Tuesday, November 19, 2019

ေတာင္သူမ်ား အဆင္ေျပေစရန္ ေခ်းေငြ ထုတ္ယူကာလအား တစ္လတိုးျမွင့္ေပးျခင္း ျဖစ္သည္။ ဓာတ္ပံု- AMIA

မႏၱေလး၊    ဒီဇင္ဘာ   ၁၄

 

မႏၲ​ေလးတုိင္​း​ ေဒသႀကီးအတြင္းရွိ​ ျမန္​မာ့လယ္​ယာဖြံ႕ၿဖဳိး​ေရးဘဏ္​ခြဲမွ​ ေဆာင္​းသီးႏွံ စုိက္​ပ်ဳိးစရိတ္​​ေခ်း​ေငြ က်ပ္​သိန္​း​ေပါင္​း ၂၁၃,၈၇၀ ကို လာမည္​့ႏွစ္​ ဇန္​နဝါရီလကုန္​ထိ တိုးျမႇင္​့ထုတ္​​​ေခ်း​ ေပးသြားမည္​ျဖစ္​​ေၾကာင္​း ျမန္​မာ့ လယ္​ယာဖြံ႕ၿဖဳိး​ေရးဘဏ္​ခြဲ(မႏၱေလး) မွ တိုင္​း​ေဒသႀကီးမန္​​ေနဂ်ာ ဦးစုက ေျပာသည္​။

အဆိုပါ ​ေခ်း​ေငြမ်ားကုိ မႏၲ​ေလးတိုင္​း​ ေဒသႀကီးအတြင္​းရွိ ေဆာင္​းရာသီ သီးႏွံစုိက္​ပ်ဳိးထုတ္​လုပ္​သည္​့ ၿမိဳ႕နယ္​ ၁၄ ၿမိဳ႕နယ္​႐ွိ ​ေတာင္​သူမ်ားအတြက္​ အခ်ိန္တိုးျမႇုင္​့​ေခ်း​ေပးျခင္​း ျဖစ္​သည္​။

"တစ္​လ တိုးတာ​ေပါ့။ လမ္​းပန္​းဆင္​သြယ္​​ေရး အခက္​အခဲ​ေတြ ရွိတဲ့အတြက္​​ေနာက္​ထပ္​အခ်ိန္​ ထပ္​တိုးခ်ီးျမႇင္​့ တာပါ " ဟု မန္​​ေနဂ်ာ ဦးစုက ဆိုသည္​။ 

ေဆာင္​းသီႏွံ ​ေခ်း​ေငြအျဖစ္​ ျမန္​႔မာ့လယ္​ယာဖြ႕ံၿဖဳိး​ေရးဘဏ္​ (မႏၲ​ေလး)အ​ေနျဖင္​့​ ေဆာင္​းသီးႏွံ စုိက္​ပ်ဳိးစရိတ္​​ေခ်း​ေငြအတြက္​​ေငြက်ပ္​သိန္​း​ေပါင္​း ၂၁၃,၈၇၀ ခန္႔အား​​ စပါးဧက ၃၃,၁၉၂ ဧကႏွင္​့ အျခားသီးႏွံမ်ား ဧက ၁၆၄,၀၈၂ ခန္႔ကို ၿမိဳ႕နယ္​ ၁၄ ၿမိဳ႕နယ္​႐ွိ​ ေတာင္​သူမ်ား ထုတ္​​ေခ်း​ေပးသြားရန္​ လ်ာထား​ေၾကာင္​း သိရိွရသည္​။ 

​ေဆာင္​းသီးႏွံ စိုက္​စရိတ္​ ထုတ္​​ေခ်း​ေပးျခင္​းမွာ ယခုလ ၁၀ ရက္​​ေန႔အထိ ​ေတာင္​သူဦး​ေရ ၁၂,၅၆၂ ဦး၏ စပါး ႏွင္​့ အျခားသီးႏွံ ဧက​ေပါင္​း ၅၈,၄၈၈ အတြက္​​ေငြက်ပ္​ သိန္​း​ေပါင္​း  ၆၂၁၀ဒသမ၈၅ ခန္႔အား ထုတ္​​ေခ်းၿပီး ျဖစ္​​ေၾကာင္​း သိရွိရသည္​။ 

ၿပီးခဲ့သည္​့ႏွစ္​တြင္​​ေဆာင္​းရာသီ ​ေဆာင္​းသီးႏွံ စုိက္​ပ်ဳိးစရိတ္​​ေခ်း​ေငြ အေနျဖင့္ ေတာင္​သူဦး​ေရ ၃၈,၆၆၆​ ဦး၏ လယ္ယာေျမ ဧက​ေပါင္​း ၁၇၄,၇၇၃ အတြက္​​ေငြက်ပ္​ သိန္​း​ေပါင္​း ၁၁၈၂၆၀ဒသမ၅၀ ခန္႔ ထုတ္​​ေခ်းေပးခဲ့​ေၾကာင္း သိရွိရသည္​။ 

 

Unicode

မန္တလေး၊ ဒီဇင်ဘာ ၁၄

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ၂၁၃,၈၇၀ ကို လာမည့်နှစ် ဇန်နဝါရီလကုန်ထိ တိုးမြှင့်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ(မန္တလေး) မှ တိုင်းဒေသကြီးမန်နေဂျာ ဦးစုက ပြောသည်။


အဆိုပါ ချေးငွေများကို မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဆောင်းရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်သည့် မြို့နယ် ၁၄ မြို့နယ်ရှိ တောင်သူများအတွက် အချိန်တိုးမြှုင့်ချေးပေးခြင်း ဖြစ်သည်။


"တစ်လ တိုးတာပေါ့။ လမ်းပန်းဆင်သွယ်ရေး အခက်အခဲတွေ ရှိတဲ့အတွက် နောက်ထပ်အချိန် ထပ်တိုးချီးမြှင့် တာပါ " ဟု မန်နေဂျာ ဦးစုက ဆိုသည်။


ဆောင်းသီနှံ ချေးငွေအဖြစ် မြန့်မာ့လယ်ယာဖွ့ံဖြိုးရေးဘဏ် (မန္တလေး)အနေဖြင့် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေအတွက် ငွေကျပ်သိန်းပေါင်း ၂၁၃,၈၇၀ ခန့်အား စပါးဧက ၃၃,၁၉၂ ဧကနှင့် အခြားသီးနှံများ ဧက ၁၆၄,၀၈၂ ခန့်ကို မြို့နယ် ၁၄ မြို့နယ်ရှိ တောင်သူများ ထုတ်ချေးပေးသွားရန် လျာထားကြောင်း သိရှိရသည်။

ဆောင်းသီးနှံ စိုက်စရိတ် ထုတ်ချေးပေးခြင်းမှာ ယခုလ ၁၀ ရက်နေ့အထိ တောင်သူဦးရေ ၁၂,၅၆၂ ဦး၏ စပါး နှင့် အခြားသီးနှံ ဧကပေါင်း ၅၈,၄၈၈ အတွက် ငွေကျပ် သိန်းပေါင်း ၆၂၁၀ဒသမ၈၅ ခန့်အား ထုတ်ချေးပြီး ဖြစ်ကြောင်း သိရှိရသည်။


ပြီးခဲ့သည့်နှစ်တွင် ဆောင်းရာသီ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ အနေဖြင့် တောင်သူဦးရေ ၃၈,၆၆၆ ဦး၏ လယ်ယာမြေ ဧကပေါင်း ၁၇၄,၇၇၃ အတွက် ငွေကျပ် သိန်းပေါင်း ၁၁၈၂၆၀ဒသမ၅၀ ခန့် ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။

Leave a comment