Thursday, September 19, 2019

မိုႀကိဳသီးႏွံေခ်းေငြကုိ ဇန္န၀ါရီလမွ မတ္လကုန္အထိ ထုတ္ေခ်းေပးသြားမည္ျဖစ္သည္။ ဓာတ္ပံု- မွိဳင္းေ၀(AMIA)

မႏၱေလး၊   ဇန္န၀ါရီ   ၁၁

ျမန္​မာ့လယ္​ယာ ဖြံ႕ၿဖဳိး​ေရးဘဏ္​ခြဲမွ ယခုႏွစ္​မိုးႀကိဳသီးႏွံ စုိက္​ပ်ဳိးမည္​့ ေတာင္​သူမ်ားအတြက္​​မိုးႀကိဳစုိက္​ပ်ဳိးစရိတ္​​ေခ်း​ေငြ က်ပ္​သန္​​း​ေပါင္​း ၅,၀၆၀ ကို ထုတ္​​ေခ်း​ေပးသြားမည္​ျဖစ္​​ေၾကာင္​း ျမန္​မာ့လယ္​ယာ ဖြံ႕ၿဖဳိး​ေရးဘဏ္​ခြဲ (မႏၲ​ေလး) မွ တိုင္​း​ေဒသႀကီးမန္​​ေနဂ်ာ ဦးစုက ေျပာသည္​။

လက္ရွိတြင္ မႏၱေလးတိုင္း ေဒသႀကီးအတြင္းရွိ ပုသိမ္​ႀကီး၊ မတၱရာ၊ စဥ္​့ကူး၊ သပိတ္​က်င္​း၊ ​ေက်ာက္​ဆည္​၊ ျမစ္​သား၊ ဝမ္​းတြင္​း၊ ​ေတာင္​သာ​ႏွင္​့ ​​ေညာင္​ဦး စသည္​့ၿမိဳ႕နယ္မ်ားကို မိုးႀကိဳသီးႏွံ စိုက္​ပ်ိဳးစရိတ္​ ထုတ္​​ေခ်း​သြားမည္ ျဖစ္​​ေၾကာင္​း သိရသည္​။ 

​အဆိုပါ ၉ ၿမိဳ႕နယ္မွ စပါးသီးႏွံအတြက္ ဧကေပါင္း ၂၈,၀၀၀ ခန္႔၊ ခ်က္​ႀကံဧကေပါင္း  ၈,၆၀၀ ခန္႔ ၊ စုစု​ေပါင္​းဧက ၃၆,၆၀၀ ခန္႔အတြက္ ထုတ္ေခ်းေပးရမည္ျဖစ္​ေၾကာင္​း သိရသည္​။ 

"​  ေတာင္​သူ​ေတြ စိုက္​ပ်ိဳးစရိတ္​ အဆင္​​ေျပ​ေစဖို႔ ​ေခ်း​ေငြ​ကုိလည္​း ႏိုင္​ငံ​ေတာ္​က​ေန ​ေဆာင္​းသီးႏွံ က​ေနစၿပီး တိုးျမႇင္​့​ေခ်း​ေပး​ေနတာပါ။ အခုမိုးႀကိဳ ​စုိက္​ပ်ိဳးစရိတ္​​ေခ်း​ေငြ ရရွိ​ေတာ့ ဧက​ေတြထပ္​ၿပီး တိုးခ်ဲလို႔ရလာမယ္​ " ဟု မန္​​ေနဂ်ာ ဦးစုက​ ေျပာသည္​။ 

အဆိုပါ မိုးႀကိဳသီးႏွံ စုိက္​စရိတ္​​ေခ်း​ေငြကုိ ​ေတာင္​သူမ်ားအား ယခု ဇန္န၀ါရီလမွ စတင္ကာ မတ္​လကုန္အထိ ထုတ္​​ေခ်း​ေပးသြားမည္​ျဖစ္ေၾကာင္​း သိရသည္​။ 

လက္ရွိ ထုတ္ေခ်းေပးမည့္ မိုးႀကိဳသီးႏွံ စုိက္​ပ်ဳိးစရိတ္​​ေခ်း​ေငြတြင္ စပါးတစ္​ ဧကလွ်င္​ ၁၅၀,၀၀၀ ႏႈန္းက်ပ္​ႏွင္​့ ခ်က္​ႀကံသီးႏွံမ်ားအတြက္​ တစ္​ဧကလွ်င္​ ၁၀၀,၀၀၀ က်ပ္ႏႈန္းျဖင့္ ထုတ္ေခ်းေပးသြားမည္ျဖစ္​​ေၾကာင္​း သိရသည္။ 

 

Unicode

မန္တလေး၊ ဇန်နဝါရီ ၁၁


မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယခုနှစ်မိုးကြိုသီးနှံ စိုက်ပျိုးမည့် တောင်သူများအတွက် မိုးကြိုစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း ၅,၀၆၀ ကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး) မှ တိုင်းဒေသကြီးမန်နေဂျာ ဦးစုက ပြောသည်။


လက်ရှိတွင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ပုသိမ်ကြီး၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ကျောက်ဆည်၊ မြစ်သား၊ ဝမ်းတွင်း၊ တောင်သာနှင့် ညောင်ဦး စသည့်မြို့နယ်များကို မိုးကြိုသီးနှံ စိုက်ပျိုးစရိတ် ထုတ်ချေးသွားမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ ၉ မြို့နယ်မှ စပါးသီးနှံအတွက် ဧကပေါင်း ၂၈,၀၀၀ ခန့်၊ ချက်ကြံဧကပေါင်း ၈,၆၀၀ ခန့် ၊ စုစုပေါင်းဧက ၃၆,၆၀၀ ခန့်အတွက် ထုတ်ချေးပေးရမည်ဖြစ်ကြောင်း သိရသည်။


" တောင်သူတွေ စိုက်ပျိုးစရိတ် အဆင်ပြေစေဖို့ ချေးငွေကိုလည်း နိုင်ငံတော်ကနေ ဆောင်းသီးနှံ ကနေစပြီး တိုးမြှင့်ချေးပေးနေတာပါ။ အခုမိုးကြို စိုက်ပျိုးစရိတ်ချေးငွေ ရရှိတော့ ဧကတွေထပ်ပြီး တိုးချဲလို့ရလာမယ် " ဟု မန်နေဂျာ ဦးစုက ပြောသည်။


အဆိုပါ မိုးကြိုသီးနှံ စိုက်စရိတ်ချေးငွေကို တောင်သူများအား ယခု ဇန်နဝါရီလမှ စတင်ကာ မတ်လကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိ ထုတ်ချေးပေးမည့် မိုးကြိုသီးနှံ စိုက်ပျိုးစရိတ်ချေးငွေတွင် စပါးတစ် ဧကလျှင် ၁၅၀,၀၀၀ နှုန်းကျပ်နှင့် ချက်ကြံသီးနှံများအတွက် တစ်ဧကလျှင် ၁၀၀,၀၀၀ ကျပ်နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

Leave a comment