Thursday, September 19, 2019

ၾကက္ေမြးျမဴေရး လုပ္ကိုင္ေနသည့္ က်းလက္ေဒသမ်ားတြင္ ကာကြယ္ေဆးမ်ား ထိုးႏွံေပးရန္ လိုအပ္ေနသည္။ ဓာတ္ပံု- မွိဳင္းေ၀(AMIA)

ဒီဇင္ဘာ   ၂၀

လက္ရွိ ျမန္မာႏုိင္ငံတြင္ ေမြးျမဴလုပ္ကိုင္လွ်က္ရွိသည့္ ၾကက္ေကာင္ေရ သန္း ၃၀၀ ေက်ာ္အနက္ ေက်းလက္ ေဒသမ်ားတြင္ ေမြးျမဴထားသည့္ ၾကက္ေကာင္ အေရအတြက္မွာ သန္း ၂၇၀ ေက်ာ္ ရွိသည့္အတြက္ ဓာတ္ခြဲခန္း ဆိုင္ရာပစၥည္းမ်ားအျပင္ လိုအပ္သည့္ နည္းပညာအကူအညီမ်ား ပံ့ပိုးေပးရန္လိုအပ္ေနေၾကာင္း ေမြးျမဴေရး လုပ္ငန္းရွင္မ်ားက ေျပာသည္။

“ ၾကက္ေမြးျမဴေရးမွာေတာ့ အဓိက အေရးႀကီးတာ ကူးစက္ေရာဂါ တားဆီးကာကြယ္ေရးနဲ႔ ျဖစ္ေပၚလာခဲ့ရင္ အခ်ိန္မီ ျပန္လည္ကုစား ေဆာင္ရြယႏိုင္မယ့္ နည္းလမ္းေတြကို ဓာတ္ခြဲစမ္းသပ္ႏိုင္ဖို႔ သက္ဆုိင္ရာဌာနေတြက လ်င္လ်င္ျမန္ျမန္ ကူညီႏုိင္ဖို႔ပါ” ဟု မႏၱေလးတုိင္းေဒသႀကီး၊ ျမစ္သားၿမိဳ႕နယ္ရွိ ၾကက္ေမြးျမဴေရးၿခံပိုင္ရွင္ ဦး ေက်ာ္လွက ေျပာသည္။

လက္ရွိ ေက်းလက္ေဒသမ်ား၌ တုိင္းရင္းၾကက္ေမြးျမဴသည့္ အိမ္ေထာင္စုမ်ားတြင္ ၾကက္လည္လိမ္ေရာဂါ ကာ ကြယ္ေဆးျဖစ္သည့္ အုိင္ 2 မ်က္စဥ္းေဆးအား ထုိးႏွံေပးထားျခင္းႏွင့္ လူသို႔ ကူးစက္ႏုိင္သည့္ ေရာဂါမ်ားအား ကာကြယ္ေပးႏိုင္ရန္ ေဆးပစၥည္းမ်ား လံုေလာက္စြာ ပ့ံပိုးေပးရန္လိုအပ္ေၾကာင္း ၎ကဆက္လက္ေျပာဆို သည္။

ႏုိင္ငံ၏  အသားထုတ္လုပ္မႈက႑တြင္ အေရးပါးေသာ ၾကက္ေမြးျမဴေရးမွာ ေက်းလက္ေဒသတြင္ ၈၇ ရာခိုင္ႏႈန္း ခန္႔ ရွိေနၿပီး တစ္ပုိင္တစ္ႏိုင္ ေမြးျမဴျခင္းမွ  စီးပြားျဖစ္ ေမြးျမဴသည္အထိ တိုးတက္လာေနေၾကာင္း သိရသည္။

 “ ႏုိင္ငံရဲ႕ ဥစားသံုးမႈက  တစ္ႏွစ္မွာ  စားသံုးမႈ (၂၄၆) လံုးခန္႔ ရွိလာလို႔ ဒီက႑ ဖြံ႕ၿဖိဳးလာဖို႔ ေဆာင္ရြက္ေန တယ္။ တိရစာၦန္ေရာဂါ ရွာေဖြေရး ဓာတ္ခြဲခန္းေတြ အဆင့္မွီေအာင္ ေဆာင္ရြက္ေနပါတယ္” ဟု စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာန အၿမဲတမ္း တြင္း၀န္ ေဒါက္တာခင္ေဇာ္က ေျပာသည္။

လက္ရွိတြင္ ၀န္ႀကီးဌာနေအာက္ရွိ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၏ တိရစာၦန္ေမြးျမဴ ထုတ္လုပ္မႈက႑ ဖြံ႕ၿဖိဳး တိုးတက္ေရး၊ ဓာတ္ခြဲခန္းမ်ား အဆင့္ျမႇင့္တင္ႏိုင္ေရး၊ တိရစာၦန္က်န္းမာေရးႏွင့္ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရး ဆိုင္ရာလုပ္ငန္း၊ ျမန္မာႏိုင္ငံရွိ တိရစာၦန္ဝန္ေဆာင္မႈ လုပ္ငန္းမ်ားႏွင့္ ေရာဂါရွာေဖြေရး ဓာတ္ခြဲခန္းမ်ားသည္ အ ဆင့္အတန္း တိုးတက္ေကာင္းမြန္သည္ကို ေတြ႕ရွိရၿပီး ကူးစက္ေရာဂါ အသစ္အဆန္းမ်ားအား အလ်င္အျမန္ ရွာ ေဖြႏိုင္ေရးအတြက္ ပိုမိုေကာင္းမြန္စြာ အဆင့္ျမႇင့္တင္ရန္ လိုအပ္ေၾကာင္း ၎ကဆိုသည္။

လက္ရွိ ေက်းလက္ေဒသမ်ားတြင္ တုိင္းရင္းၾကက္ ေမြးျမဴေရးက႑ ဖြံ႕ၿဖိဳးတုိးတက္မႈႏွင့္ ေကာင္းမြန္ေသာ ေမြး ျမဴေရးက်င့္စဥ္ဆုိင္ရာမ်ား ပညာေပးေဟာေျပာပြဲမ်ား၊ ပံ့ပိုးေရးအစီစဥ္မ်ား၊ ပညာရွင္မ်ားျဖင့္ ေတြ႕ဆံု၍ ေဆြးေႏြး တုိင္ပင္ႏုိင္မႈ၊ ဇီ၀လံုၿခံဳေရးနည္းလမ္းမ်ား၊ ေမြးျမဴေရးေျမေနရာ ခိုင္မာမႈ၊  ကာကြယ္ေဆးျဖစ္ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ႏုိင္မႈ စသည္လုပ္ငန္းမ်ား တိုးျမွင့္လုပ္ေဆာင္ေပးရန္ လိုအပ္ေနေၾကာင္း သိရသည္။

 

Unicode

ဒီဇင်ဘာ ၂၀


လက်ရှိ မြန်မာနိုင်ငံတွင် မွေးမြူလုပ်ကိုင်လျှက်ရှိသည့် ကြက်ကောင်ရေ သန်း ၃၀၀ ကျော်အနက် ကျေးလက် ဒေသများတွင် မွေးမြူထားသည့် ကြက်ကောင် အရေအတွက်မှာ သန်း ၂၇၀ ကျော် ရှိသည့်အတွက် ဓာတ်ခွဲခန်း ဆိုင်ရာပစ္စည်းများအပြင် လိုအပ်သည့် နည်းပညာအကူအညီများ ပံ့ပိုးပေးရန်လိုအပ်နေကြောင်း မွေးမြူရေး လုပ်ငန်းရှင်များက ပြောသည်။


“ ကြက်မွေးမြူရေးမှာတော့ အဓိက အရေးကြီးတာ ကူးစက်ရောဂါ တားဆီးကာကွယ်ရေးနဲ့ ဖြစ်ပေါ်လာခဲ့ရင် အချိန်မီ ပြန်လည်ကုစား ဆောင်ရွယနိုင်မယ့် နည်းလမ်းတွေကို ဓာတ်ခွဲစမ်းသပ်နိုင်ဖို့ သက်ဆိုင်ရာဌာနတွေက လျင်လျင်မြန်မြန် ကူညီနိုင်ဖို့ပါ” ဟု မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ရှိ ကြက်မွေးမြူရေးခြံပိုင်ရှင် ဦး ကျော်လှက ပြောသည်။


လက်ရှိ ကျေးလက်ဒေသများ၌ တိုင်းရင်းကြက်မွေးမြူသည့် အိမ်ထောင်စုများတွင် ကြက်လည်လိမ်ရောဂါ ကာ ကွယ်ဆေးဖြစ်သည့် အိုင် 2 မျက်စဉ်းဆေးအား ထိုးနှံပေးထားခြင်းနှင့် လူသို့ ကူးစက်နိုင်သည့် ရောဂါများအား ကာကွယ်ပေးနိုင်ရန် ဆေးပစ္စည်းများ လုံလောက်စွာ ပ့ံပိုးပေးရန်လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောဆို သည်။


နိုင်ငံ၏ အသားထုတ်လုပ်မှုကဏ္ဍတွင် အရေးပါးသော ကြက်မွေးမြူရေးမှာ ကျေးလက်ဒေသတွင် ၈၇ ရာခိုင်နှုန်း ခန့် ရှိနေပြီး တစ်ပိုင်တစ်နိုင် မွေးမြူခြင်းမှ စီးပွားဖြစ် မွေးမြူသည်အထိ တိုးတက်လာနေကြောင်း သိရသည်။


“ နိုင်ငံရဲ့ ဥစားသုံးမှုက တစ်နှစ်မှာ စားသုံးမှု (၂၄၆) လုံးခန့် ရှိလာလို့ ဒီကဏ္ဍ ဖွံ့ဖြိုးလာဖို့ ဆောင်ရွက်နေ တယ်။ တိရစ္ဆာန်ရောဂါ ရှာဖွေရေး ဓာတ်ခွဲခန်းတွေ အဆင့်မှီအောင် ဆောင်ရွက်နေပါတယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း တွင်းဝန် ဒေါက်တာခင်ဇော်က ပြောသည်။


လက်ရှိတွင် ၀န်ကြီးဌာနအောက်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်မွေးမြူ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်နိုင်ရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာလုပ်ငန်း၊ မြန်မာနိုင်ငံရှိ တိရစ္ဆာန်ဝန်ဆောင်မှု လုပ်ငန်းများနှင့် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများသည် အ ဆင့်အတန်း တိုးတက်ကောင်းမွန်သည်ကို တွေ့ရှိရပြီး ကူးစက်ရောဂါ အသစ်အဆန်းများအား အလျင်အမြန် ရှာ ဖွေနိုင်ရေးအတွက် ပိုမိုကောင်းမွန်စွာ အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။


လက်ရှိ ကျေးလက်ဒေသများတွင် တိုင်းရင်းကြက် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကောင်းမွန်သော မွေး မြူရေးကျင့်စဉ်ဆိုင်ရာများ ပညာပေးဟောပြောပွဲများ၊ ပံ့ပိုးရေးအစီစဉ်များ၊ ပညာရှင်များဖြင့် တွေ့ဆုံ၍ ဆွေးနွေး တိုင်ပင်နိုင်မှု၊ ဇီဝလုံခြုံရေးနည်းလမ်းများ၊ မွေးမြူရေးမြေနေရာ ခိုင်မာမှု၊ ကာကွယ်ဆေးဖြစ် ကူးစက်ရောဂါ ထိန်းချုပ်နိုင်မှု စသည်လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ပေးရန် လိုအပ်နေကြောင်း သိရသည်။

Leave a comment