Tuesday, December 10, 2019

မႏၱေလးတိုင္းေဒသႀကီးတြင္ တားျမစ္ထားသည့္ ပိုးသတ္ေဆး အမယ္ေပါင္း ၄၁ မ်ိဳးခန္႔ ရွိသည္။ ဓာတ္ပံု- မွိဳင္းေ၀(AMIA)

မႏၱေလး၊  ဒီဇင္ဘာ    ၂၁

မႏၲ​ေလးတိုင္​း ​ေဒသႀကီးအတြင္​းရွိ စိုက္ပ်ိဳးေရးသံုးပစၥည္း အေရာင္းဆိုင္​မ်ားတြင္​ တားျမစ္​ပိတ္​ပင္​ထား​ေသာပိုး သတ္​​ေဆးမ်ားကို ေရာင္​းခ်​ေနေၾကာင္း စစ္ေဆးေတြကရွိပါက တရားစြဲဆို အေရးယူသြားမည္​ျဖစ္​​ေၾကာင္​း မႏၲ​ေလးတုိင္​း​ေဒသႀကီး သီးႏွံကာကြယ္​​ေရးဌာနမွ လက္​​ေထာက္​ၫႊန္​ၾကား​ေရးမွဴး ေဒၚ​ေကသီ​ေဝက ေျပာဆိုလိုက္ သည္​။ 

လက္ရွိ မႏၲ​ေလးတိုင္​း​ ေဒသႀကီးအတြင္​း၌ ပိုးသတ္​​ေဆး​ေရာင္​းခ်သည္​့ ဆိုင္​​ေပါင္​း ၇၉၀ ရွိၿပီး ၊ ၎ဆိုင္​မ်ားတြင္​တားျမစ္​ထား​ေသာ ျမန္​မာစာအၫြန္​းမပါသည္​့ ပိုးသတ္​​​ေဆးမ​ေရာင္​းခ်ရန္​ အသိ​ေပးမႈမ်ား ျပဳလုပ္​ထားသည္​။

မႏၲ​ေလးတိုင္​း​ေဒသႀကီး စိုက္​ပ်ိဳး​ေရးဦးစီဌာနမွ တားျမစ္​ပိတ္​ပင္​ထားသည္​့ပိုးသတ္​​ေဆးအမွတ္​တံဆိပ္​မ်ား ျဖန႔္​ျဖဴးေရာင္းခ်ေနသည္​့  ပိုးသတ္​​ေဆးဆိုင္​မ်ားအား စစ္ေဆးေတြ႕႐ွိပါက  ပထမအႀကိမ္​တြင္​​ ထပ္​မံ​ေရာင္​းခ်ျခင္​း မျပဳလုပ္​ရန္​​ ခံဝန္​ကတိလက္​မွတ္​​ေရးထုိးေစ​ျခင္​း ျပဳလုပ္​​ေသာ္​လည္​း ဒုတိအႀကိမ္​​ ေရာင္းခ်ေနသည္ကို ထပ္​မံ​ေတြ႕႐ွိပါက ဥပေဒေၾကာင္းအရ တရားစြဲအေရးယူေဆာင္ရြက္သြားမည္ ျဖစ္သည္​။ 

"​ ေတာင္​သူ အမ်ားစုဟာဆိုရင္​ ပိုးသတ္​​ေဆးမ်ားနဲ႔ အလုပ္​ လုပ္​ကိုင္​​ေနၾကတာ မ်ားပါတယ္​၊ ပိုးသတ္​​ေဆးကုိ စိုက္​ပ်ိဳး​ေရး ဦးစီးဌာနက​ေန စီစစ္​ၿပီးမွပဲ ​ေရာင္​းခ်ရပါတယ္​။ ခြင္​့ျပဳထားတာ မဟုတ္တ့ဲေဆးကုိ ​ေရာင္​းခ်ရင္​​ေတာ့ ဥပ​ေဒအရ တရားစြဲဆိုသြားပါမယ္​ " ဟု ေဒၚ​ေကသီ​ေဝက ​ေျပာသည္​။

လက္ရွိတြင္ ခြင္​့ျပဳထားျခင္​း မရွိသည္​့ ပိုးသတ္​​ေဆးမ်ားကုိ ​ေရာင္​းခ်ျခင္​းမျပဳရန္​ သိပညာ​ေပး လုပ္​ငန္​းမ်ား လုပ္​​ေဆာင္​သည္​့အျပင္၊ ပိုး​သတ္​​ေဆး​ ေရာင္​းခ်သည္​့ဆိုင္​မ်ားကုိ စုိက္​ပ်ိဳး​ေရးဦးစီးဌာနမွ တစ္​လလွ်င္​ သုံးႀကိမ္​ခန္႔ လိုက္​လံစစ္​​ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္​း သိရွိရသည္​။

" တားျမစ္​တဲ့​ေဆး​ေတြက ျမန္​မာလို အၫြန္​းလဲမပါဘူး။ ​ေနာက္​တစ္​ခုက စံခ်ိန္​မျပည္​မွီတာ​ေတြ ရွိတယ္​။ ဒီလို​​ေဆး​ေတြက် ​ေတာင္သူ​ေတြကုိ ထိခိုက္​​ေစတယ္​ " ဟု ​ေတာင္​သူ ဦးစံဝင္​းက ​ဆိုသည္​။ 

လက္ရွိ မႏၱ​ေလးတိုင္​း​ေဒသႀကီးတြင္​ တားျမစ္​ထားသည္​့ ပိုးသတ္​​ေဆး အမယ္ေပါင္း ၄၁ မ်ိဳးခန္႔ ႐ွိ​ၿပီး မႏၱ​ေလး တိုင္​းအတြင္​းရိွ စိုက္ပ်ိဳးေရးပစၥည္း အေရာင္းဆိုင္​မ်ားကုိ ယခုဘတ္​ဂ်က္​ႏွစ္​အတြင္​း လိုက္​လံစစ္​​ေဆးရာတြင္​ တားျမစ္​ထားသည္​့ ပိုးသတ္​​ေဆး​ေရာင္​းခ်သည္​့ ဆိုင္​အား မေတြ႕ရွိရေၾကာင္​း သိရွိရသည္​။ 

 

Unicode

မန္တလေး၊ ဒီဇင်ဘာ ၂၁


မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်များတွင် တားမြစ်ပိတ်ပင်ထားသောပိုး သတ်ဆေးများကို ရောင်းချနေကြောင်း စစ်ဆေးတွေကရှိပါက တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သီးနှံကာကွယ်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီဝေက ပြောဆိုလိုက် သည်။


လက်ရှိ မန္တလေးတိုင်း ဒေသကြီးအတွင်း၌ ပိုးသတ်ဆေးရောင်းချသည့် ဆိုင်ပေါင်း ရ၉၀ ရှိပြီး ၊ ၎င်းဆိုင်များတွင်တားမြစ်ထားသော မြန်မာစာအညွန်းမပါသည့် ပိုးသတ်ဆေးမရောင်းချရန် အသိပေးမှုများ ပြုလုပ်ထားသည်။


မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီဌာနမှ တားမြစ်ပိတ်ပင်ထားသည့်ပိုးသတ် ဆေးအမှတ်တံဆိပ်များ ဖြန့်ဖြူးရောင်းချနေသည့် ပိုးသတ်ဆေးဆိုင်များအား စစ်ဆေးတွေ့ရှိပါက ပထမအကြိမ်တွင် ထပ်မံရောင်းချခြင်း မပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ရေးထိုးစေခြင်း ပြုလုပ်သော်လည်း ဒုတိအကြိမ် ရောင်းချနေသည်ကို ထပ်မံတွေ့ရှိပါက ဥပဒေကြောင်းအရ တရားစွဲအရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။


" တောင်သူ အများစုဟာဆိုရင် ပိုးသတ်ဆေးများနဲ့ အလုပ် လုပ်ကိုင်နေကြတာ များပါတယ်၊ ပိုးသတ်ဆေးကို စိုက်ပျိုးရေး ဦးစီးဌာနကနေ စီစစ်ပြီးမှပဲ ရောင်းချရပါတယ်။ ခွင့်ပြုထားတာ မဟုတ်တဲ့ဆေးကို ရောင်းချရင်တော့ ဥပဒေအရ တရားစွဲဆိုသွားပါမယ် " ဟု ဒေါ်ကေသီဝေက ပြောသည်။


လက်ရှိတွင် ခွင့်ပြုထားခြင်း မရှိသည့် ပိုးသတ်ဆေးများကို ရောင်းချခြင်းမပြုရန် သိပညာပေး လုပ်ငန်းများ လုပ်ဆောင်သည့်အပြင်၊ ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များကို စိုက်ပျိုးရေးဦးစီးဌာနမှ တစ်လလျှင် သုံးကြိမ်ခန့် လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။


" တားမြစ်တဲ့ဆေးတွေက မြန်မာလို အညွန်းလဲမပါဘူး။ နောက်တစ်ခုက စံချိန်မပြည်မှီတာတွေ ရှိတယ်။ ဒီလိုဆေးတွေကျ တောင်သူတွေကို ထိခိုက်စေတယ် " ဟု တောင်သူ ဦးစံဝင်းက ဆိုသည်။


လက်ရှိ မန္တလေးတိုင်းဒေသကြီးတွင် တားမြစ်ထားသည့် ပိုးသတ်ဆေး အမယ်ပေါင်း ၄၁ မျိုးခန့် ရှိပြီး မန္တလေး တိုင်းအတွင်းရှိ စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်များကို ယခုဘတ်ဂျက်နှစ်အတွင်း လိုက်လံစစ်ဆေးရာတွင် တားမြစ်ထားသည့် ပိုးသတ်ဆေးရောင်းချသည့် ဆိုင်အား မတွေ့ရှိရကြောင်း သိရှိရသည်။

Leave a comment