပ္ငန္းမ်ားအား တင္ၾကပ္ဖမ္းဆီးမႈမ်ား ျပဳလုပ္ေလ့ ရွိသည္။

 

Unicode

အောက်တိုဘာ ၁၃


ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲများနှင့် တရုတ်နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိ သူများ၏ စစ်ဆေးဖမ်းဆီးမှုများကြောင့် မူ ဆည် ၁၀၅ မိုင် ကုန်စည်ဒိုင်တွင် ပဲတီစိမ်း တစ်မျိုးမှလွဲပြီး အခြား ပဲအမျိုးမျိုးနှင့် ကုန်စည်အချို့မှာ အရောင်း အဝယ်မရှိ၊ ရပ်တန့်နေကြောင်း မူဆည်နယ်စပ် ကုန်သည်များထံမှ သတင်းရရှိသည်။


" ဒီရက်ပိုင်းမှာ သူတို့ဘက်မှာ အဖမ်းအဆီး များနေတယ်။ နောက်ပြီး နိုင်ငံရေးကိစ္စရပ်တွေလဲ ရှိနေတယ်။ အ ရင်ကဆို ကုန်သည်တွေ မြန်မာဘက်အခြမ်းမှာ အများကြီးပဲ ။ အခုဆို ရှားနေပြီ။ ကျန်တဲ့ကုန်စည်တွေက အရောင်းအဝယ် ဖြစ်တယ်။ ပဲ တစ်ခုကျမှ ရပ်တန့်နေတာ" ဟု မူဆည်မြို့မှ ကုန်သည်တစ်ဦးဖြစ်သူ ဦးအိုက်ပေါင်း က ပြောသည်။


လက်ရှိ မူဆည် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတွင် ပဲယင်း၊ ပဲကြီး၊ ပဲလွန်းဖြူ၊ ပဲပုတ်စေ့၊ ပဲစဉ်းငုံ၊ ထောပတ်ပဲ၊ မတ်ပဲ (FAQ)၊ မတ်ပဲ (SQ)နှင့် မြေပဲဆံ စသည့် ပဲအမျိုးအစားများမှာ အရောင်းအဝယ် လုံးဝရပ်တန့်နေကြောင်း ကုန်သည်များက ဆိုသည်။


" သူတို့ဘက်က ပဲစျေးကွက်ဖွင့်မှ ပြန်ရောင်းရမယ့် သဘောဖြစ်နေတယ်။ အခု ကုန်သွယ်ရေးစခန်းမှာ ပဲတွေက ပုံနေပြီ ။ မန္တလေး၊ မကွေးဘက်က ကုန်သည်တွေဆီကနေ ထပ်မပို့ဖို့ ပြောထားရတယ်။ ဒီပုံစံအတိုင်းဆိုရင် ပဲ စျေးကွက် ပြန်ကောင်းဖို့ တော်တော်စောင့်ရဦးမယ် ထင်တယ်" ဟု ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှ ဦးထွန်းလူက ပြောသည်။

ယင်းအပြင် နှမ်းမှာလည်း အခွံချွတ် နှမ်းတစ်ခုသာ အရောင်းအဝယ် ရှိနေပြီး ကျန်သည် နှမ်းနက်(စမုံ)၊ နှမ်းနက်၊ နှမ်းညို၊ နှမ်းဖြူတို့မှာလည်း အရောင်းအဝယ် လုံးဝမရှိ၊ ရပ်တန့်နေကြောင်း သိရသည်။


ပဲစျေးကွက်၊ နှမ်း စျေးကွက်များနည်းတူ သကြား၊ ပြောင်းဖူးစေ့ စျေးကွက်များတွင်လည်း အရောင်းအဝယ် ရပ် တန့်နေသည်မှာ တစ်လကျော်နေပြီဖြစ်ပြီး ပြည်တွင်း၌ ကြံနှင့် ပြောင်းဖူးတို့မှာ မကြာခင် ပေါ်လာမည်ဖြစ်သည့် အတွက် စျေးကွက်အခက်အခဲများ ဖြစ်ပေါ်လာမည်ကို တောင်သူများနှင့် ကုန်သည်များမှ စိုးရိမ်နေကြကြောင်း သိရသည်။


" တရုတ်နိုင်ငံရေး အခြေအနေက ဒီတစ်ခါတော်တော်လေး ရိုက်ခတ်မှု ရှိတယ်လို့ ပြောလို့ရတယ်။ အခုဆို ဘယ်နေ့၊ ဘယ်ကုန် ရပ်သွားမလဲဆိုပြီး စိုးရိမ်နေကြရတယ်" ဟု ကုန်သည်တစ်ဦးက ပြောသည်။


မြန်မာနိုင်ငံဘက်မှ လယ်ယာထွက်ကုန်များ လှိုင်လှိုင်ထွက်ရှိချိန်တိုင်းတွင် တရုတ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူများမှ ကုန်သွယ်မှုစစ်ဆေးရေး လုပ်ငန်းများအား တင်ကြပ်ဖမ်းဆီးမှုများ ပြုလုပ်လေ့ ရှိသည်။

 

Leave a comment