Tuesday, November 19, 2019

လက္ရွိတြင္ ငေျမႇာင္ေတာင္ပုိးမ်ား က်ေရာက္ေနမႈအား ေတာင္သူမ်ားႏွင့္ စိုက္ပ်ိဳးေရးဦးစီးဌာနတို႔မွ ပူးေပါင္းႏွမ္နင္းလွ်က္ ရွိသည္။ ဓာတ္ပံု- ၀တ္ရည္မြန္(AMIA)

ဒီဇင္ဘာ   ၂၄

မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္ ဒါးကြၽန္းေက်းရြာရွိ စိုက္ပ်ိဳးထားေသာ ေျပာင္းခင္းမ်ားတြင္ ငေျမႇာင္ ေတာင္ပုိးမ်ား က်ေရာက္ေနမႈအား စိုက္ပ်ိဳးေရးဦးစီးဌာနမွ ကြင္းဆင္းႏွိမ္နင္းေပးလ်က္ရွိေၾကာင္း ေတာင္သူမ်ား ထံမွ သတင္းရရွိသည္။

ျမင္းၿခံၿမိဳ႕နယ္ ေဒါင္းသစ္ေက်းရြာအုပ္စု ဒါးကြၽန္းေက်းရြာေတာင္သူ အခ်ိဳ႕တြင္ ကြင္းအမွတ္(၂၇၂)ရွိ အေစ႔ထုတ္ ေျပာင္းစုိက္ခင္း၌ ငေျမႇာင္ေတာင္ပုိးမ်ား က်ေရာက္ေနေသာေၾကာင့္ ဒီဇင္ဘာလ ၁၈ ရက္ စတင္၍ ျမင္းၿခံခ႐ုိင္ စုိက္ပ်ဳိးေရးဦးစီးဌာန ခ႐ိုင္ဦးစီးမွဴး ဦးေဆာင္သည့္ ဝန္ထမ္းမ်ားက ငေျမႇာင္ေတာင္ပုိး ႏွိမ္နင္းျခင္းလုပ္ငန္းမ်ား ကို စုေပါင္းကြင္းဆင္း ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း ေတာင္သူ ဦးသန္းခိုင္က ေျပာသည္။

ဒီငေျမွာင္ေတာင္ ပ္ုးက ေျပာင္းခင္းမွာပဲ အက်မ်ားတယ္ ကူးစက္မႈ မရွိေအာင္လည္း ေဆာင္ရြက္ေနတယ္ ဒါကို စိုက္ပ်ိဳးေရး ဦးစီးဌာနက ကူညီေျဖရွင္းေပးေနတယ္ဟု ၎က ေျပာသည္။

ျမင္းၿခံခ႐ိုင္ စုိက္ပ်ဳိးေရးဦးစီးဌာန၏  ႀကီးၾကပ္မႈျဖင့္ ၿမိဳ႕နယ္အတြင္း အေစ့ထုတ္ေျပာင္းစိုက္ခင္း စုစုေပါင္း ဧက ၁၂,ဝဝဝ စုိက္ပ်ဳိးထားၿပီး အဆုိပါ စုိက္ပ်ဳိးထားရွိသည့္ စုိက္ဧက ၁၂,ဝဝဝ အနက္ ျမင္းၿခံၿမိဳ႕နယ္ ေဒါင္းသစ္ေက်း ရြာအုပ္စု၌ စုိက္ပ်ဳိးထားရွိသည့္ အေစ႔ထုတ္ေျပာင္း စုိက္ခင္းဧက ၄၃၇ ဧကတြင္ ၆၃ ဧကခန္႔မွာ ငေျမႇာင္ေတာင္ ပုိး က်ေရာက္ေနသည္ကုိ စိစစ္ေတြ႕ရွိေၾကာင္း ေတာင္သူမ်ားက ဆိုသည္။

ယခုေတြ႕ရွိေသာ ငေျမႇာင္ေတာင္ပုိးမွာ မ်ဳိးစိတ္ Spodoptera Frugiptera ျဖစ္ၿပီး ယခင္ က်ေရာက္ေလ့ရွိသည့္ ငေျမႇာင္ေတာင္ပုိး မ်ဳိးစိတ္မ်ားထက္ ဖ်က္ဆီးမႈ၊ ျပန္႔ပြားမႈ လ်င္ျမန္ေၾကာင္း သိရသည္။

ငေျမႇာင္ေတာင္ပုိး က်ေရာက္ေနေသာ စုိက္ခင္းကုိ ပုိးသတ္ေဆးဖ်န္းျခင္း လုပ္ငန္းအား ျမင္းၿခံခ႐ုိင္ စုိက္ပ်ဳိးေရး ဦးစီးဌာနမွ ဦးေဆာင္၍ ခ႐ုိင္/ ၿမိဳ႕နယ္ စုိက္ပ်ဳိးေရး ဝန္ထမ္းမ်ား၊ မႏၲေလးတုိင္းေဒသႀကီး သီးႏွံကာကြယ္ေရး တာဝန္ခံႏွင့္ တုိင္းေဒသႀကီးအတြင္းရွိ မႏၲေလး၊ ရမည္းသင္း၊ မိတၳီလာ၊ ေညာင္ဦးခ႐ုိင္တုိ႔မွ သီးႏွံကာကြယ္ေရး တာဝန္ခံမ်ားက စုေပါင္းေဆာင္ရြက္ေပးလ်က္ ရွိသည္။

 

Unicode

ဒီဇင်ဘာ ၂၄


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ဒါးကျွန်းကျေးရွာရှိ စိုက်ပျိုးထားသော ပြောင်းခင်းများတွင် ငမြှောင် တောင်ပိုးများ ကျရောက်နေမှုအား စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းနှိမ်နင်းပေးလျက်ရှိကြောင်း တောင်သူများ ထံမှ သတင်းရရှိသည်။


မြင်းခြံမြို့နယ် ဒေါင်းသစ်ကျေးရွာအုပ်စု ဒါးကျွန်းကျေးရွာတောင်သူ အချို့တွင် ကွင်းအမှတ်(၂၇၂)ရှိ အစေ့ထုတ် ပြောင်းစိုက်ခင်း၌ ငမြှောင်တောင်ပိုးများ ကျရောက်နေသောကြောင့် ဒီဇင်ဘာလ ၁၈ ရက် စတင်၍ မြင်းခြံခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆောင်သည့် ဝန်ထမ်းများက ငမြှောင်တောင်ပိုး နှိမ်နင်းခြင်းလုပ်ငန်းများ ကို စုပေါင်းကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း တောင်သူ ဦးသန်းခိုင်က ပြောသည်။


ဒီငမြှောင်တောင် ပ်ုးက ပြောင်းခင်းမှာပဲ အကျများတယ် ကူးစက်မှု မရှိအောင်လည်း ဆောင်ရွက်နေတယ် ဒါကို စိုက်ပျိုးရေး ဦးစီးဌာနက ကူညီဖြေရှင်းပေးနေတယ်ဟု ၎င်းက ပြောသည်။


မြင်းခြံခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း အစေ့ထုတ်ပြောင်းစိုက်ခင်း စုစုပေါင်း ဧက ၁၂,ဝဝဝ စိုက်ပျိုးထားပြီး အဆိုပါ စိုက်ပျိုးထားရှိသည့် စိုက်ဧက ၁၂,ဝဝဝ အနက် မြင်းခြံမြို့နယ် ဒေါင်းသစ်ကျေး ရွာအုပ်စု၌ စိုက်ပျိုးထားရှိသည့် အစေ့ထုတ်ပြောင်း စိုက်ခင်းဧက ၄၃၇ ဧကတွင် ၆၃ ဧကခန့်မှာ ငမြှောင်တောင် ပိုး ကျရောက်နေသည်ကို စိစစ်တွေ့ရှိကြောင်း တောင်သူများက ဆိုသည်။


ယခုတွေ့ရှိသော ငမြှောင်တောင်ပိုးမှာ မျိုးစိတ် Spodoptera Frugiptera ဖြစ်ပြီး ယခင် ကျရောက်လေ့ရှိသည့် ငမြှောင်တောင်ပိုး မျိုးစိတ်များထက် ဖျက်ဆီးမှု၊ ပြန့်ပွားမှု လျင်မြန်ကြောင်း သိရသည်။


ငမြှောင်တောင်ပိုး ကျရောက်နေသော စိုက်ခင်းကို ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းအား မြင်းခြံခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်/ မြို့နယ် စိုက်ပျိုးရေး ဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီး သီးနှံကာကွယ်ရေး တာဝန်ခံနှင့် တိုင်းဒေသကြီးအတွင်းရှိ မန္တလေး၊ ရမည်းသင်း၊ မိတ္ထီလာ၊ ညောင်ဦးခရိုင်တို့မှ သီးနှံကာကွယ်ရေး တာဝန်ခံများက စုပေါင်းဆောင်ရွက်ပေးလျက် ရှိသည်။

Leave a comment