Tuesday, November 19, 2019

အက်ိဳးတူ စိုက္ပ်ိဳးလုပ္ကိုင္လိုသူမ်ား အေနျဖင့္ ျမန္မာႏုိင္ငံ ဆီစက္ပိုင္ရွင္မ်ားအသင္းသို႔ ဆက္သြယ္ႏိုင္သည္။ ဓာတ္ပံု- မွိဳင္းေ၀(AMIA)

ဒီဇင္ဘာ   ၁၉

ေျမပဲအမ်ားဆံုး စိုက္ပ်ိဳးရာ တိုင္းေဒသႀကီးမ်ားတြင္ ေတာင္သူမ်ားႏွင့္ ပူးေပါင္း၍ စံျပစုိက္ကြက္မ်ား စိုက္ပ်ိဳးျခင္း အား ကန္ထရုိက္စနစ္ျဖင့္ စိုက္ပ်ိဳးလုပ္ကုိင္လိုပါက ျမန္မာႏုိင္ငံ ဆီစက္ပိုင္ရွင္မ်ားအသင္းသို႔ ဆက္သြယ္အကူ အညီ ေတာင္းခံႏုိင္ေၾကာင္း အသင္း၏ ဥကၠဌ ဦးခင္စိုးက ေျပာသည္။

လက္ရွိတြင္ ျမန္မာနိင္ငံ ဆီစက္ပိုင္ရွင္မ်ားအသင္းအေနျဖင့္ ေျမပဲ စံျပစိုက္ကြင္းမ်ားကို မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာ ၿမိဳ႕နယ္တြင္ ဧက ၅၀ ခန္႔ ၊ ျမင္းၿခံၿမိဳ႕နယ္တြင္ ဧက ၃၀၀ ခန္႔၊ စစ္ကိုင္းတိုင္းေဒသႀကီး မုံရြာၿမိဳ႕နယ္တြင္ ဧက ၃၀ ခန္႔ကို စိုက္ပ်ိဳးလုပ္ကိုင္ေနၿပီး စစ္ကိုင္းတိုင္းေဒသႀကီး ကသာခရုိင္၊  ရွမ္းျပည္ေတာင္ပိုင္း ဘန္းယဥ္ ေက်းရြာ၊ ကယာျပည္နယ္၊ ကရင္ေက်းရြာအုပ္စု ဆင္ျဖဴေက်းရြာတို႔တြင္ ဘိန္းအစားထိုး သီးႏွံအျဖစ္ ေျမပဲ စိုက္ ပ်ိဳးႏုိင္ေရးကိုလည္း ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

“ ဆီထြက္သီးႏွံ စိုက္ပ်ိဳးတဲ့ ေဒသေတြမွာ ေတာင္သူေတြနဲ႔ ပူးေပါင္းၿပီးေတာ့ Pilot project ေတြ ခြဲၿပီးေတာ့ စိုက္ပ်ိဳးေနသလို ေျမပဲစိုက္နည္းေတြ ရရွိေအာင္ ထိုင္၀မ္နဲ႔ တရုတ္ပညာရွင္ေတြ ေခၚယူၿပီးေတာ့ ေဆြးေႏြး တာ ေတြ ေဆာင္ရြက္ေပးေနသလို ေတာင္သူေတြကိုလည္း ျပည္ပခရီးေတြ ေစလႊတ္ၿပီးေတာ့ ေလ့လာေရးခရီးေတြ ေစလြတ္သလို ေနာက္ထပ္လည္း ေစလြတ္ႏိုင္ဖို႔ ေဆာင္ရြက္ေနတယ္” ဟု  ဦးခင္စိုးက ေျပာသည္။

ယင္းအျပင္ ျပည္တြင္း ဆီႏွင့္ ဆီထြက္သီးႏွံ ဖူလုံေရး၊ က်မ္းမာေရးႏွင့္ ညီညြတ္ေသာ အရည္အေသြးမီ စားသုံး ဆီမ်ား ထုတ္လုပ္ျဖန္႔ျဖဴးႏိုင္ေရး၊ ျပည္တြင္းဆီစက္မ်ား၏ လုပ္ငန္းမ်ား ရွင္သန္ဖြံ႕ၿဖိဳးလာေစေရးတို႔အတြက္ ရည္ မွန္းခ်က္ထား ေဖာ္ေဆာင္ေနေၾကာင္း ၎က ဆက္လက္ေျပာဆိုသည္။

ထို႔ျပင္ ေျမပဲစိုက္ပ်ိဳးေရးမွ  စိုက္ပ်ိဳးေတာင္သူမ်ား၏ အဓိကလိုအပ္ခ်က္မ်ားျဖစ္ေသာ မ်ိဳးေကာင္းမ်ိဳးသန္႔ ရရွိေရး ၊ စုိက္ပ်ိဳးနည္းပညာေကာင္းမ်ား ရရွိေရး၊ စြမ္းအားျပည့္ စက္ကိရိယာမ်ား သုံးစြဲနိင္ေရး၊ ထိေရာက္ေသာ သြင္း အားစုမ်ား သုံးစြဲနိင္ေရးႏွင့္ ေစ်းကြက္အာမခံခ်က္ ရရွိနိင္ေရးတို႔အတြက္ စိုက္ပ်ိဳးေတာင္သူမ်ားအား ပံ႔ပိုး ကူညီမႈ မ်ား လုပ္ေဆာင္ေပအးသြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ကသာခရုိင္အတြင္း၌ ဆီထြက္သီးနွံ စိုက္ဧက ကိုးေသာင္းခြဲေက်ာ္ ရွိၿပီး ႏွစ္စဥ္ တစ္ဧက အထြက္ ႏႈန္း တင္း ၄၀ ခန္႔သာ ထြက္ရွိေၾကာင္း ကသာခရုိင္ရွိ ဒုတိယခရုိင္မွဴး ဦးေက်ာ္စြန္ေဌးက ဆိုသည္။

“ အသင္းဘက္ကေန နည္းပညာ၊ စက္နဲ႔ ေငြေၾကး ပံ့ပိုးမႈေတြ လိုအပ္တယ္။ ေတာင္သူေတြကလည္း ေျမပဲနဲ႔ ပတ္သက္တာ အသင္းဘက္ကေန ေဆာင္ရြက္ေပးတာေတြကို လုိက္ပါေဆာင္ရြက္ၾကမယ္ဆိုရင္ ၀င္ေငြတိုးပြား လာဖို႔နဲ႔ မ်ိဳးေစ့လိုအပ္တာေတြ ျဖည့္ဆည္းလာႏုိင္မွာ ျဖစ္တယ္” ဟု ၎က ေျပာသည္။

လက္ရွိ ျမန္မာႏုိင္ငံတြင္ အမ်ားဆံုးစိုက္ပ်ိဳးသည့္ ေျမပဲအမ်ိဳးအစားမ်ားမွာ စိပန္၊ ေရဆင္း ၇၊ သိပ ၁၂၁၊ ထြန္ တာနီ၊ ေက်ာင္းကုန္း၊ ဂ်ပန္ႀကီး၊ ဆင္းပေဒသာ( ၇၊၈၊၉) မေကြးပင္ျပန္႔ႏွင့္ မေကြးမ်ိဳး( ၁၀၊၁၁၊ ၁၂၊ ၁၃၊၁၅) မ်ိဳးတို႔ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ေျမပဲ အစိုက္မ်ားဆံုး စိုက္ပ်ိဳးသည့္ ေဒသမ်ားမွာ မေကြးတိုင္းေဒသႀကီး၊  မင္းဘူးၿမိဳ႕၊ စလင္းၿမိဳ႕၊ ပခုကၠဴၿမိဳ႕၊ ေရစႀကိဳၿမိဳ႕၊  ေျမာင္ၿမိဳ႕တို႔ျဖစ္ၾကၿပီး ဧရာဝတီတိုင္းေဒသႀကီး၊ အင္ပင္ၿမိဳ႕၊ ႀကံခင္းၿမိဳ႕၊ ျမန္ေအာင္ၿမိဳ႕ စသည့္ ေဒသမ်ား၌လည္း စိုက္ပ်ိဳးၾကသည္။

 

Unicode

ဒီဇင်ဘာ ၁၉


မြေပဲအများဆုံး စိုက်ပျိုးရာ တိုင်းဒေသကြီးများတွင် တောင်သူများနှင့် ပူးပေါင်း၍ စံပြစိုက်ကွက်များ စိုက်ပျိုးခြင်း အား ကန်ထရိုက်စနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်လိုပါက မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းသို့ ဆက်သွယ်အကူ အညီ တောင်းခံနိုင်ကြောင်း အသင်း၏ ဥက္ကဌ ဦးခင်စိုးက ပြောသည်။


လက်ရှိတွင် မြန်မာနိင်ငံ ဆီစက်ပိုင်ရှင်များအသင်းအနေဖြင့် မြေပဲ စံပြစိုက်ကွင်းများကို မန္တလေးတိုင်းဒေသကြီး၊ မတ္တရာ မြို့နယ်တွင် ဧက ၅၀ ခန့် ၊ မြင်းခြံမြို့နယ်တွင် ဧက ၃၀၀ ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် ဧက ၃၀ ခန့်ကို စိုက်ပျိုးလုပ်ကိုင်နေပြီး စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ရှမ်းပြည်တောင်ပိုင်း ဘန်းယဉ် ကျေးရွာ၊ ကယာပြည်နယ်၊ ကရင်ကျေးရွာအုပ်စု ဆင်ဖြူကျေးရွာတို့တွင် ဘိန်းအစားထိုး သီးနှံအဖြစ် မြေပဲ စိုက် ပျိုးနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


“ ဆီထွက်သီးနှံ စိုက်ပျိုးတဲ့ ဒေသတွေမှာ တောင်သူတွေနဲ့ ပူးပေါင်းပြီးတော့ Pilot project တွေ ခွဲပြီးတော့ စိုက်ပျိုးနေသလို မြေပဲစိုက်နည်းတွေ ရရှိအောင် ထိုင်ဝမ်နဲ့ တရုတ်ပညာရှင်တွေ ခေါ်ယူပြီးတော့ ဆွေးနွေး တာ တွေ ဆောင်ရွက်ပေးနေသလို တောင်သူတွေကိုလည်း ပြည်ပခရီးတွေ စေလွှတ်ပြီးတော့ လေ့လာရေးခရီးတွေ စေလွတ်သလို နောက်ထပ်လည်း စေလွတ်နိုင်ဖို့ ဆောင်ရွက်နေတယ်” ဟု ဦးခင်စိုးက ပြောသည်။


ယင်းအပြင် ပြည်တွင်း ဆီနှင့် ဆီထွက်သီးနှံ ဖူလုံရေး၊ ကျမ်းမာရေးနှင့် ညီညွတ်သော အရည်အသွေးမီ စားသုံး ဆီများ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး၊ ပြည်တွင်းဆီစက်များ၏ လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာစေရေးတို့အတွက် ရည် မှန်းချက်ထား ဖော်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။


ထို့ပြင် မြေပဲစိုက်ပျိုးရေးမှ စိုက်ပျိုးတောင်သူများ၏ အဓိကလိုအပ်ချက်များဖြစ်သော မျိုးကောင်းမျိုးသန့် ရရှိရေး ၊ စိုက်ပျိုးနည်းပညာကောင်းများ ရရှိရေး၊ စွမ်းအားပြည့် စက်ကိရိယာများ သုံးစွဲနိင်ရေး၊ ထိရောက်သော သွင်း အားစုများ သုံးစွဲနိင်ရေးနှင့် စျေးကွက်အာမခံချက် ရရှိနိင်ရေးတို့အတွက် စိုက်ပျိုးတောင်သူများအား ပံ့ပိုး ကူညီမှု များ လုပ်ဆောင်ပေအးသွားမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် ကသာခရိုင်အတွင်း၌ ဆီထွက်သီးနှံ စိုက်ဧက ကိုးသောင်းခွဲကျော် ရှိပြီး နှစ်စဉ် တစ်ဧက အထွက် နှုန်း တင်း ၄၀ ခန့်သာ ထွက်ရှိကြောင်း ကသာခရိုင်ရှိ ဒုတိယခရိုင်မှူး ဦးကျော်စွန်ဌေးက ဆိုသည်။


“ အသင်းဘက်ကနေ နည်းပညာ၊ စက်နဲ့ ငွေကြေး ပံ့ပိုးမှုတွေ လိုအပ်တယ်။ တောင်သူတွေကလည်း မြေပဲနဲ့ ပတ်သက်တာ အသင်းဘက်ကနေ ဆောင်ရွက်ပေးတာတွေကို လိုက်ပါဆောင်ရွက်ကြမယ်ဆိုရင် ၀င်ငွေတိုးပွား လာဖို့နဲ့ မျိုးစေ့လိုအပ်တာတွေ ဖြည့်ဆည်းလာနိုင်မှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။


လက်ရှိ မြန်မာနိုင်ငံတွင် အများဆုံးစိုက်ပျိုးသည့် မြေပဲအမျိုးအစားများမှာ စိပန်၊ ရေဆင်း ရ၊ သိပ ၁၂၁၊ ထွန် တာနီ၊ ကျောင်းကုန်း၊ ဂျပန်ကြီး၊ ဆင်းပဒေသာ( ရ၊၈၊၉) မကွေးပင်ပြန့်နှင့် မကွေးမျိုး( ၁၀၊၁၁၊ ၁၂၊ ၁၃၊၁၅) မျိုးတို့ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် မြေပဲ အစိုက်များဆုံး စိုက်ပျိုးသည့် ဒေသများမှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ စလင်းမြို့၊ ပခုက္ကူမြို့၊ ရေစကြိုမြို့၊ မြောင်မြို့တို့ဖြစ်ကြပြီး ဧရာဝတီတိုင်းဒေသကြီး၊ အင်ပင်မြို့၊ ကြံခင်းမြို့၊ မြန်အောင်မြို့ စသည့် ဒေသများ၌လည်း စိုက်ပျိုးကြသည်။

Leave a comment