Tuesday, November 19, 2019

ဖမ္းဆီးရမိသည့္ ေအးခဲ၀က္သားမ်ားအား မီးရိႈ႕ဖ်က္ဆီးရန္ ျပင္ဆင္ေနသည္ကို ေတြ႕ရစဥ္။ ဓာတ္ပံု- မွိဳင္းေ၀(AMIA)

ရန္ကုန္၊    ဒီဇင္ဘာ ၁၀

 

ျမန္မာႏိုင္ငံ၏ အိမ္နီးခ်င္း တရုတ္ႏိုင္ငံတြင္ အာဖရိက ၀က္တုပ္ေကြးေရာဂါ ျဖစ္ပြားေန၍ ျပည္ပမွ ၀က္သားေပါက္၊ ေအးခဲ၀က္သားႏွင့္ ေအးခဲ ၀က္သားျပားမ်ား တင္သြင္းခြင့္ျပဳျခင္းကုိ ယာယီရပ္ဆိုင္း ထားမည္ျဖစ္ေၾကာင္း  ကုန္သြယ္ေရးဦးစီးဌာန၊ ပို႔ကုန္သြင္းကုန္ လုပ္ငန္းဌာနခြဲမွ အသိေပးထုတ္ျပန္ ထားသည္။

ယင္းကို ၿပီးခဲ့သည့္ ႏို၀င္ဘာလ (၂၂) ရက္ေန႔က ျပဳလုပ္ခဲ့သည့္ လုပ္ငန္းညွိႏႈိင္းအစည္းအေ၀း လမ္း ညႊန္ခ်က္အရ ထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 “ အိမ္နီးခ်င္း ႏိုင္ငံမွာ ၀က္နဲ႔ ပက္သက္တဲ့ေရာဂါ ရွိေနတဲ့အခါက်ေတာ့ ကၽြန္ေတာ္တို႔ ဘက္ကလဲ ေဆာင္ရြက္စရာ ရွိတာကို ေဆာင္ရြက္ေနတာေပါ့။ လံုး၀ရပ္ဆိုင္းလိုက္တာ မဟုတ္ပါဘူး။  ၀က္တုပ္ ေကြးေရာဂါေၾကာင့္ ယာယီရပ္ဆိုင္းတဲ့ အေနအထားပါ” ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန လက္ေထာက္အတြင္း၀န္ ဦးခင္ေမာင္လြင္က ဆိုသည္။

ၿပီးခဲ့သည့္ ႏို၀င္ဘာလမွ စတင္ကာ တရုတ္ႏိုင္ငံတြင္  အဆိုပါအာဖရိက ၀က္တုပ္ေကြးေရာဂါ  ျဖစ္ပြား ေနျခင္းျဖစ္ၿပီး၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန၊ ေမြးျမဴေရး၊ စိုက္ပ်ိဳးေရးႏွွင့္ ဆည္ ေျမာင္း၀န္ႀကီးဌာနတို႔ႏွင့္ ညွိႏႈိင္း၍ တင္သြင္းခြင့္လိုင္စင္ ထုတ္ေပးမႈကို ယာယီရပ္ဆိုင္းခဲ့ျခင္း ျဖစ္သည္။

“ ေမြးျမဴေရးႏွင့္ ကုသေရး ဦးစီးဌာနက တင္သြင္းမႈနဲ႔ ပက္သက္ၿပီး ေထာက္ခံခ်က္ ေပးရတာဆိုေတာ့ ဒီဌာနဘက္ကိုလဲ ယာယီရပ္ဆိုင္းထားပါ ဆိုၿပီးေတာ့ တရား၀င္အေၾကာင္း ၾကားထားပါတယ္။ ကၽြန္ ေတာ္တို႔ဘက္ကလဲ တင္သြင္းခြင့္လိုင္စင္ ထုတ္ေပးတဲ့ကိစၥကို ယာယီရပ္ဆိုင္းထား လိုက္တယ္ “ ဟု ဦးခင္ေမာင္လြင္က ဆိုသည္။

ျပည္ပမွ ၀က္သားေပါက္၊ ေအးခဲ၀က္သားႏွင့္ ေအးခဲ၀က္သားျပားမ်ားကို တင္သြင္းျခင္းကို ျပည္ပခရီး သြား ဧည့္သည္မ်ားအတြက္ ရည္ရြယ္ကာ   တရား၀င္တင္သြင္းခြင့္ ျပဳထားျခင္းျဖစ္ေၾကာင္း စီးပြားေရး ႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာနမွ သိရသည္။

 

Unicode

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

မြန်မာနိုင်ငံ၏ အိမ်နီးချင်း တရုတ်နိုင်ငံတွင် အာဖရိက ၀က်တုပ်ကွေးရောဂါ ဖြစ်ပွားနေ၍ ပြည်ပမှ ၀က်သားပေါက်၊ အေးခဲဝက်သားနှင့် အေးခဲ ၀က်သားပြားများ တင်သွင်းခွင့်ပြုခြင်းကို ယာယီရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန် လုပ်ငန်းဌာနခွဲမှ အသိပေးထုတ်ပြန် ထားသည်။

ယင်းကို ပြီးခဲ့သည့် နိုဝင်ဘာလ (၂၂) ရက်နေ့က ပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်း ညွှန်ချက်အရ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အိမ်နီးချင်း နိုင်ငံမှာ ၀က်နဲ့ ပက်သက်တဲ့ရောဂါ ရှိနေတဲ့အခါကျတော့ ကျွန်တော်တို့ ဘက်ကလဲ ဆောင်ရွက်စရာ ရှိတာကို ဆောင်ရွက်နေတာပေါ့။ လုံးဝရပ်ဆိုင်းလိုက်တာ မဟုတ်ပါဘူး။ ၀က်တုပ် ကွေးရောဂါကြောင့် ယာယီရပ်ဆိုင်းတဲ့ အနေအထားပါ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ တရုတ်နိုင်ငံတွင် အဆိုပါအာဖရိက ၀က်တုပ်ကွေးရောဂါ ဖြစ်ပွား နေခြင်းဖြစ်ပြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မွေးမြူရေး၊ စိုက်ပျိုးရေးနှှင့် ဆည် မြောင်းဝန်ကြီးဌာနတို့နှင့် ညှိနှိုင်း၍ တင်သွင်းခွင့်လိုင်စင် ထုတ်ပေးမှုကို ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ် သည်။

“ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက တင်သွင်းမှုနဲ့ ပက်သက်ပြီး ထောက်ခံချက် ပေးရတာဆိုတော့ ဒီဌာနဘက်ကိုလဲ ယာယီရပ်ဆိုင်းထားပါ ဆိုပြီးတော့ တရားဝင်အကြောင်း ကြားထားပါတယ်။ ကျွန် တော်တို့ဘက်ကလဲ တင်သွင်းခွင့်လိုင်စင် ထုတ်ပေးတဲ့ကိစ္စကို ယာယီရပ်ဆိုင်းထား လိုက်တယ် “ ဟု ဦးခင်မောင်လွင်က ဆိုသည်။

ပြည်ပမှ ၀က်သားပေါက်၊ အေးခဲဝက်သားနှင့် အေးခဲဝက်သားပြားများကို တင်သွင်းခြင်းကို ပြည်ပခရီး သွား ဧည့်သည်များအတွက် ရည်ရွယ်ကာ တရားဝင်တင်သွင်းခွင့် ပြုထားခြင်းဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

 

Leave a comment