Wednesday, July 17, 2019

သနပ္ခါးအသီးမွ ႏွလံုးအားတိုးေဆး ထုတ္လုပ္ရန္ ေဆာင္ရြက္လ်က္ရွိသည္။ ဓာတ္ပံု- ဇင္မို႔မို႔ေအး(AMIA)

ဒီဇင္ဘာ   ၂၂

သနပ္ခါး ထုတ္ကုန္အရည္အေသြး တိုးတက္ေရး လုပ္ငန္းမ်ားအတြက္ ျမန္မာ့သနပ္ခါး စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ ေရာင္းခ်သူမ်ား အသင္းႏွင့္ HELVETAS Myanmar တို႔ပူးေပါင္း ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ျမန္မာ့သနပ္ခါး ေစ်းကြက္ ဖြံ႕ၿဖိဳးလာေစရန္ ျပည္ပေစ်းကြက္ တင္ပို႔ႏုိင္ရန္၊ ဇီ၀ထုတ္ကုန္အျဖစ္ ေရြးခ်ယ္ျခင္း၊ သနပ္ခါး ကုမၸဏီမ်ားအား စကာၤပူကုန္စည္ျပပြဲတြင္ ေလ့လာေစျခင္း၊ အဂၤလန္ရွိ ကုမၸဏီမ်ားႏွင့္ ခ်ိတ္ဆက္ ေပးျခင္း၊ ေျမဆီလႊာ ထိန္းသိမ္းနည္းမ်ား ပို႔ခ်ျခင္း၊ သနပ္ခါးပြဲေတာ္မ်ားကို ရန္ကုန္ႏွင့္ မႏၱေလးၿမိဳ႕မ်ား တြင္  က်င္းပႏုိင္ေရး ကူညီေပးျခင္း၊ သနပ္ခါး မ်ိဳးရုိးဗီဇႏွင့္ ရုိးရာပညာမ်ား ထိန္းသိမ္းေစာင့္ေရွာက္ျခင္း စသည့္ လုပ္ငန္းမ်ားကို ဆက္လက္ပူးေပါင္း ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

“ သနပ္ခါး အရည္အေသြးအပါအ၀င္ လိုအပ္တာေတြကို ၿမိဳ႕နယ္ ငါးၿမိဳ႕နယ္ကို ကြင္းဆင္းေလ့လာဖို႔ ရွိတယ္။ သနပ္ခါး ထုတ္လုပ္မႈ နည္းစဥ္ေတြ ေရးဆြဲႏုိင္ဖို႔၊ ျပည္ပကို တင္ပို႔ႏုိင္ဖို႔နဲ႔ ထုတ္လုပ္မႈ ကြင္းဆက္တစ္ေလွ်ာက္ မွာ တိုးတက္လာဖို႔ ဒါေတြကို အသင္းကေန ဆက္လက္ေဆာင္ရြက္သြားမယ္” ဟု သနပ္ခါးအသင္း ဥကၠဌ ဦး ေက်ာ္မိုးက ေျပာသည္။

HELVETAS Myanmar မွ သနပ္ခါးက႑ ဖြံ႔ၿဖိဳးလာေရးအတြက္ ၂၀၁၉ ခုႏွစ္၏ ရန္ပံုေငြအျဖစ္ အေမရိ ကန္ ေဒၚလာ ငါးေသာင္းခန္႔ လ်ားထားသည့္အျပင္ အသင္း၏ လုပ္ငန္းမ်ား ေအာင္ျမင္ေစရန္ ဆက္လက္ အ ေကာင္အထည္ ကူညီသြားမည္ျဖစ္ေၾကင္း၊ အသင္းႏွင့္ HELVETAS Myanmar မွတို႔အၾကား ပူးေပါင္းေဆာင္ ရြက္မႈက႑မ်ားကို နားလည္မႈစာခြ်န္လႊာ ေရးထိုးႏုိင္သည္အထိ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

HELVETAS Myanmar ၏ ေဒသတြင္း ဇီ၀ထုတ္ကုန္မ်ား ကုန္သြယ္မႈ စီမံကိန္းမ်ားကို ဆြစ္ဇာလန္ႏိုင္ငံ အစိုးရ၊ စီးပြာေးရးဌာန၏ လွဴဒါန္းမႈျဖင့္ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားျဖစ္ေသာ ဗီယက္နမ္၊ ျမန္မာႏွင့္ လာအို သံုးႏုိင္ငံတို႔ တြင္ အေကာင္အထည္ ေဖာ္ေဆာင္ရြက္လွ်က္ရွိၿပီး ဇီ၀ထုတ္ကုန္ ကုန္သြယ္မႈအေျခခခံ ခုႏွစ္ခ်က္ျဖင့္ ေဆာင္ ရြက္ေနကာ ထိုစီမံကိန္းကာလမွာ ၂၀၁၆ ခုႏွစ္မွ ၂၀၂၀ ခုႏွစ္အထိျဖစ္ၿပီး သနပ္ခါးဇီ၀ ထုတ္ကုန္မ်ား ျဖစ္ႏုိင္ေခ် ေလ့လာျခင္း၊ ပို႔ကုန္ေစ်းကြက္ ဆန္းစစ္အတည္ျပဳျခင္း စသည္တို႔ပါ၀င္ေၾကာင္း သိရသည္။

အဆိုပါအသင္းကို သနပ္ခါး အမ်ားဆံုးထုတ္လုပ္သည့္ ရန္ကုန္တုိင္းေဒသႀကီး၊ မႏၱေလးတုိင္းေဒသႀကီး၊ စစ္ ကိုင္းတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္တို႔မွ ေတာင္သူမ်ား၊ သနပ္ခါး အလွကုန္ထုတ္လုပ္ေသာ လုပ္ငန္းရွင္မ်ား ႏွင့္ စုေပါင္း၍ ဖြဲ႕စည္းထားၿပီး ဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ားတြင္ သနပ္ခါးအသီးမွ  ႏွလံုးအားတိုးေဆး ထုတ္လုပ္ရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

 

Unicode

ဒီဇင်ဘာ ၂၂


သနပ်ခါး ထုတ်ကုန်အရည်အသွေး တိုးတက်ရေး လုပ်ငန်းများအတွက် မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းနှင့် HELVETAS Myanmar တို့ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။


မြန်မာ့သနပ်ခါး စျေးကွက် ဖွံ့ဖြိုးလာစေရန် ပြည်ပစျေးကွက် တင်ပို့နိုင်ရန်၊ ဇီဝထုတ်ကုန်အဖြစ် ရွေးချယ်ခြင်း၊ သနပ်ခါး ကုမ္ပဏီများအား စကာင်္ပူကုန်စည်ပြပွဲတွင် လေ့လာစေခြင်း၊ အင်္ဂလန်ရှိ ကုမ္ပဏီများနှင့် ချိတ်ဆက် ပေးခြင်း၊ မြေဆီလွှာ ထိန်းသိမ်းနည်းများ ပို့ချခြင်း၊ သနပ်ခါးပွဲတော်များကို ရန်ကုန်နှင့် မန္တလေးမြို့များ တွင် ကျင်းပနိုင်ရေး ကူညီပေးခြင်း၊ သနပ်ခါး မျိုးရိုးဗီဇနှင့် ရိုးရာပညာများ ထိန်းသိမ်းစောင့်ရှောက်ခြင်း စသည့် လုပ်ငန်းများကို ဆက်လက်ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


“ သနပ်ခါး အရည်အသွေးအပါအဝင် လိုအပ်တာတွေကို မြို့နယ် ငါးမြို့နယ်ကို ကွင်းဆင်းလေ့လာဖို့ ရှိတယ်။ သနပ်ခါး ထုတ်လုပ်မှု နည်းစဉ်တွေ ရေးဆွဲနိုင်ဖို့၊ ပြည်ပကို တင်ပို့နိုင်ဖို့နဲ့ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် မှာ တိုးတက်လာဖို့ ဒါတွေကို အသင်းကနေ ဆက်လက်ဆောင်ရွက်သွားမယ်” ဟု သနပ်ခါးအသင်း ဥက္ကဌ ဦး ကျော်မိုးက ပြောသည်။


HELVETAS Myanmar မှ သနပ်ခါးကဏ္ဍ ဖွံ့ဖြိုးလာရေးအတွက် ၂၀၁၉ ခုနှစ်၏ ရန်ပုံငွေအဖြစ် အမေရိ ကန် ဒေါ်လာ ငါးသောင်းခန့် လျားထားသည့်အပြင် အသင်း၏ လုပ်ငန်းများ အောင်မြင်စေရန် ဆက်လက် အ ကောင်အထည် ကူညီသွားမည်ဖြစ်ကြေင်း၊ အသင်းနှင့် HELVETAS Myanmar မှတို့အကြား ပူးပေါင်းဆောင် ရွက်မှုကဏ္ဍများကို နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


HELVETAS Myanmar ၏ ဒေသတွင်း ဇီဝထုတ်ကုန်များ ကုန်သွယ်မှု စီမံကိန်းများကို ဆွစ်ဇာလန်နိုင်ငံ အစိုးရ၊ စီးပွာေးရးဌာန၏ လှူဒါန်းမှုဖြင့် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ဗီယက်နမ်၊ မြန်မာနှင့် လာအို သုံးနိုင်ငံတို့ တွင် အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိပြီး ဇီဝထုတ်ကုန် ကုန်သွယ်မှုအခြေခခံ ခုနှစ်ချက်ဖြင့် ဆောင် ရွက်နေကာ ထိုစီမံကိန်းကာလမှာ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိဖြစ်ပြီး သနပ်ခါးဇီဝ ထုတ်ကုန်များ ဖြစ်နိုင်ချေ လေ့လာခြင်း၊ ပို့ကုန်စျေးကွက် ဆန်းစစ်အတည်ပြုခြင်း စသည်တို့ပါ၀င်ကြောင်း သိရသည်။


အဆိုပါအသင်းကို သနပ်ခါး အများဆုံးထုတ်လုပ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ် ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ တောင်သူများ၊ သနပ်ခါး အလှကုန်ထုတ်လုပ်သော လုပ်ငန်းရှင်များ နှင့် စုပေါင်း၍ ဖွဲ့စည်းထားပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သနပ်ခါးအသီးမှ နှလုံးအားတိုးဆေး ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a comment