Thursday, April 25, 2019

ကုန္သြယ္ေရးႏွင့္ တည္ေဆာက္ေရး လုပ္ငန္းမ်ားအတြက္လည္း ေခ်းေငြမ်ား ထုတ္ေခ်းေပးမည္ဟု ဆိုသည္။ ဓာတ္ပံု- ေကဇူး(AMIA)

ဒီဇင္ဘာ   ၁၄

သစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးသည့္ ေတာင္သူမ်ားအတြက္ စိုက္စရိတ္ေခ်းေငြ မ်ား ေခ်းေပးႏိုင္ရန္ အစီအစဥ္ေရးဆြဲလွ်က္ရွိေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ျပည္ေထာင္ စု၀န္ႀကီး ဦးစိုးဝင္းက ေျပာဆိုသည္။

ယခုလ ၁၄ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ကုန္သည္စက္မူ႔အသင္းခ်ဳပ္(UMFCCI) တြင္ ျပဳလုပ္သည့္ ပုဂၢ လိကက႑ ဖြံ႕ၿဖိဳးတိုးတက္ေရး ေကာ္မတီဥကၠ႒ ႏိုင္ငံေတာ္ဒုတိယသမၼတ (၁) ႏွင့္ ျမန္မာ့စီးပြားေရး လုပ္ငန္းရွင္မ်ား ပုံမွန္ေတြ႕ဆုံေဆြးေႏြးပြဲတြင္ ၎က ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“ ျမန္မာႏိုင္ငံ သစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအ သင္းအေနျဖင့္ စိုက္ပ်ိဳးစရိတ္ ေခ်းေငြမ်ားကို လိုအပ္ပါက ျမန္မာ့စီးပြားေရးဘဏ္က တစ္ဆင့္ ဂ်ိဳက္ကာ ႏွစ္ဆင့္ခံေခ်းေငြနဲ႔ ေငြထုတ္ေခ်းႏိုင္ရန္ အစီအစဥ္ေတြကို ကၽြန္ေတာ္တို႔ ေရးဆြဲလွ်က္ရွိပါတယ္ “ ဟု ျပည္ေထာင္စု၀န္ႀကီးက ဆိုသည္။

လက္ရွိတြင္ ဂ်ပန္ႏိုင္ငံ JICA ၏ ႏွစ္ဆင့္ခံေခ်းေငြျဖင့္ လိုအပ္သည့္ လုပ္ငန္းသံုးစက္ကိရိယာ ၀ယ္ ယူေရး၊ စိုက္ပ်ိဳးေရး အေျခခံပစၥည္းမ်ား ျမွင့္တင္ေရး၊ တင္ပို႔ႏိုင္ေရးႏွင့္ စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား ရရွိႏိုင္ ေရးတို႔အတြက္ လိုအပ္သည့္ အရင္းအႏွီးမ်ား ထုတ္ေခ်းႏိုင္ရန္ ေခ်းေငြစည္းကမ္းခ်က္မ်ားႏွင့္ အညီ စီ စစ္ျခင္း၊ ခိုင္လံုေသာ အာမခံရယူ၍ ေခ်းေငြႏႈန္းထားႏွင့္ ေခ်းေငြသက္တမ္း သတ္မွတ္ကာ ထုတ္ေခ်း ေပးလွ်က္ရွိသည္ဟု ဆိုသည္။

“ သစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးတဲ့ ေတာင္သူေတြကို ေခ်းေငြေပးမယ္လို႔ေတာ့ ျပည္ေထာင္စု၀န္ႀကီးက ေျပာသြားတယ္။ ဒါေပမဲ့၊ ေခ်းေငြပမာဏ ဘယ္ေလာက္ေခ်းမယ္ ဆိုတာမ်ိဳး ဘယ္လိုသတ္မွတ္ခ်က္ေတြ ရွိတယ္ဆိုတာမ်ိဳး အေသးစိတ္ မသိရေသးပါဘူး” ဟု ျမန္မာႏိုင္ငံ သစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္း ဒုတိယ ဥကၠဌ ေဒါက္တာျမင့္စိန္က ဆိုသည္။

ျပည္တြင္း SME လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္လည္း အဆိုပါ ဂ်ပန္ႏိုင္ငံ JICA ၏ ႏွစ္ဆင့္ ခံေခ်းေငြျဖင့္ SME ေခ်းေငြမ်ား အေကာင္အထည္ ေဆာင္ရြက္ေပးေနေၾကာင္း၊ ယင္းသို႔ ေဆာင္ရြက္ ေပးရာတြင္ SME လုပ္ငန္းမ်ား ေခ်းေငြရရွိမႈ လြယ္ကူေစရန္  ျမန္မာ့စီးပြားေရးဘဏ္ အပါအ၀င္ ျပည္ တြင္းဘဏ္ (၇) ခုမွတစ္ဆင့္ SME ေခ်းေငြမ်ား ေဆာင္ရြက္ေပးလွ်က္ရွိေၾကာင္း ျပည္ေထာင္စု ၀န္ႀကီး က ဆက္လက္ေျပာဆိုသည္။

လက္ရွိတြင္ ျမန္မာ့စီးပြားေရးဘဏ္အေနျဖင့္ ကုန္ထုတ္လုပ္ငန္း၊ ၀န္ေဆာင္မႈလုပ္ငန္း၊ သယ္ယူပို႔ ေဆာင္ေရးလုပ္ငန္း၊ ကုန္သြယ္မႈလုပ္ငန္း၊ တည္ေဆာက္ေရး လုပ္ငန္းမ်ားကိုလည္း ကာလရွည္၊ ကာ လလတ္၊ ကာလတို ေခ်းေငြမ်ား ထုတ္ေခ်းေပးလွ်က္ရွိေၾကာင္း သိရသည္။

 

Unicode

ဒီဇင်ဘာ ၁၄


သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးသည့် တောင်သူများအတွက် စိုက်စရိတ်ချေးငွေ များ ချေးပေးနိုင်ရန် အစီအစဉ်ရေးဆွဲလျှက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးစိုးဝင်းက ပြောဆိုသည်။


ယခုလ ၁၄ ရက်နေ့က ရန်ကုန်မြို့ရှိ ကုန်သည်စက်မူ့အသင်းချုပ်(UMFCCI) တွင် ပြုလုပ်သည့် ပုဂ္ဂ လိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဒုတိယသမ္မတ (၁) နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။


“ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအ သင်းအနေဖြင့် စိုက်ပျိုးစရိတ် ချေးငွေများကို လိုအပ်ပါက မြန်မာ့စီးပွားရေးဘဏ်က တစ်ဆင့် ဂျိုက်ကာ နှစ်ဆင့်ခံချေးငွေနဲ့ ငွေထုတ်ချေးနိုင်ရန် အစီအစဉ်တွေကို ကျွန်တော်တို့ ရေးဆွဲလျှက်ရှိပါတယ် “ ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။


လက်ရှိတွင် ဂျပန်နိုင်ငံ JICA ၏ နှစ်ဆင့်ခံချေးငွေဖြင့် လိုအပ်သည့် လုပ်ငန်းသုံးစက်ကိရိယာ ၀ယ် ယူရေး၊ စိုက်ပျိုးရေး အခြေခံပစ္စည်းများ မြှင့်တင်ရေး၊ တင်ပို့နိုင်ရေးနှင့် စိုက်ပျိုးစရိတ်ချေးငွေများ ရရှိနိုင် ရေးတို့အတွက် လိုအပ်သည့် အရင်းအနှီးများ ထုတ်ချေးနိုင်ရန် ချေးငွေစည်းကမ်းချက်များနှင့် အညီ စီ စစ်ခြင်း၊ ခိုင်လုံသော အာမခံရယူ၍ ချေးငွေနှုန်းထားနှင့် ချေးငွေသက်တမ်း သတ်မှတ်ကာ ထုတ်ချေး ပေးလျှက်ရှိသည်ဟု ဆိုသည်။


“ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့ တောင်သူတွေကို ချေးငွေပေးမယ်လို့တော့ ပြည်ထောင်စုဝန်ကြီးက ပြောသွားတယ်။ ဒါပေမဲ့၊ ချေးငွေပမာဏ ဘယ်လောက်ချေးမယ် ဆိုတာမျိုး ဘယ်လိုသတ်မှတ်ချက်တွေ ရှိတယ်ဆိုတာမျိုး အသေးစိတ် မသိရသေးပါဘူး” ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဒုတိယ ဥက္ကဌ ဒေါက်တာမြင့်စိန်က ဆိုသည်။


ပြည်တွင်း SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဆိုပါ ဂျပန်နိုင်ငံ JICA ၏ နှစ်ဆင့် ခံချေးငွေဖြင့် SME ချေးငွေများ အကောင်အထည် ဆောင်ရွက်ပေးနေကြောင်း၊ ယင်းသို့ ဆောင်ရွက် ပေးရာတွင် SME လုပ်ငန်းများ ချေးငွေရရှိမှု လွယ်ကူစေရန် မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ပြည် တွင်းဘဏ် (၇) ခုမှတစ်ဆင့် SME ချေးငွေများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း ပြည်ထောင်စု ၀န်ကြီး က ဆက်လက်ပြောဆိုသည်။


လက်ရှိတွင် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ကုန်ထုတ်လုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်း၊ သယ်ယူပို့ ဆောင်ရေးလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ တည်ဆောက်ရေး လုပ်ငန်းများကိုလည်း ကာလရှည်၊ ကာ လလတ်၊ ကာလတို ချေးငွေများ ထုတ်ချေးပေးလျှက်ရှိကြောင်း သိရသည်။

 

Leave a comment